နိုင်ငံတကာ သံတမန်ရေး ကိစ္စ အောင်မြင်မှုတွေအတွက် ချီးကျုးခံရသူ တဦးဖြစ်ပေမဲ့လည်း သူ့ရဲ့ ကမ္ဘာ့နိုင်ငံရေး တွက်ဆချက်တွေအပေါ် အငြင်းပွားမှုတွေ ဝေဖန်မှုတွေလည်း ခံခဲ့ရသူ ဖြစ်ပါတယ်။ သူ ဘာကြောင့် သေဆုံးတယ်ဆိုတာကိုတော့ သူတည်ထောင်ထားတဲ့ အကြံပေး ပညာရှင်အဖွဲ့က ကြေညာခြင်း မရှိပါဘူး။
“မနက် ၆ နာရီဝန်းကျင်က တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာက တလုံးချသွားတယ်ဗျ။ နေ့လယ် ၁ နာရီ ၃၀ ကတလုံး၊ ၁ နာရီ ၃၂ မိနစ် တလုံးပါဗျ၊ ညနေ ၃ နာရီ ၇ မိနစ်ကို တလုံးပါဗျ၊ ညနေ ၃ နာရီကို တလုံးပါဗျ။ ဂျက်ဖိုက်တာနဲ့က ၂ ကြိမ်ပါဗျ၊ မနက် ၆ နာရီဝန်းကျင်နဲ့ ညနေ ၃ နာရီကျော်မှာပစ်တာ၊ ကျန်တာက နမခ က တက်လာတဲ့ Mi 35 နဲ့ပါဗျ။”
အစ္စရေးနဲ့ ဟားမတ်စ်ကြား ယာယီအပစ်ရပ်ထားတဲ့ ဆဋ္ဌမနဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ဗုဒ္ဓဟူးနေ့မှာ ဟားမတ်စ်ဘက်က အစ္စရေး ဓားစာခံတွေကို ထပ်မံ လွှတ်ပေးခဲ့သလို အပစ်ရပ်စဲရေး သက်တမ်းတိုးဖို့နဲ့ အစ္စရေးထောင်တွေကပါလက်စတိုင်းအကျဥ်းသားတွေ ထပ်လွှတ်ရေး၊ ဟားမတ်စ်ဘက်ကလည်း ဖမ်းထားတဲ့ဓားစာခံတွေ ထပ်လွှတ်ရေး ထပ်ညှိနှိုင်းနေပါတယ်။
စစ်တပ်ဟာ အချင်းချင်းကြားယုံကြည်မှုပျောက်နေပြီး "သူ့ဘာသာကျရှုံးမယ့် ပြိုကျလုဆဲ အနေအထား"ဖြစ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအနေနဲ့ "ပြည်သူနဲ့ နိုင်ငံအဖွဲ့အစည်းတွေကို အကာအကွယ်မပေးတဲ့ "ပရိုဖက်ရှင်နယ် မပီသတဲ့ စစ်တပ်"ကို ပြုပြင်ပြောင်းလဲသွားမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
နိုဝင်ဘာ ၂၉ ရက်ကျင်းပတဲ့ လုံခြုံရေးကောင်စီမှာ တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် အချက် (၄) ချက်ကို တင်ပြခဲ့ပြီး အခုစစ်ပွဲက အစ္စရေးနဲ့အတူ ပါလက်စတိုင်းနိုင်ငံရပ်တည်နိုင်ရေး အရေးတကြီးလိုအပ်နေကြောင်း ပြနေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက လုံခြုံရေးကောင်စီကို ပြောပါတယ်။
လူရှစ်ဦးကိုတင်ဆောင်လာတဲ့ အမေရိကန် စစ်ဘက်လေယာဉ်တစင်း ဂျပန်တောင်ပိုင်းမှာ ဒီနေ့ပျက်ကျခဲ့တာကြောင့် အနည်းဆုံး လူတဦး သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့တွေကလည်း သမုဒ္ဒရာထဲမှာ လေယာဉ်အပျက်အစီးတွေနဲ့ လူတယောက်ကို တွေ့ခဲ့တယ်လို့ ပြောပါတယ်။
အစ္စရေးနဲ့ဟာမတ်စ်တို့ကြား ယာယီအပစ်အခတ်ရပ်စဲရေးဟာ ဒီနေ့ဆိုရင် ၆ ရက်မြောက်နေ့ကို ရောက်လာပြီ ဖြစ်သလို ဓားစာခံတွေနဲ့ အကျဉ်းသားတွေကို ထပ်မံလွှတ်ပေးဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။
မြန်မာစစ်ကောင်စီအပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ မကြာသေးခင်က တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ တရုတ်နိုင်ငံ ပတ်သက်မှု ရှိနေသလားဆိုပြီး မေးခွန်းထုတ်နေတဲ့အပေါ် တရုတ်အစိုးရက ဒီကနေ့ပဲ ပယ်ချလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်းက တောင်ပေါ် အဝေးပြေးလမ်းကလှိုင်ခေါင်းထဲမှာ မြေပြိုပြီး နှစ်ပတ်ကျော် ပိတ်မိနေခဲ့တဲ့ ဆောက်လုပ်ရေးလုပ်သား ၄၁ ယောက်ကို အင်္ဂါနေ့က အားလုံးကို ကယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
သမ္မတဟောင်းကာတာရဲ့ဇနီး ရိုဆလင်း ကာတာရဲ့စျာပနအခမ်းအနားကို အတ္တလန္တာမြို့မှာ အင်္ဂါနေ့ က ကျင်းပခဲ့ပြီး သက်ရှိထင်ရှားသမ္မတကတော်အားလုံး နဲ့ ယခင်သမ္မတ အသက် ၉၉ နှစ်အရွယ် ခင်ပွန်း ဂျင်မီကာတာအပါအဝင် သမ္မတသုံးယောက်တို့ တက်ရောက်ခဲ့ကြပါတယ်။
လွိုင်ကော်မြို့က Christ the King ကက်သိုလစ်ဘုရားကျောင်းကို စစ်ကောင်စီတပ်တွေက သိမ်းပိုက်ပြီးတဲ့နောက် ဘုန်းတော်ကြီး Celso Ba Shwe နဲ့ ဘုရားကျောင်းမှာ လာရောက်ခိုလှုံနေကြတဲ့ စစ်ရှောင်တွေ ထွက်ပြေးနေကြရတယ်လို့ Union of Catholic Asian News UCA News နဲ့ အခြား အင်တာနက် သတင်းစာမျက်နှာ ၂ ခု က ဖော်ပြကြပါတယ်။
ဓားစာခံတွေ ပိုလွှတ်နိုင်အောင် အပစ်ရပ်စဲရေးရက်တိုးဖို့ ဆွေးနွေးကြဖို့ အမေရိကန် CIA ညွှန်ကြားရေးမှူး William Burns နဲ့ အစ္စရေး ထောက်လှမ်းရေး မော့ဆတ်အကြီးအကဲ (David Barnea) တို့ဟာ ကြားဝင်ညှိနှိုင်းနေတဲ့ကာတာနိုင်ငံကို ရောက်ရှိနေကြတယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တယောက်က အေပီသတင်းဌာနကို ပြောပါတယ်။
တရုတ်-မြန်မာနယ်စပ် တရုတ်ဘက်မှာ ဟောင်ဝစ်ဇာအမြောက်ကြီးတွေနဲ့ လက်နက်ကြီးကျည်လာရာလမ်းကိုသိနိုင်တဲ့ ရေဒါတွေချထားတယ်လို့ တရုတ် နိုင်ငံတော်ပိုင် Global Times သတင်းစာကြီးက စနေနေ့ က ဓာတ်ပုံတွေနဲ့တကွ ဖော်ပြလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာတောင်ကြောမှာ ဥမင်လှိုဏ်ခေါင်းတူးရင်း ၁၇ ရက်ကြာ ပိတ်မိနေတဲ့ ဆောက်လုပ်ရေးဝန်ထမ်း ၄၁ ဦးကို စတင် ကယ်ထုတ်နေပါပြီ။ သူတို့ကို ကယ်ထုတ်နိုင်ရေးအတွက် ကယ်ဆယ်ရေးဝန်ထမ်းတွေ ဒီကနေ့နှောင်းပိုင်းမှာ ပိုက်လိုင်းထည့်ပေးနိုင်ပြီးတဲ့နောက် ကယ်ဆယ်ရေးအစီအစဉ်ကို စတင်တာပါ။
အစ္စရေးနဲ့ ဟာမတ်စ်တို့ရဲ့ အပစ်အခတ်ရပ်စဲရေး ၅ ရက်မြောက်နေ့အထိ သက်တမ်းတိုးလာတဲ့အတွက် အကျဉ်းသားတွေနဲ့ဓားစားခံတွေ ထပ်မံလဲလှယ်ကြလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
ဒီသင်္ဘောတွေသီလဝါဆိပ်ကမ်းကို ရောက်လာချိန်ဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နှက်ကိုင်တွေအကြား ပဋိပက္ခဖြစ်နေတဲ့ တရုတ်-မြန်မာနယ်စပ်တလျှောက်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေချိန်လည်း ဖြစ်ပါတယ်။
ဩစတေးလျနိုင်ငံမှာ မွေးဖွားပြီး ထိုင်ဝမ်မှာ ကြီးပြင်းတဲ့ ဩဒြေလင်းဟာ Golden Horse Awards ရွှေမြင်းဆုချီးမြှင့်ပွဲကျင်းပတဲ့ သက်တမ်းတလျှောက် ခေါင်းဆောင်သရုပ်ဆောင် ဆုရရှိသူတွေထဲ အသက် အငယ်ဆုံးဖြစ်ပါတယ်။
ကမ္ဘာကျော် ကိုရီးယားကေပေါ့အဖွဲ့ BTS က သူတို့အဖွဲ့အကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းဇာတ်လမ်းတွဲ အမြည်းဗွီဒီယို ထုတ်လိုက်ပါပြီ။ "BTS Monuments: Beyond the Star" ဆိုတဲ့ မှတ်တမ်းရုပ်ရှင်အမြည်းကို အွန်လိုင်းမှာ ရှာကြည့်နိုင်ပါတယ်။
ကလေးရှိတဲ့ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းကထွက်လာကြတာ ပိုလို့များလာတယ်လို့ အကူအညီပေးရေး အဖွဲ့တွေ က ပြောကြပါတယ်။
လောက်ကိုင်မှာသောင်တင်နေတဲ့ မလေးရှား ၁၂၇ ယောက်ဟာ လုံခြုံစိတ်ချရာနေရာကို ရောက်နေပြီး မကြာခင် လေယာဥ်နဲ့ပြန်လာကြမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတုခ် ဆီရီ ဇမ်ဘရီ အက်ဘ်ကာဒါ (Datuk Seri Zambry Abd Kadir) က ပြောကြောင်း မလေးမေးလ်သတင်းက ရေးပါတယ်။
နောက်ထပ်ကြည့်ရှုရန်