တရုတ်-မြန်မာ နယ်ခြားတည်ငြိမ်ရေးနဲ့ လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းရေး မြန်မာနိုင်ငံအတွင်းက သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကြား ဆွေးနွေး ညှိနှိုင်းနိုင်အောင် ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီနေ့ ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်မူကြမ်းကို အချေအတင် ဆွေးနွေးဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီကနေ့ အရေးပေါ် စည်းဝေးပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။
အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ ကြိုးပမ်းမှု တခုအဖြစ် တရုတ်သမ္မတရှီကျင့်ပင်ဟာ ၆ နှစ်အတွင်း ၂ ရက်ကြာ ဗီယက်နမ် ခရီးစဉ်ကို ဒီကနေ့ စတင်ပါတယ်။
လက်ရှိအဆင့် ဟားမတ်စ် စစ်သွေးကြွတွေအပေါ် စစ်ဆင်ရေးက အချိန်ယူရပါလိမ့်မယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက တနင်္လာနေ့မှာ ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အာချေးက ဆာဘန်ကျွန်းကို လှေနဲ့ရောက်ရှိလာတဲ့ရိုဟင်ဂျာတွေကို ဒေသခံတွေက ပြန်နှင်ထုတ်ဖို့ ကြိုးစားနေကြတာကြောင့် အထိတ်တလန့်ဖြစ်ရပါတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာရုံး UNHCR က ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီးတယောက်၊ စစ်ကောင်စီအဖွဲ့ဝင် ၂ ယောက်၊ ဗိုလ်ချုပ်တယောက် နဲ့ ကုမ္ပဏီ ၂ ခုတို့ ကို ဥရောပသမဂ္ဂ အီးယူက ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့စွဲနဲ့ ထပ်မံ ပိတ်ဆို့ အရေးယူလိုက်ပါတယ်။
ကမ္ဘာတဝှမ်း အခြေအနေဆိုးထဲရောက်နေရတဲ့ လူသန်းပေါင်း ၁၈၀ ကို ကူညီဖို့ လာမယ့်နှစ်မှာ ဒေါ်လာ ၄၆.၄ ဘီလီယံ လိုအပ်တယ်လို့ ကုလသမဂ္ဂက တနင်္လာနေ့က ပြောလိုက်ပြီး၂၀၂၄ အတွက် ကမ္ဘာ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေက အတော့်ကို စိတ်ပျက်စရာကောင်းလှပါတယ်လို့လည်း ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း သက်တမ်း ၇၅ နှစ် ပြည့်ချိန်မှာပဲ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားက လူ့အခွင့်အရေး ဆုတ်ယုတ်မှု အခြေအနေတွေကို နိုင်ငံတကာ ခေါင်းဆောင်တွေ၊ ကုလသမဂ္ဂတာဝန်ရှိသူတွေ ထောက်ပြကြပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်းက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရှိခဲ့ကြောင်း တရုတ်အစိုးရက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
အစ္စရေးတပ်ဖွဲ့တွေနဲ့ဟာမတ်စ်တွေကြား ဂါဇာကမ်းမြှောင်တောင်ပိုင်းက Khan Younis မြို့တွင်းနဲ့ အနီးတဝိုက်မှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသလို၊ မြောက်ပိုင်း Gaza City မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
ခွင့်ပြုချက် လိုင်စင်မရှိဘဲ ဂါလံ ၅၀ ထက်ပိုပြီး စက်သုံးဆီတွေကို ပို့ဆောင်တာ၊ သိုလှောင်တာ၊ ရောင်းချတာတွေ တွေ့ရှိခဲ့ရင် ထောင်ဒဏ်၊ ငွေဒဏ် အပြစ်ပေး အရေးယူခံရမှာဖြစ်ကြောင်း သတိပေးခဲ့တာပါ။
ဓာတ်ဆီ၊ ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ကျောက်မီးသွေးတို့လို ရုပ်ကြွင်းလောင်စာရဲ့ အနာဂတ်အခန်းကဏ္ဍနဲ့ပတ်သက်လို့ ကုလသမဂ္ဂ ၂၈ ကြိမ်မြောက် ဥတုရာသီညီလာခံ COP 28 ရဲ့ ညှိနှိုင်းဆွေးနွေးသူတွေကြားမှာ အမြင်ကွာဟာချက်က တနင်္ဂနွေနေ့အထိ ကြီးမားနေဆဲဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ကနေ ထွက်ပြေးဖို့ကြိုးစားနေကြတဲ့ ပါလက်စတိုင်းအရပ်သားတွေကို တတ်နိုင်သမျှအကာအကွယ်ပေးသွားမယ်ဆိုတဲ့ပြောဆိုချက်အတိုင်း အစ္စရေးဘက်က မဆောင်ရွက်နိုင်ခဲ့ဘူးလို့ အမေရိကန်က တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။
မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တိုက်ပွဲတွေပြင်းထန်နေတဲ့ အရှေ့မြောက်ဒေသ အချက်အချာ လားရှိုးမြို့ကို သွားရောက်ပြီး စစ်တပ်မိသားစုတွေ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေကို တွေ့ဆုံ အားပေးစကားပြောခဲ့တယ်လို့ မြန်မာစစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ရုရှားက လာမယ့် သမ္မတရွေးကောက်ပွဲမှာ ယူကရိန်းထံက သိမ်းပိုက်ထားတဲ့ နယ်မြေတွေကိုပါ ထည့်သွင်းပြုလုပ်မယ့်အစီ စဉ်ကို ယူကရိန်းအစိုးရက စနေနေ့မှာ အပြင်းအထန် ကန့်ကွက်ရှုံချလိုက်ပါတယ်။ ဒီရွေးကောက်ပွဲကို ကြီးကြပ်ဖို့ နိုင်ငံတကာ လေ့လာသူတွေ စေလွှတ်မယ်ဆိုရင်လည်း ရာဇဝတ်မှုမြောက်လိမ့်မယ်လို့ ယူကရိန်းက ပြောပါတယ်။
လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချခဲ့ပြီး နောက်တရက်ဖြစ်တဲ့ စနေနေ့မှာ အစ္စရေးက ဂါဇာကို အပြင်းအထန်တိုက်ခိုက်ခဲ့ပါတယ်။ ဂါဇာတောင်ပိုင်း Khan Younis မြို့လယ်ခေါင်မှာ နေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ စနေနေ့မှာ အစ္စရေးက အမိန့်ပေးခဲ့ပါတယ်။
အီရန်နိုင်ငံမှာ အကျဉ်းကျနေတဲ့ Narges Mohammadi အတွက် ၂၀၂၃ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဒီဇင်ဘာ(၁၀)ရက်နေ့ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ပေးအပ်မှာဖြစ်ပြီး၊ မိခင်ကိုယ်စား ဆုယူမယ့် သားနဲ့သမီးဟာ သူ့တို့ရဲ့မိခင်ကို သေသည်အထိ ပြန်လည်တွေ့ဆုံခွင့်ရပါ့မလားလို့ စိုးရိမ်ကြောင်း စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပင်လယ်ပြင်ကိုဖြတ်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အများအပြား အင်ဒိုနီးရှားနိုင်ငံကို ရောက်လာနေပြီး ဒီ ဒုက္ခသည်တွေ ရောက်လာတဲ့ နောက်ကွယ်မှာ လူကုန်ကူးမှုတွေ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိတဲ့အကြောင်း အင်ဒီနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို က ပြောပါတယ်။
အရှေ့အလယ်ပိုင်း ဂါဇာဒေသအရေးကို အမေရိကန်သမ္မတ Joe Biden က အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu၊ ဂျော်ဒန်ဘုရင် Abdullah တို့နဲ့ တယ်လီဖုန်းပေါ်မှာ သီးခြားစီ ဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။
လုံခြုံရေးတွေ ထူထပ်စွာချထားတဲ့ Green Zone အတွင်းမှာရှိတဲ့ အမေရိကန်သံရုံးကို ပစ်ခတ်တဲ့ ဒီ ဒုံးကျည်တွေတချို့ သံရုံးဂိတ်ဝအနီးကို ကျသွားတာရှိသလို၊ တချို့လည်း အနီးနားက ရေမြောင်းထဲကို ကျသွားပြီး လူတွေ ထိခိုက် ဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်