အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက်ဘက်ဆုံးပြည်နယ်ကို အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် ရိုဟင်ဂျာ ၁၀၀ ကျော် စနေနေ့ က ကမ်းကပ်လာခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောထားပြီး ဒေသခံတွေကတော့ သူတို့ကို ပင်လယ်ပြင်ဘက် ပြန်ထုတ်ဖို့ ခြိမ်းခြောက်နေကြပါတယ်။
ဂါဇာတောင်ပိုင်းက ပါလက်စတိုင်းတွေကို စွန့်ခွါနေရာပြောင်းကြဖို့ “ရွှေ့ပြောင်းလမ်းညွှန်ချက်အတိုင်း လိုက်နာတာဟာ ခင်ဗျားတို့ လုံခြုံရေး၊ ခင်ဗျားတို့ ဘဝ၊ ခင်ဗျားတို့ မိသားဘဝတွေအတွက် စိတ်အချရဆုံး နည်းလမ်း ဖြစ်ပါတယ်” လို့ အာရပ်ဘာသာစကားနဲ့ ဖေ့ဘွတ်ခ် နဲ့ X လူမှုစာမျက်နှာပေါ်မှာ အစ္စရေးက ကြေညာထားပါတယ်။
အမေရိကန်စစ်သင်္ဘောနဲ့ ကုန်တင်သင်္ဘောအမြောက်အများ ပင်လယ်နီမှာ တနင်္ဂနွေနေ့က အတိုက်ခိုက်ခံခဲ့ရတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
“၁၂ ဝန်းကျင်လောက်က ထင်တယ်။ ကလေးမလေး ထိသွားတာ၊ အမြောက်ကြီးကျတယ်ဟုတ်လား။ ဘုန်းကြီးကျောင်းနားမှာ။ ကိုယ်ရင်တပါးရယ်၊ အဲ့ဒီကလေးမလေး တယောက်ရယ် ထိသွားတယ်။ ဒဏ်ရာပြင်းထန်တယ်။” (ရွာခံ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ နိုဝင်ဘာလ ၃၀ ရက်နေ့ကစလို့ ဒီရက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေတာမှာ အရပ်သား ထိခိုက်သေကြေမှုနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ သိသိသာသာ တိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေပြန်ဖြစ်နေတဲ့ ဂါဇာဒေသမှာ လူတွေထွက်ပြေး စုပြုံရောက်ရှိနေတဲ့ တောင်ပိုင်းကို အစ္စရေးက စနေနေ့က ဗုံးကြဲ တိုက်ခိုက်တဲ့အတွက် ရာနဲ့ချီတဲ့ အရပ်သားတွေ ထပ်မံ သေဆုံးခဲ့ပါတယ်။ အမေရိကန်နဲ့ အခြား နိုင်ငံတွေကတော့ အရပ်သားတွေကို မထိခိုက်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ “အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ” လုပ်ဖို့ ဆော်သြနေတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ အာဏာရှင်တိုက်ဖျက်ရေး အားထုတ်ကြိုးပမ်းမှုတွေကို ထိခိုက် ပျက်ပြားအောင် လုပ်နေတာဖြစ်လို့ အဖွဲ့အစည်း ၆၀၀ ကျော်က အာဆီယံကို တောင်းဆိုလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းမှာ မိုးကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူ ၁၂ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက စနေနေ့မှာ ပြောပါတယ်။ သောကြာနေ့နှောင်းပိုင်းမှာ တောင်ကမ်းပါးပြိုကျလို့ ရွှံ့နွံတွေ၊ ကျောက်တုံးတွေနဲ့ သစ်ပင်တွေ တောင်စောင်းကျေးရွာတွေကတဆင့် အောက်ပိုင်းက မြစ်ထဲ အထိ ရောက်ခဲ့ကြောင်း
ကမ္ဘာကြီး ပူနွေးလာမှု ကာကွယ်ရေးလုပ်ငန်းစဉ်တခုအဖြစ် အမေရိကန်ပြည်ထောင်စုမှာ မီသိန်းဓာတ်ငွေ့ ထုတ်လှုပ်မှု လျော့ချရေးအတွက် အမေရိကန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေ လိုက်နာရမယ့်စည်းမျဉ်းတခုကို သမ္မတဘိုင်ဒင် အစိုးရက စနေနေ့တုန်းက ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်ဟာ သြစတြေးလျနဲ့ ဗြိတိန်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေနဲ့ သောကြာနေ့မှာ တွေ့ဆုံပြီး တရုတ်နိုင်ငံရဲ့ ကြီးထွားလာနေတဲ့စစ်ရေးအင်အားကို တန်ပြန်ဖို့ ရည်ရွယ်တဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေနဲ့ အခြားအဆင့်မြင့်နည်းပညာများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးကြပါတယ်။
အစ္စရေး နဲ့ ဟာမတ်စ်အဖွဲ့ကြား အပစ်အခတ်ရပ်စဲမှု သက်တမ်းကုန်ဆုံးတဲ့ သောကြာနေ့မှာပဲ ဟာမတ်စ်ထိန်းချုပ်တဲ့ ဂါဇာကမ်းမြောင်ကို အစ္စရေးက စစ်လေယာဥ်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးဘက်က ခုလို ပြန်လည် တိုက်ခိုက်တာမှာ ပါလက်စတိုင်း ၁၇၈ ဦး သေဆုံးပြီး ၅၈၉ ယောက် ဒဏ်ရာရ ခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
ဥတုရာသီပြောင်းလဲ ဖောက်ပြန်တဲ့ ဆိုးကျိုးဂယက်တွေကို ကမ္ဘာတဝန်း သူကိုယ်တိုင် မြင်တွေ့နေရတယ်လို့ UAE အာရပ်စော်ဘွားများပြည်ထောင်စု Dubai မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာညီလာခံ COP28 မှာ Charles ဘုရင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း လောက်ကိုင်ဒေသမှာ ပိတ်မိနေတဲ့ မလေးရှားနိင်ငံသား ၁၂၁ ယောက်ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်ကို ဒီနေ့ ပြန်ရောက်သွားပြီဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောတာကို ကိုးကားပြီး The Sun သတင်းမှာ ရေးသားပါတယ်။
မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတချို့မှာ ဓါတ်ဆီဈေးတွေ ဒီနေ့သောကြာနေ့မှာ ရုတ်တရက်တက်သွားပြီး တချို့ဆိုင်တွေမှာ ဝယ်လို့မရဖြစ်နေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်း ဟာမတ်စ် စစ်သွေးကြွအဖွဲ့ကြား ဒီနေ့ သောကြာနေ့မှာ အပြန်အလှန် ပြန်တိုက်နေကြပါတယ်။ အစ္စရေးဓါးစာခံတွေ ပြန်လည်လွတ်မြောက်လာရေးနဲ့ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးပို့နိုင်ရေးအတွက် ၇ ရက်ကြာယာယီ အပစ်အခတ်ရပ်ဆိုင်းထားခဲ့ပြီး ဒီနေ့ပြန်လည်တိုက်ခိုက်နေကြတာပါ။
ကမ္ဘာ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ ရာသီဥတုပြောင်းလဲမှုဆိုးကျိုးကို တိုက်ဖျက်နိုင်ဖို့ လိုအပ်တဲ့ရံငွေ ထည့်ဝင်ကူညီကြဖို့ ရာသီဥတုပြောင်းလဲမှု ထိန်းသိမ်းရေး COP28 ကုလသမဂ္ဂညီလာခံကို တက်ရောက်နေတဲ့ နိုင်ငံအားလုံးနီးပါးက ကြာသပတေးနေ့မှာ သဘောတူခဲ့ကြပါတယ်။ ဒီညီလာခံကို နိုင်ငံပေါင်း ၂၀၀ နီးပါး တက်ရောက်နေတာပါ။
အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို တတိယအကြိမ်အဖြစ် ထပ်တိုးလိုက်ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂျော်ဒန်မြစ် အနောက်ဘက်ခြမ်း West Bank ဒေသမြို့ဖြစ်တဲ့ Ramallah ကို သွားရောက်ပြီး ပါလက်စတိုင်း သမ္မတ Mahmoud Abbas နဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့ပါတယ်။
ဟားမတ်စ်တို့ဖမ်းထားတဲ့ဓါးစားခံတွေထဲ အစ္စရေးအမျိုးသမီးနှစ်ဦး ကြာသပတေးနေ့ နေ့လယ်ပိုင်းက ပြန်လွတ်လာပြီး နောက်ထပ်ဓါးစာခံတွေ ပြန်လွတ်လာဖို့ မျှော်လင့်ထားတယ်လို့ အစ္စရေးစစ်တပ်က ပြောလိုက်ပြီး နှစ်ဘက်အပစ်ရပ်ထားတဲ့ရက်အတွင်း ဟားမတ်စ်တို့က တရက်ကို အစ္စရေးနိုင်ငံသား ၁၀ ဦးထက်မနည်း ပြန်လွှတ်ပေးနေတာပါ။
ထိုင်းနယ်နိမိတ်ထဲ ဝင်ရောက်ခိုလှုံကြတဲ့ မြန်မာနိုင်ငံက စစ်ပြေးဒုက္ခသည်ထောင်နဲ့ချီကို ထိုင်းနိုင်ငံက မြန်မာဘက်ကို အတင်း ပြန်နှင်ထုတ်နေတဲ့အတွက် ဒုက္ခသည်တွေ အသက်ဘေးရင်ဆိုင်ရမယ့် အခြေအနေဖြစ်နေတယ်လို့ လူ့အခွင့်အရေးအခြေအနေတွေ မှတ်တမ်းတင်နေတဲ့ Human Rights Watch အဖွဲ့က ပြောကြားလိုက်ပါတယ်။
ပါလက်စတိုင်းစစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ ဓါးစာခံ ၁၀ ယောက်လွှတ်ပေးရင် ပါလက်စတိုင်းအကျဉ်းသား ၃၀ ကိုလွှတ်ပေးမှာဖြစ်သလို ၁ ရက်ထပ်ပြီး အပစ်အခတ်ရပ်ထားမယ်လို့ အစ္စရေးဘက်က သဘောတူခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်