မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ လူတွေကို မှောင်ခိုကူးပြီး Online ငွေလိမ်ဂိုဏ်းတွေမှာ အတင်းအလုပ်စေခိုင်းမှုမှာ ပါဝင်ပတ်သက်နေသူတွေနဲ့ လုပ်ငန်းတွေကို အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေပေါင်းပြီး ဒဏ်ခတ်အရေးယူလိုက်ပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ လူတွေကို လိမ်ညာကုန်ကူးနေတဲ့ ပြဿနာဟာ အရှေ့တောင်အာရှမှာတင် မဟုတ်တော့ဘဲ တကမ္ဘာလုံးမှာ ပျံ့နှံ့နေပြီလို့ ရာဇဝတ်မှုတိုက်ဖျက်ရေး နိုင်ငံတကာရဲတပ်ဖွဲ့ INTERPOL က ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ဒီဇင်ဘာ ၆ ရက်၊ ဗုဒ္ဓဟူးနေ့ကတွေ့ဆုံရာမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံထဲ စိန်ခေါ်မှုတွေရင်ဆိုင်နေရချိန် တရုတ်နိုင်ငံရဲ့ အကူအညီဆက်ရပြီး ပြည်တွင်းတည်ငြိမ်အေးချမ်းရေး ဖော်ဆောင်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့တာပါ။
တရုတ်သမ္မတ Xi Jinping နဲ့ ကြာသပတေးနေ့ ဘေဂျင်းမြို့မှာတွေ့ဆုံပြောဆိုခဲ့ပြီးနောက် EU နဲ့ တရုတ်နိုင်ငံကြား ဟန်ချက်ညီတဲ့ကုန်သွယ်မှုဆက်ဆံရေး ထားရှိသွားဖို့ သဘောတူခဲ့တယ်လို့ EU ဥရောပသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ Ursula Von der Leyen က ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသအရေး သံတမန် ကြိုးပမ်းမှုအဖြစ် အီရန်သမ္မတ Ebrahim Raisi ဟာ ရုရှားနိုင်ငံ မော်စကိုမြို့ကိုရောက်နေပြီး ကြာသပတေးနေ့က ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံပါတယ်။
ဂါဇာကမ်းမြောင်က အကြီးဆုံးမြို့ကြီးတွေမှာရှိတဲ့ ဟားမတ်စ်စစ်သွေးကြွတွေကို အစ္စရေးက ကြာသာပတေးနေ့ စစ်ဆင်မှုမှာ လူ ၃၅၀ သေဆုံးပြီး ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းအရပ်သားတွေဟာ စစ်ပွဲလွတ်ရာ ရှာဖွေနေကြပြီး အီဂျစ်နဲ့နယ်ချင်းစပ်နေတဲ့ တောင်ပိုင်း Rafah ကို ဂါဇာဒေသခံအတော်များများ စုံပြုံရောက်ရှိလာကြပါတယ်။
ဂါဇာကမ်းမြောင်ဒေသထဲက မြောက်ပိုင်းမှာရှိတဲ့ ဂါဇာမြို့နဲ့ တောင်ပိုင်းမှာရှိတဲ့ Khan Younis မြို့တွေမှာ အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်း ဟာမတ်စ်စစ်သွေးကြွအဖွဲ့ကြား တိုက်ပွဲတွေပြင်းထန်နေတာနဲ့အတူ ပါလက်စတိုင်းပြည်သူတွေ ဘေးလွတ်ရာ ထပ်ပြီး ပြေးနေကြရပါတယ်။
EU ဥရောပသမဂ္ဂနဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေး မမျှတမှုဖြစ်နေတဲ့ကိစ္စကနေ၊ ယူကရိန်းစစ်ပွဲနဲ့ အရှေ့အလယ်ပိုင်းဒေသ ပြဿနာတွေကို ၂ ဘက် ခေါင်းဆောင်တွေ ဘေဂျင်းမြို့တော်မှာ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
ယူကရိန်းနဲ့ အစ္စရေးနိုင်ငံတွေအတွက် ငွေကြေးအထောက်အပံ့အပါအဝင် ဒေါ်လာ ဘီလျံ ၁၁၀ သုံးစွဲမယ့် အမေရိကန်လုံခြုံရေး အသုံးစရိတ်မူကြမ်းကို အထက်လွှတ်တော်မှာ Republican အမတ်တွေက ပယ်ချလိုက်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုမှာ တာဝန်ရှိတယ်ဆိုတဲ့စွဲချက်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာစစ်အရာရှိခြောက်ဦးကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားနိုင်ငံက တရားရုံးတခုမှာ ရိုဟင်ဂျာအဖွဲ့တခုက ဒီဇင်ဘာ ၆ ရက်က တင်သွင်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အရှိန်ပြင်းပြင်းဖြစ်နေတဲ့ စစ်ရေးပဋိပက္ခကြောင့် အန္တရာယ်ကျ ကယ်တင်နိုင်ဖို့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ န်မှုတွေမှာ စစ်အာဏာရှင်တွေ အသုံးပြုနေတဲ့ လက်နက်စီးဆင်းမှုကို ရပ်တန့်ဖို လို ယ်က အဖွဲ့ဝင်နိုင်ငံတွေကို ဒီဇင်ဘာ (၆) ရက်၊ ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်ပါတယ်။
အစ္စရေး-ဟားမတ်စ် စစ်ပွဲက ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်လာကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီဇင်ဘာ ၆ ရက်က လုံခြုံရေးကောင်စီကိုပေးပို့တဲ့စာမှာ “ဂါဇာစစ်ပွဲက နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက် လက်ရှိခြိမ်းခြောက်မှုတွေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း” ရေးထားပါတယ်။
မြန်မာနိုင်ငံရဲ့စီးပွားမြို့တော် ရန်ကုန်မြို့အပါအဝင် မြို့ကြီးတချို့မှာ လောင်စာဆီပြတ်လပ်မှုဒဏ်ကို ဗုဒ္ဓဟူးနေ့မှာ ဆိုးဆိုးရွားရွား ဆက်ကြုံတွေ့နေကြောင်း ဗုဒ္ဓဟူးနေ့ မနက် ၅ နာရီ ထ ပြီး တန်းစီတာမှာ ဆီဆိုင်အရောက် ၃ နာရီကြာခဲ့တယ်လို့ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ နေထိုင်သူတဦးက ပြောပါတယ်။
“ပြန်ပို့တဲ့ လူ ၃၁,၀၀၀ ထဲမှာ အွန်လိုင်းငွေလိမ်ဂိုဏ်တွေရဲ့ ခေါင်းဆောင်တွေ မပါ ပါဘူး၊ စစ်ဆင်ရေးမစခင်မှာ မြန်မာစစ်တပ် ရဟတ်ယာဉ်က ဒီလူတွေကို ကယ်ထုတ်သွားခဲ့တယ်” လို့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝေက အေပီကို သတင်းကို ပြောပါတယ်။
"ရှေ့တန်းစခန်းရုံးနဲ့ ရဲစခန်းရုံးနားကို အကုန်ကျသွားတယ်။ ထိခိုက်မှုရှိလားဆိုတာတော့ အပြင်ထွက်ကြည့်မရတော့ မမြင်တွေ့ရဘူး၊ အဲဒီမှာက စစ်သားတွေ၊ နယ်ခြားစောင့်တွေ၊ လူတွေအများကြီးရှိတော့ ဘယ်သူမှ မထွက်ရဲဘူး။ ‘ဒုံး…ဒုံး’ လို့ အသံ ၂ ချက်ကြားပြီးတော့ လူတွေကလည်း ထပ် ပစ်မလားဆိုပြီး ထွက်ပြေးကြတာပေါ့။" (ဒေသခံ)
မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအမြန်ရရှိပြီး နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ဆက်လက်လုပ်ဆောင်ဖို့ တရုတ်နိုင်ငံက မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းအတွင်း ရန်ဖက်လက်နက်ကိုင် အဖွဲ့ကြား ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၄ ဦး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြပါတယ်။
မြန်မာနိုင်ငံအတွင်း ပဋိပက္ခ ဖြစ်ပွားနေတဲ့ နေရာတွေမှာ ပိတ်မိနေခဲ့တဲ့ ဗီယက်နမ် လူမျိုး ၃၀၀ ကျော်ကို နေရပ်ပြန်ပို့ခဲ့တယ်လို့ ဗီယက်နမ်အစိုးရရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းဌာနမှာ ဒီနေ့ပဲ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဘက်က ကျေးရွာတွေက လူငယ်တွေဆီကနေ ကျောက်ကပ်တွေ ဝယ်ပြီး နိုင်ငံတကာ လူနာတွေအတွက် ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသပေးနေတယ်ဆိုတဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာရှိတဲ့ ပုဂ္ဂလိကပိုင် ဆေးရုံကို စုံစမ်းစစ်ဆေးဖို့ အိန္ဒိယ ကျန်းမာရေး ဝန်ကြီးက အမိန့်ထုတ်လိုက်ပါတယ်။
၂၀၂၃ ခုနှစ်အတွက် အထူးခြားဆုံး ပုဂ္ဂိုလ် “2023 Person of the Year ” အဖြစ် ကမ္ဘာ့ဂီတစင်မြင့်မှာ အအောင်မြင်ဆုံးဖြစ်နေတဲ့ အမေရိကန် ပေါ့ပ်အဆိုတော် တေလာဆွိဖ် Taylor Swift ကို Time တိုင်းမ် မဂ္ဂဇင်းက ရွေးချယ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်