အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ဟာ အစ္စရေးရောက်ရှိနေပြီး ဂါဇာကမ်းမြောင်မှာရှိတဲ့ ဟာမတ်စစ်သွေးကြွတွေကို နှိမ်နင်းဖို့ အစ္စရေးတပ်အနေနဲ့ လအတန်ကြာအချိန်ယူရလိမ့်မယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ပြောခဲ့ပါတယ်။
ဟာမတ်စ်စစ်သွေးကြွအဖွဲ့ကို အမြစ်ပြတ်အောင်တိုက်နေတဲ့ အစ္စရေးတို့ရဲ့ စစ်ဆင်ရေးနောက်အဆင့်နဲ့ ပါလက်စတိုင်းအရပ်သားတွေ မထိခိုက်အောင်ကာကွယ်ရေးကိစ္စတွေ ဆွေးနွေးဖို့ လုံခြုံရေးဆိုင်ရာ အိမ်ဖြူတော်အကြံပေး Jake Sullivan အစ္စရေးကို သွားရောက်နေပါတယ်။
သူတို့ရဲ့ရည်မှန်းချက်ပြည့်မှ ငြိမ်းချမ်းရေးရမယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကပြောကြားလိုက်ပါတယ်။ ယူကရိန်းကို ရုရှားတို့ ကျူးကျော်စစ် ဝင်တိုက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးပြန်လုပ်တဲ့ နှစ်ချုပ်သတင်းစာရှင်းပွဲမှာ သမ္မတပူတင်က ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
ကမ္ဘာတဝန်းမှာ ၂၀၂၃ ခုနှစ်အတွင်း သတင်း အလုပ်လုပ်ရင်း အသတ်ခံရတဲ့ သတင်းထောက်အရေအတွက်ဟာ ဒီဇင်ဘာ ၁ ရက်နေ့အထိ ၄၅ ယောက် ရှိတယ်လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ RSF ကပြောကြားလိုက်ပါတယ်။ ၂၀၀၂ ခုနှစ်ထဲကဆိုရင် အနည်းဆုံးအရေအတွက်ကို ကျဆင်းသွားတာဖြစ်တယ်လို့ RSF ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က “အဓမ္မရွှေ့ပြောင်းခံရမှုနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာတွေအပေါ် တုံ့ပြန်နိုင်ဖို့နဲ့ ဒုက္ခသည်တွေကိုလက်ခံထားတဲ့ အိမ်ရှင်နိုင်ငံတွေအတွက် မျှဝေတာဝန်ယူကြဖို့ လိုအပ်တဲ့ အခြခံတွေကို နိုင်ငံတွေအနေနဲ့ ပြန်ကတိပြုနိုင်ဖို့ အခွင့်အလမ်း” လို့ ပြောပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့သား ဟန်တာဘိုင်ဒန်ဟာ ဝင်ငွေဒေါ်လာသန်းချီရတဲ့ ပြည်ပစီးပွားရေးနဲ့ပတ်သက်ပြီး တံခါးပိတ်ကြားနာဖို့ ဆင့်ခေါ်တဲ့ ကွန်ဂရက်အောက်လွှတ်တော်ရဲ့အမိန့်ကိုဖီဆန်ခဲ့ပြီး Capitol အဆောက်အအုံမှာ သတင်းစာရှင်းလင်းခဲ့ပြီး အများပြည်သူရှေ့မှောက်မှာ ကြားနာဖို့အသင့်ရှိကြောင်း တုံ့ပြန်ပါတယ်။
ယူကရိန်းက အကြီးဆုံးမိုဘိုင်းကွန်ရက် ဝန်ဆောင်မှုပေးနေတဲ့ ကိဗ်စတား (Kyivstar) ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုအတွက် ရုရှားက အွန်လိုင်း ဆိုက်ဘာဖောက်ထွင်းတဲ့ ဟက်ကာအဖွဲ့တဖွဲ့ကတာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။
ဟားမတ်စ်အဖွဲ့အတွက် ရန်ပုံငွေထောက်ပံ့ပေးနေသူတွေကို အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက စတုတ္ထအကြိမ်မြောက် ပိတ်ဆို့အရေးယူမှုတွေကို ဗုဒ္ဓဟူးနေ့က ချမှတ်လိုက်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေနဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံမှာ စာနာမှုအကူအညီအဖြစ် ဗြိတိန်နိုင်ငံက စတာလင်ပေါင် ၄ သန်းခွဲ (ဒေါ်လာ ၅.၆ သန်းကျော်) သုံးစွဲမဲ့ အကြောင်း ကြေညာလိုက်ပါတယ်။
စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက် သွားမယ်လို့ ရှမ်းမြောက် ညီနောင်မဟာမိတ်အဖွဲ့က မနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့က တယ်လီဂရမ် လူမှုကွန်ယက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
မလေးရှားရောက် ရိုဟင်ဂျာတွေထဲက အသက် ၁၃ နှစ်အပါအဝင် ငယ်ရွယ်သူ မိန်းကလေး ၁ ဒါဇင်ကို မေးမြန်းရာမှာ အိမ်ထောင်ဖက် ရိုဟင်ဂျာ အမျိုးသားတွေက အတင်းအဓမ္မပြုကျင့်တာ၊ အနိုင်ကျင့်တာခံကျရသလို မိခင်အရွယ်မတိုင်ခင်မှာ အတင်းအကျပ် ကလေးယူခိုင်းတာတွေ ရှိတယ်လို့ ပြောပါတယ်။
ဂါဇာမြောက်ပိုင်း ဟာမတ်စ် စစ်သွေးကြွအဖွဲ့ကို ချေမှုန်းတဲ့ စစ်ဆင်ရေးအတွင်း တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့မှာ ကြေညာထားပါတယ်။ ဒါ့အပြင် ဂါဇာမှာရှိတဲ့ ပစ်မှတ် ၂၅၀ ကျော်ကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ရုရှားနိုင်ငံက ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည် ၁၀ စင်းလုံးကို နိုင်ငံရဲ့ လေကြောင်းရန် ကာကွယ်ရေးအဖွဲ့က ပစ်ချခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။ ပစ်ချခံရတဲ့ ဒုံးကျည်တွေရဲ့ အပျက်အစီးတွေ ပြုတ်ကျခဲ့တဲ့အတွက် ကလေးဆေးရုံနဲ့ မြို့ရဲ့ ရေပေးဝေရေးစနစ် ပျက်စီးခဲ့တယ်လို့ Kyiv မြို့တော်ဝန် က ပြောပါတယ်။
ရုရှားကျူးကျော်စစ်ကိုတွန်းလှန်နေတဲ့ ယူကရိန်းရဲ့လွတ်မြောက်ရေးတိုက်ပွဲဟာ ဥရောပအပါအဝင် အနောက်နိုင်ငံအားလုံးအတွက် လွတ်မြောက်ရေးတိုက်ပွဲဖြစ်ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က အမေရိကန်သမ္မတ Joe Biden နဲ့ ဒီနေ့ သမ္မတအိမ်ဖြူတော်မှာကျင်းပတဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
နိုဝင်ဘာလကတည်းက လှေတွေနဲ့ရောက်လာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁,၅၀၀ ကျော်အတွက် အကူအညီပေးကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို အင်ဒိုနီးရှားက အင်္ဂါနေ့က မေတ္တာရပ်ခံလိုက်ပါတယ်။ ထိုင်း
“မနက်ခင်း ၁၂ နာရီခွဲ ဝန်းကျင်တည်းကပေါ့နော် ကျွန်းလှမြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှု လုပ်တာပေါ့။ အဲ့ကတည်းကနေပြီးတော့မှ တပုတောရွာရဲ့ အရှေ့တောင်ဘက် အဲ့ဒီကို ဂျက်ဖိုက်တာနဲ့ တခါပစ်တာပေါ့လေ။ ဒီမနက်ပဲ ၈ နာရီ ၄၆ မှာ နောက်ထပ် တပုတောရွာရဲ့ အရှေ့ဘက်ကိုပဲ တခါ ထပ်ပစ်တာပေါ့။”(ဒေသခံ)
ဂါဇာမှာ လူသားချင်းစာနာထောက်ထားရေး အပစ်အခတ်ချက်ချင်းရပ်စဲဖို့ ထောက်ခံမဲ ၁၅၃ မဲ၊ ဆန့်ကျင်မဲ ၁၀ မဲနဲ့ မဲမပေးတဲ့ နိုင်ငံ ၂၃ နိုင်ငံနဲ့ ဆုံးဖြတ်ခဲ့ပြီး အင်္ဂါနေ့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အရေးပေါ်အစည်းအဝေးက တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်ကောင်စီရည်ညွှန်းပြောဆိုနေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၂၂ ခုနှစ် နိုင်ငံအလိုက်အကြမ်းဖက်မှုအခြေအနေအစီရင်ခံစာပါ အချက်အလက်တွေဟာ သီးခြားအစီရင်ခံတခုရဲ့ ပူးတွဲဖော်ပြချက်သာဖြစ်ပြီး၊ အမေရိကန်မူဝါဒထုတ်ပြန်ချက်ကို ကိုယ်စားမပြုပါဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူက တုန့်ပြန်လိုက်ပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ ဝါရှင်တန်မှာ တွေ့ဆုံရာမှာ ရုရှားကျုးကျော်မှုကို ခုခံနေတဲ့ ယူကရိန်းအတွက် အကူအညီရဖို့ တိုက်ရိုက်ပြောကြားခွင့် ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတာ၊ ကုန်သွယ်ရေးနဲ့ ထောက်ပို့စနစ်မှာ အဟန့်အတားတွေ ကြုံနေရတာ၊ ကျပ်ငွေမတည်မငြိမ်ဖြစ်နေတာနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် စီးပွားရေး တိုးတက်မှုနှုန်း အနည်းအကျဉ်းလောက်သာ ရှိနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်