အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်န်ကန်ဟာ မြောက်အတ္တလန်တိတ် စစ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ဖို့ တနင်္လာနေ့က ဘရပ်ဆဲမြို့ကို ထွက်ခွါသွားပါတယ်။
အစ္စရေး ဟားမတ်စ် အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ၂ ရက်တိုးချဲ့ဖို့ သဘောတူလိုက်ကြတယ်လို့ ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျစ် အယ်လ် အန်ဆာရီ (Majid Al Ansary) က X လူမှု စာမျက်နှာပေါ် မှာ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တာဟာ လူ့အခွင့်အရေးနဲ့ လူသားချင်စာနာထောက်ထားရေး အကြပ်အတည်းကိုသာမက ဥတုရာသီဒဏ်ခံရကိန်းကိုလည်း ပိုများစေကြောင်းနဲ့ စစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်ဖို့ သဘာဝသယံဇာတတွေကို မတရား ခေါင်းပုံဖြတ်ရယူနေတယ်လို့ ကုလကျွမ်းကျင်သူတွေက တနင်္လာနေ့က သတိပေးလိုက်ပါတယ်။
ကမ္ဘာ့လက်ရှိအချမ်းသာဆုံး သူဌေးကြီးအီလွန်မတ်စ်ခ်ဟာ အစ္စရေးနိုင်ငံကိုသွားရောက်ပြီး ဝန်ကြီးချုပ် နေတန်ယာဟုနဲ့အတူ ဂါဇာနယ်စပ်က တိုက်ခိုက်မှုတွေကြောင့် ပျက်စီးကျန်ရစ်တဲ့နေရာတွေကို သွားကြည့်ခဲ့ပါတယ်။ အီလွန်မတ်စ်ရဲ့ ဂြိုဟ်တုဆက်သွယ်ရေးကုမ္ပဏီနည်းပညာကို ဂါဇာမှာ အသုံးပြုမယ်ဆိုတဲ့ ကနဦး ပြောဆိုမှုတွေထွက်နေပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ် ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေး အစီအစဉ် ဒီကနေ့ နောက်ဆုံးနေ့ ရောက်လာချိန်မှာပဲ အစ္စရေးက ပါလက်စတိုင်းအကျဉ်းသားတွေ ထပ်လွှတ်ပေးပြီး၊ အပြန်အလှန်အနေနဲ့ ဟာမတ်စ်တွေဖက်က ဓားစာခံတွေ ထပ်လွှတ်ပေးဖို့ မျှော်လင့်နေကြသလို၊ အပစ်အခတ် ရပ်စဲရေး သက်တမ်းထပ်တိုးဖို့လည်း ဖိအားပေးနေကြပါတယ်။
တရုတ်−မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ အဓိကကျတဲ့ နယ်ခြားဂိတ်တွေကို တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ခဲ့ပြီးတဲ့နောက် နယ်စပ် ဒေသမှာ အပစ်အခတ်ရပ်စဲဖို့ တရုတ်အစိုးရက သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ထပ်မံ တိုက်တွန်းတောင်းဆိုနေပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ၂၀၂၄ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်အတိုက်အခံ ပါတီတွေကို ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့သလို တက်ကြွလှုပ်ရှားသူ ၁၀,၀၀၀ နီးပါးကိုဖမ်းဆီးခဲ့တယ်လို HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ က တနင်္လာနေ့မှာပြောပါတယ်။
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့ဝန်းကျင်နဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံအနီးမှာ ကိုးကန့် MNDAA ဦးဆောင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တနင်္ဂနွေနေ့က တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံ သုံးနိုင်ငံကြား ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးမှုတွေကို ပြန်စပြီး သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေပြန်လုပ်ဖို့ နိုင်ငံခြားရေးဝန်ကြီးတွေကြား သဘောတူညီချက်ရခဲ့ပါတယ်။
ဂါဇာမှာ ပြန်ပေးဆွဲဖမ်းထားတဲ့သူတွေထဲ အသက် ၄ လေးနှစ်အရွယ် အစ္စရေးနွယ်ဖွားအမေရိကန် ကလေးမလေးတဦးအပါအဝင် ဓါးစားခံ ၁၇ ဦး ကို ဟားမတ်တို့က ပြန်လွှတ်ပေးခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။
ရုရှားဘက်က ညလုံးပေါက် အဝေးထိန်းဒရုန်း ၉ စင်းနဲ့ တိုက်ခိုက်တာမှာ ၈ စင်းကို ယူကရိန်းစစ်တပ်က ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းလေတပ်က တနင်္ဂနွေနေ့က ပြောပေမဲ့ ကျန်တစင်းက ဘယ်ကိုထိမှန်သလဲဆိုတာနဲ့ အပျက်အစီးရှိမရှိကိုတော့ မသိရပါဘူး။
ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး စတင် အသက်ဝင်လာချိန် ဟားမတ်စ်ဘက်က ဓားစာခံတချို့ ပြန်လွှတ်ပေးတာနဲ့ အစ္စရေးဘက်က ပါလက်စတိုင်း အကျဥ်းသားတချို့ လွှတ်ပေးတာကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သောကြာနေ့က ကြိုဆိုလိုက်ပြီး ဒါဟာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တဲ့ အမေရိကန်ရဲ့ သံခင်းတမန်ခင်း ရလဒ်ဖြစ်ကြောင်း ပြောပါတယ်။
ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တလပြည့်တဲ့ နိုဝင်ဘာ (၂၇)ရက်မှာ နောက်တဆင့် တက်ဖို့ အသင့်ဖြစ်နေပြီလို့ စစ်ဆင်ရေး (၂၉) ရက်မြောက်နေ့ ဖြစ်တဲ့ နိုဝင်ဘာ (၂၄) ရက်၊ သောကြာနေ့မှာ MNDAA ကိုးကန့်၊ TNLA တအန်းနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ပါဝင် တိုင်းရင်းသား မဟာမိတ် (၃)ဖွဲ့က တရားဝင် သတင်းထုတ်ပြန်ပါတယ်။
အစ္စရေးဓားစာခံ ၁ ယောက်ကို ဟာမတ်က ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးဘက်ကလည်း ပါလက်စတိုင်းအကျဉ်းသား ၃၉ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အစ္စရေးနဲ့ Hamas စစ်သွေးကြွအဖွဲ့ကြား အပစ်အခတ်ရပ်စဲပြီး ဓါးစားခံတွေပြန်လွှတ်ပေးမယ့် သဘောတူညီချက်အရ ပြန်လွတ်လာမယ့်ထဲမှာ ထိုင်းနိုင်ငံသားတွေ ပါ မပါ မသေချာသေးဘူးလို့ ထိုင်းအစိုးရက ပြောကြားလိုက်ပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လောက်ကိုင်မြို့မှာ သောင်တင်နေကြတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ အန္တရာယ်မြင့်မားနေတဲ့အတွက် အမြန်ဆုံး ဘေးလွတ်ရာသွားကြဖို့ တရုတ်သံရုံးက သောကြာနေ့ ညနေပိုင်းမှာ အသိပေးထုတ်ပြန်ထားပါတယ်။
ရှမ်းမြောက်လောက်ကိုင်မှာ လက်နက်ကြီးကျလို့ အရပ်သား ၆ ယောက်သေဆုံးပြီး ၁၀ ယောက်ထက်မနည်းဒဏ်ရာခဲ့ပါတယ်။ ရခိုင်ပေါက်တောမှာ စစ်တပ်ကဖမ်းဆီးသွားတဲ့ အရပ်သားတွေထဲက ကလေး၊အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့သံဃာတွေကို ရခိုင်တပ်မတော် AA က ကယ်တင်နိုင်ခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတဝန်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းသုံးပြီး တိုက်ခိုက်နေချိန်မှာပဲ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Punpakdee Pattanakul ဟာ စစ်ကောင်စီလေတပ် ဦးစီးချုပ်ရဲ့ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၂ ရက်က နေပြည်တော်ကို ရောက်နေတယ်လို့ စစ်ကောင်စီဘက်က နိုဝင်ဘာ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ရိက္ခာဖြတ်တောက်တာအပါအဝင် အခြေအနေတွေဆိုးနေလို့ ရေကြောင်းကတဆင့် အင်ဒိုနီးရှားကို ရိုဟင်ဂျာဒုက္ခသည်အများအပြား ဆက်တိုက် ထွက်ခွာနေကြတာကြောင့် ဒေသတွင်းမှာ အရေးပေါ်တုံ့ပြန်မှုလုပ်ဖို့ ကုလ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က နိုဝင်ဘာ ၂၃ မှာက တောင်းဆိုလိုက်ပါတယ်။
အစ္စရေးဓါးစာခံပြန်လွတ်ရေးနဲ့ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာတဲ့အကူအညီတွေ ပို့ပေးနိုင်ရေး ၄ ရက်အပစ်အခတ်ရပ်ဖို့ သဘောတူထားတဲ့ သဘောတူညီချက်အတိုင်းဖြစ်ဖို့ သောကြာနေ့မှာမှ အစောဆုံးဖြစ်နိုင်မယ်လို့ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်