ဆူဒန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ တိုက်ပွဲတွေ ပိုပြီးဖြစ်လာနေတာကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေဟာ သူတို့ရဲ့လုပ်ငန်းစဉ်တွေကို တချို့နေရာတွေမှာ ယာယီရပ်ဆိုင်းလိုက်ရပါတယ်။
တောင်တရုတ်ပင်လယ်ထဲမှာ ရေနယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဖိလစ်ပိုင်နဲ့ တရုတ် ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။
၂၀၁၄ ဂါဇာစစ်ပွဲအထိမ်းအမှတ်အဖြစ် ဟာမတ်စ်တို့ ဆောက်ထားတဲ့ တင့်ကားပုံရုပ်တုကို အစ္စရေးစစ်တပ်က ဖယ်ရှားဖျက်ဆီးလိုက်တဲ့ ဗွီဒီယိုဖိုင်ကို အစ္စရေးလ်စစ်တပ်က ဒီဇင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပေါ် စစ်တပ်ရဲ့ တုံပြန်မှုအတွင်း စစ်ရာဇဝတ်ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးသင့်တယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ယာယီ အပစ်အခတ် ရပ်စဲရေးလုပ်ခဲ့တယ်လို့ ကြေညာထားပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ ပဋိပက္ခတွေမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ လက်နက်ကိုင်အဖွဲ့အားလုံကိုတောင်းဆိုကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ထပ်မံ ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ တိုးမြှင့်ပေးပို့ရေး လွယ်ကူချောမွေ့စေဖို့ ကြိုးပမ်းတဲ့ ဆုံးဖြတ်ချက်တရပ်အပေါ် အမေရိကန် ပြည်ထောင်စုရဲ့ ထောက်ခံချက်ရနိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ဖို့ ဗုဒ္ဓဟူးနေ့မှာ စီစဥ်ထားပေမယ့် ရွှေ့ဆိုင်းလိုက်ရပါတယ်။
လာမယ့် ဇန်နဝါရီ ၇ ရက်မှာကျင်းပမယ့် ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲကို အတိုက်အခံဘက်က ကန့်ကွက်ဆန့်ကျင်မှုတွေကြားမှာပဲ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ သူ့ရဲ့အာဏာရ အဝါမီလိဂ် ပါတီ မဲဆွယ်စည်းရုံပွဲတွေကို ဗုဒ္ဓဟူးနေ့က တရားဝင် စတင်လိုက်ပါတယ်။
စီးပွားကျဆင်းမှုတွေနဲ့ မနှစ်က ရင်ဆိုင်ခဲ့ရပြီး ဒေဝါလီခံထားရတဲ့ သီရိလင်္ကာနိုင်ငံအတွက် ဒေါ်လာ သန်း ၂၅၀ ထောက်ပံ့ပေးလိုက်တယ်လို့ ကမ္ဘာ့ဘဏ်က ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဂါဇာမှာ နောက်ထပ် ယာယီအပစ်ရပ်ရေးနဲ့ ဓားစာခံတွေလွှတ်ပေးရေး သဘောတူညီချက်ရနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထွက်ပေါ်နေချိန်မှာဘဲ ဟာမတ်စ်ခေါင်းဆောင်ဟာ ဒီကနေ့ပဲ အီဂျစ်နိုင်ငံကို ရောက်လာပါတယ်။
ထိုင်းနိုင်ငံ တောင်ဘက်အစွန်း ထိုင်းပင်လယ်ကွေ့ကနေ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်ပြီး ရထားလမ်းနဲ့ မိုင် ၅၀ ကျော်ရှည်တဲ့ ကုန်တွင်းပိုင်းတံတား ဖြတ်ဖေါက်ရေး ရင်းနှီးမြှုပ်နှံကြဖို့ ထိုင်းနိုင်ငံက ဆော်ဩနေပါတယ်။
Donald Trump ကို ရွေးကောက်ပွဲ ပြန်ဝင်ခွင့်ပေးဖို့ အရည်အချင်းပြည့်မီသူအဖြစ် သတ်မှတ်မလား မသတ်မှတ်ဘူးလား တခြားပြည်နယ်တွေမှာလည်း အငြင်းပွားမှုတွေ ရှိနေပြီး ကော်လိုရာဒိုပြည်နယ်တရားရုံးချုပ်ကတော့ ပထမဆုံး ဆုံးဖြတ်လိုက်တာပါ။
ဆူမာတ်တြားကျွန်း မြောက်ဘက်အစွန်ဆုံး ဆာဘန်မြို့ကို ဒီဇင်ဘာ ၂ ရက်နေ့မှာ ရိုဟင်ဂျာဒုက္ခသည် ၁၃၉ ယောက် လှေစီးရောက်လာပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေက ခိုလှုံခွင့်ပေးခဲ့ပေမယ့် အဲဒီမှာ ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေ ကြုံနေရပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့နိုင်အောင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အကြိတ်အနယ်ညှိနှိုင်းနေချိန်မှာပဲ အစ္စရေးတပ်ဖွဲ့ဝင်တွေက အင်္ဂါနေ့မှာပဲ ဂါဇာဒေသထဲကို အပြင်းအထန် ဆက်လက် ပစ်ခတ်တိုက်ခိုက်နေပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမတ်တြားကျွန်းမကြီးရဲ့ အနောက်မြောက်ဘက်စွန်း အာချေးပြည်နယ်ထဲက Weh ဆိုတဲ့ ကျွန်း လေးပေါ်က ဆာဘန် (Sabang) မြို့လေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁၃၉ ဦး သောင်တင်နေတာ သီတင်းနှစ်ပတ်ကျော်လာချိန်မှာပဲ သူတို့ရဲ့ အခြေအနေကလည်း ပိုဆိုးလို့လာနေပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထောက်ခံပြီး သက်ဆိုင်ရာအစုအဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးမှုတွေဖြစ်လာအောင် တရုတ်နိုင်ငံအနေနဲ့ ကူညီထောက်ပံ့ပေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက မနေ့ အင်္ဂါနေ့က ပြောပါတယ်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း တောင်တန်းဒေသတွေမှာ တနင်္လာနေ့ညက လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် လူ အနည်းဆုံး ၁၁၈ ယောက်သေဆုံးတဲ့အကြောင်း တရုတ်အစိုးရပိုင် သတင်းဌာနက ထုတ်လွှင့်ပါတယ်။
တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံကြားမှာရှိတဲ့ ပူးတွဲလုံခြုံရေးနယ်မြေအတွင်းမှာ မြောက်ကိုရီးယား တပ်သားတွေ လက်နက်ကိုင်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပြီးတဲ့ နောက်၊ တောင်ကိုရီးယား ဘက်ကလည်း သူ့ရဲ့ တပ်သားတွေကို လက်နက်ကိုင်ဆောင်ခွင့်ပြုခဲ့တယ်လို့ ကုလသမဂ္ဂကွပ်ကဲမှု အဖွဲ့က ဒီနေ့ပဲ ပြောပါတယ်။
ဂါဇာကမ်းမြောင်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Khan Younis မှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ ဟာမတ်စ် စစ်သွေးကြွတွေကြား ဒီကနေ့ အင်္ဂါနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မြန်မာနိုင်ငံမှာ ညှင်းပမ်းနှိပ်စက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်မြောက်ပိုင်းက ဝေးလံခေါင်သီတဲ့ အာချေးပြည်နယ်က ကျွန်းတကျွန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ထဲက ရေကြောင်းကနေရောက် ဖြတ်ကျော် ရောက်ရှိနေတာပါ။
ရန်ကုန်ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ဒေါ်လာတွေကို လက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုခဲ့တဲ့ အမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အထူးအယူခံတင်တာကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အရင်အမှုတွေလိုပဲ လက်မခံပဲ ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်