‘၂၀၂၄ မြန်မာနိုင်ငံလူသားချင်းစာနာမှုအကူအညီလိုအပ်ချက်နဲ့ တုံ့ပြန်မှုအစီအစဉ်’ ဆိုတဲ့ အစီရင်ခံစာကို ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုကူညီရေးလက်တွဲဘက်အဖွဲ့တွေက အခု ဒီဇင်ဘာ ၁၈ ရက်နေ့ ထုတ်ပြန်လိုက်ပြီး အာဏာသိမ်းပြီးသုံးနှစ်အကြာမှာ လူသားစာနာမှုအခြေအနေဟာ မျှော်လင့်ချက်မဲ့ စိတ်ပျက်စရာအခြေအနေကို ထောက်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ယူကရိန်းအကူအညီသစ်ကို ဒီနှစ်အတွင်း အတည်ပြုပြဌာန်းပေးဖို့ အမေရိကန်လွှတ်တော်မှာ အချိန်သိပ်မရတော့တာကြောင့် ဒီမိုကရက်အစိုးရကတင်တဲ့ ဒီဥပဒေကြမ်းအတွက် အပြန်အလှန်အားဖြင့် ရီပတ်ဘလီကန်မဲဆန္ဒရှင်တွေအတွက် နယ်စပ်လုံခြုံရေးအသုံးစရိတ်ချထားရေး အထက်လွှတ်တော်အမတ်တွေက ညှိနှိုင်းနေကြပါတယ်။
အစ္စရေးအနေနဲ့ လူဦးရေထူထပ်တဲ့ဂါဇာဒေသမှာ အရပ်သားထိခိုက်မှုတွေကို လျှော့ချဖို့အရေးကြီးသလို အမေရိကန်အနေနဲ့က အစ္စရေးရဲ့ ဟာမတ်စ်ကိုနှိမ်နင်းစစ်ဆင်မှုတွေအပေါ် ထောက်ခံတယ်ဆိုတဲ့ ပိုင်းဖြတ်ချက်ကလည်း မတိမ်းမစောင်းရှိနေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် နိုင်ငံကိုယ်စားပြုမှုအရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂစိစစ်ရွေးချယ်ရေးကော်မတီက ထပ်မံဆိုင်းငံလိုက်တဲ့အတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိနေမှာဖြစ်ပါတယ်။
အာရှတိုက်အတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ အထွက်နည်းနဲ့ စွမ်းအင်တွေအသုံးချပြီး ကာဘွန်ဓာတ်ငွေ့ ကင်းစင်တဲ့ဒေသဖြစ်လာအောင် ဂျပန်နိုင်ငံက ဦးဆောင်သွားမယ်လို့ ဝန်ကြီးချုပ် Fumio Kishida က ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ပြောပါတယ်။
မြန်မာမှာ လတ်တလောဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိ့က္ခတွေကြောင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်ထဲကို ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည် ၆,၀၀၀ လောက်ရှိပြီး လူသားချင်းစာနာတဲ့အနေနဲ့ သူတို့အတွက် နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာ ကူညီပေးသွားမယ့်အကြောင်း မဏိပူပြည်နယ် ဝန်ကြီးချုပ် N Biren Singh က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး မတည်ငြိမ်မှုတွေနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေနဲ့ ကူညီဖို့ အသင့်ရှိသင့်တယ်လို့ ဖိလစ်ပိုင် သမ္မတ Ferdinand Marcos, Jr. က ပြောပါတယ်။
အမေရိကန်နဲ့ ကမ္ဘောဒီးယားက တာဝန်ရှိသူတွေဟာ မြန်မာ့အရေးဖြေရှင်းရာမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိရေးနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အကြပ်အတည်းတွေအတွက် အဖြေရှာနိုင်မယ့် နည်းလမ်းတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။
ဂါဇာမှာဖြစ်နေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေးနဲ့ ပဋိပက္ခတွေကို လျော့ပါးသွားစေရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin အစ္စရေးနိုင်ငံကို ဒီကနေ့ ရောက်ရှိနေပါတယ်။
မြောက်ကိုရီးယားဟာ တနင်္ဂနွေနေ့က အမျိုးအမည်မသိ ပဲ့ထိန်းဒုံးတစင်းပစ်လွှတ်ခဲ့တယ်လို့ ဂျပန်ကမ်းရိုးတန်းစောင့်နဲ့ တောင်ကိုရီးယားစစ်တပ်က ပြောတာနဲ့ တချိန်တည်း အမေရိကန်ဦးဆောင်တဲ့ စစ်ရေးအင်အားပြမှုတွေဟာ နျူကလီယားစစ်ပွဲရဲ့ ရှေ့ပြေးအခင်းအကျင်းတရပ်ဖြစ်တယ်ဆိုပြီး မြောက်ကိုရီးယားဘက်က ဝေဖန်ရှုတ်ချခဲ့ပါတယ်။
ဗြိတိန်ထုတ် Sunday Times မှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron နဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock တို့ ပူးတွဲဆောင်းပါးရေးသားရာမှာ ဂါဇာမှာ ရေရှည်တည်တံ့မယ့် အပစ်အခတ်ရပ်စဲရေးတရပ်လုပ်ဖို့ တိုက်တွန်းထားပါတယ်။
ဂျပန်နဲ့ မလေးရှားနှစ်နိုင်ငံအကြားပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာအကူအညီပေးရေး သဘောတူညီချက်ကို စနေနေ့ကလက်မှတ်ရေးထိုးခဲ့ပြီး၊ ဂျပန်ကနေကနဦးအကူအညီအဖြစ် ယန်း သန်း ၄၀၀၊ အမေရိကန်ဒေါ်လာ ၂.၈ သန်း တန်ဖိုးရှိတဲ့အထောက်အကူပြုပစ္စည်းတွေပေးအပ်ဖို့လည်းပါဝင်ပါတယ်။
ရေမင်နိုင်ငံ ဟူသီ Houthi သူပုန်တွေထိန်းချုပ်ထားတဲ့နေရာထဲကနေ ပစ်ခတ်ခဲ့တဲ့ ဒါဇင်နဲ့ချီတဲ့ဒရုန်းတွေကို ပင်လယ်နီထဲမှာ ရှိတဲ့အမေရိကန် ဖျက်သင်္ဘောကနေ ပစ်ချနိုင်ခဲ့တယ်လို့ အမေရိကန်စစ်ဘက်တာဝန်ရှိသူတွေကစနေနေ့တုန်းက ထုတ်ပြန်ပါတယ်။
ဟားမတ်စ်အဖွဲ့က ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုတွေဟာ စနေနေ့တုန်းက အစ္စရေး တယ်လယ်ဗီးမြို့တော်မှာ ဆန္ဒပြခဲ့ကြပြီး ဓါးစာခံတွေ လွတ်မြောက်ဖို့အတွက် အစ္စရေးအစိုးရအနေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့တောင်းဆိုကြပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းအတွက် ဒေါ်လာ ၅၄ ဘီလီယံ ထောက်ပံ့ပေးမယ့် အစီအစဉ်ကို ဥရောပသမဂ္ဂခေါင်းဆောင်တွေအကြား သဘောတူညီချက်မရဘဲ ပျက်ပြယ်သွားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ မြန်မာစစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ဆုံဆွေးနွေးပြီး ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ပေမယ့် ဒီဒေသမှာ ပစ်ခတ် တိုက်ခိုက်မှုတွေ ဒီကနေ့အထိ ရှိနေဆဲပါ။
ဂါဇာမှာဖြစ်နေတဲ့ စစ်ပွဲတွေဟာ ထောက်လှမ်းရေးသတင်း အချက်အလက် အပြည့်အစုံနဲ့ ဟာမတ်စ်ခေါင်းဆောင်တွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ပွဲအသွင်သစ်ကို ပြောင်းလဲသွားလိမ့်မယ်လို့ အစ္စရေးနိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
စစ်တပ် အာဏာသိမ်းပြီးသုံးနှစ်နီးပါးအကြာ အရပ်သားတွေ နေရပ်နှင့်အိုးအိမ်စွန့်ခွာထွက်ပြေးရတာ၊ စီးပွားရေးကျဆင်းတာ၊ အခက်အခဲတွေ ကြုံတွေ့နေရတဲ့ကျန်းမာရေးစနစ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း အမြောက်အများဆုံးရှုံးရတာ စတဲ့ ပဋိပက္ခတွေ မကြုံစဖူး မြင့်တက်လာနေတာကို UNICEF အဖွဲ့က ထောက်ပြထားပါတယ်။
ရခိုင်မြောက်ပိုင်း ပေါက်တောမြို့နယ်အနီးမှာ AA ရခိုင်တပ်တော်နဲ့ မြန်မာစစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တွေအခြေစိုက် စစ်ကောင်စီတပ်ရင်းဘက်ကနေ ပေါက်တောမြို့ဘက်ကို လက်နက်ကြီးတွေပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အသုံးစရိတ် အမေရိကန်ဒေါ်လာ ၈၈၆ ဘီလီယံတန်ဖိုး အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ကို အမေရိကန်အောက်လွှတ်တော်အမတ်တွေက ထောက်ခံမဲ ၃၁၀ ကန့်ကွက်မဲ ၁၁၈ မဲနဲ့ အတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် နှစ်စဉ် NDAA ဥပဒေကြမ်းအတည်ဖြစ်ဖို့ သမ္မတ လက်မှတ်ထိုးဖို့ပဲ ကျန်ပါတော့တယ်။
နောက်ထပ်ကြည့်ရှုရန်