လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုးလာနေတဲ့အပေါ် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက ဒီကနေ့ပဲ သတိပေးလိုက်ပါတယ်။
ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ တအာင်းတပ်မတော် (TNLA) က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ကျောက်မဲမြို့နယ်က မိုင်းလုံတပ်စခန်းနဲ့ နမ့်ခမ်းမြို့နယ်က မိုင်းဝီးတပ်စခန်းတွေကို မနေ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေနဲ့ ဟာမတ်စ်စစ်သွေးကြွတွေဟာ ဒီနေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေသလို၊ ပါလက်စတိုင်း အရပ်သားတွေမှာလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရဖို့ ပိုမိုခက်ခဲလာပါတယ်။
မြန်မာနိုင်ငံကိုညွှန်းဆိုပြီး နိုင်ငံတကာ တရားမျှတမှုကိစ္စတွေဆောင်ရွက်ရာမှာ လိုတစ်မျိုး မလိုတမျိုး ကျင့်သုံးနေတဲ့ ပြဿနာကို ကိုင်တွယ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC ရဲ့ အဖွဲ့ဝင်နိုင်ငံတွေကို လူ့အခွင့်အရေးအဖွဲ့တဖွဲ့ က တနင်္လာနေ့က တိုက်တွန်းကြောင်း Anadolu Agency သတင်းက ဖော်ပြလိုက်ပါတယ်။
ဂါဇာတောင်ပိုင်းကအကြီးဆုံး ခန်ယူနိစ်မြို့ အဓိကနေရာတွေကို အင်္ဂါနေ့ကတပ်တွေ ဝင်ရောက်သွားပြီး အကြမ်းဖက်သမားတွေ သေတာ၊ သေနတ်နဲ့ချည်းပစ်ခတ်ရတာ၊ မြေပြင်နဲ့ ဝေဟင်ကနေပစ်အားသုံးရတာ စတဲ့ထောင့်တွေက ပြောတာဖြစ်ပါတယ်” လို့ အစ္စရေးတောင်ပိုင်း စစ်ဌာနချုပ်တပ်မှူး ဗိုလ်ချုပ် Yaron Finkelman က သတင်းထုတ်ပြန်ပါတယ်။
အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်းတွေကို တိုက်ခိုက်ကြတဲ့ အစ္စရေးအစွန်းရောက် အခြေချနေထိုင်သူတွေအပေါ် ဗီဇာပိတ်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့က ကြေညာလိုက်တာဟာ အမေရိကန်က အစ္စရေးအပေါ် ရှားရှားပါးပါး အရေးယူလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြေးကြရတဲ့ အရပ်သားဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ အရေးပေါ်တုံ့ပြန်ကူညီရေးဗဟိုအဖွဲ့ကနေ အမေရိကန်ဒေါ်လာ ၇ သန်း ကူညီသွားဖို့ ကုလ လူသားချင်းစာနာကူညီမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Martin Grififiths က ကြေညာလိုက်ပါတယ်။
ရုရှားကျုးကျော်မှုကို ခုခံနေတဲ့ ယူကရိန်းအတွက် ဆက်လက်ကူညီနိုင်အောင် အမေရိကန် ကွန်ဂရက်လွှတ်တော်က အသုံးစရိတ် အတည်ပြုပေးဖို့ အိမ်ဖြူတော်ကတိုက်တွန်းနေချိန်မှာပဲ ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ အမေရိကန် အထက်လွှတ်တော်မှာ ဒီကနေ့ စကားပြောဖို့ စီစဉ်ထားပါတယ်။
အစ္စရေးတပ်ဖွဲ့တွေက ဂါဇာတောင်ပိုင်းမှာရှိတဲ့ ဟာမတ်စ်စစ်သွေးကြွတွေကို ဒီနေ့မှာ ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် အရပ်သားတွေ ဘေးကင်းမှုမရှိတာကို စိုးရိမ်ကြောင်း နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းတွေက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံ နေရာအနှံ့ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေအကြား မြေစာပင်ဖြစ်ဖြစ်နေတဲ့ ပြည်သူတွေကို ကိုယ်ချင်းစာဖို့နဲ့ ပြသနာတွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောဆိုတာကို ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖေါ်ပြပါတယ်။
ခန့်မှန်းခြေ ရိုဟင်ဂျာ ၄၀၀ လောက် လိုက်ပါလာတယ်လို့ ယူဆထားတဲ့ စက်လှေ ၂ စင်း ကပ္ပလီပင်လယ်ပြင်မှာ စားနပ်ရိက္ခာ အလုံအလောက်မရှိပဲ မျောနေတာကို အချိန်မီမကယ်နိုင်ရင် သေကုန်လိမ့်မယ်လို့ ကုလသမဂ္ဂနဲ့ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေ သတိပေးနေပါတယ်။
ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက အထူးအယူခံတင်ထားတဲ့ လက်ကျန်အမှု ၇မှုကို ဒီကနေ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ကြားနာခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပါလက်စတိုင်း အရပ်သားတွေကို ထိခိုက်စေမယ့် ခိုင်မာတိကျတဲ့လုပ်ဆောင်ချက်တွေ လုပ်ဆောင်ပါမယ် ဆိုတဲ့ အစ္စရေးရဲ့အာမခံချက်ရရှိမှသာ သမ္မတဘိုင်ဒန်အစိုးရကို အစ္စရေးဆီပေးမယ့် အကူအညီချပေးမယ်လို့ အမေရိကန် အထက်လွှတ်တော် ဒီမိုကရက်အမတ်တွေက သတိပေးလိုက်ပါတယ်။
ပဲခူးတိုင်း မုန်းမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းအားလုံးကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ KNU ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ပါတယ်။
လူမျိုးသုဥ်း သတ်ဖြတ်မှုကာကွယ်ရေးနဲ့ အပြစ်ပေးရေး သဘောတူညီချက် ရေးထိုးခဲ့ကြတဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်မတိုင်မီ လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်နေတယ်လို့ အစ္စရေးနဲ့ ပါလက်စတိုင်းကိုယ်စားလှယ်တွေဟာ ကုလသမဂ္ဂမှာ တနင်္လာနေ့က အပြန်အလှန် စွပ်စွဲလိုက်ကြပြီး နိုင်ငံတကာက အရေးယူဖို့ တောင်းဆိုလိုက်ကြပါတယ်။
ဟာမတ်စ် စစ်သွေးကြွတွေကို အစ္စရေးတပ်ဖွဲ့တွေက ကုန်းကြောင်း၊ လေကြောင်း တိုက်ခိုက်နေချိန်မှာပဲ ဂါဇာဒေသက ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Khan Younis မြို့ခံတွေကို ဘေးလွတ်ရာကို ပြောင်းရွှေ့ကြဖို့ ဒီနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အချက်အခြာနေရာဖြစ်တဲ့ မူဆယ်မြို့နဲ့ ၃မိုင်ခန့်အကွာထိ နီးကပ်လာနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရပြီး၊ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲက အဂတိလိုက်စားမှု စွဲချက်နဲ့ ထောင်ချထားတဲ့အမှုအတွက် အထူးအယူခံကို ဒီကနေ့ နေပြည်တော်မှာ ကြားနာပါတယ်။
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေဒါ့ထက်ပိုများ ပြင်းထန်လာတဲ့အခါ ဒုက္ခသည်တွေကိုလက်ခံနိုင်အောင် နယ်စပ်တလျှောက်မှာ ခိုလှုံရာစခန်းတွေတည်ဆောက်ဖို့ အစိုးရ က အဆင်သင့်ရှိနေပါတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းက ရေးပါတယ်။
တရုတ်-အမေရိကန်ဆက်ဆံရေးကို ဖွင့်ပေးခဲ့တဲ့ နိုင်ငံခြားရေးရာဉာဏ်ကြီးရှင်တယောက်အဖြစ် ကမ္ဘ့ာနေရာအတော်များများမှာ မစ္စတာဟင်န်နရီကစ်ဆင်ဂျာကို သိကြမှာဖြစ်ပေမဲ့ အရှေ့တောင်အာရှမှာတော့ မရေမတွက်နိုင်တဲ့ လူတွေသေကြေပျက်စီးစေတဲ့ စစ်မဟာဗျူဟာရေးဆွဲသူအဖြစ် သိကြမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်