တရုတ်နိုင်ငံက ကလေးငယ်တွေကြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုတွေ တိုးဖြစ်နေတာနဲ့ အဆုတ်ရောင် နမိုးနီးယားရောဂါ အစုလိုက်ဖြစ်နေကြတယ်ဆိုတဲ့ သတင်းတွေနဲ့ပါတ်သက်လို့ အသေးစိတ်ကို ရှင်းပြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတရားဝင် တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ပြင်းထန်နေတဲ့ တိုက်ပွဲတွေဟာ လူဦးရေထူထပ်တဲ့ မြို့ပြနေရာတွေအထိ ကျယ်ပြန့်နေပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြီးကျယ်ဆုံးနဲ့ အကျယ်ပြန့်ဆုံး တိုက်ပွဲတွေဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ အရှိန်မြင့် ဖြစ်ပေါ်နေချိန်မှာဘဲ မြန်မာနိုင်ငံထဲ တရားမဝင် နေထိုင်နေတဲ့ တရုတ်နိုင်ငံသားတွေ ပြန်လာကြဖို့ တရုတ်အစိုးရက သတိပေးထားပြီး၊ မြန်မာ စစ်ကောင်စီဘက်ကလည်း ပြန်လည်လွှဲပြောင်းရေး ကိစ္စတွေကို ခပ်စိပ်စိပ် လုပ်ဆောင်လာပါတယ်။
နိုင်ရာဂရာရေတံခွန်အနီးက အမေရိကန်နဲ့ကနေဒါ နယ်စပ်တံတား၊ အမေရိကန်ဘက်က စစ်ဆေးရေး ဂိတ်မှာ ကားတစ်စီး ပေါက်ကွဲခဲ့ပြီး ကားပေါ်ပါ အနည်းဆုံး လူ နှစ်ယောက် သေဆုံးသွားခဲ့တယ်လို့ အေပီ သတင်း က ဆိုပါတယ်။
ဂါဇာမှာ ဟားမတ်စ် စစ်သွေးကြွတွေက ဖမ်းထားတဲ့ဓားစာခံတွေကို ၄ ရက်ကြာ အပစ်အခတ်ရပ်စဲတာ စတင်မယ့် ကြာသပတေးနေ့မှာ လွှတ်မယ်လို့ မျှော်လင့်ထားကြပါတယ်။
ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ အနုမြူအေဂျင်စီ IAEA က အတွေ့အကြုံအရှိဆုံးနဲ့ အကျွမ်းကျင်ဆုံး စစ်ဆေးသူတွေကို အီရန်နိုင်ငံက ပိတ်ပင်တားမြစ်လိုက်တဲ့အတွက် IAEA ရဲ့အလုပ်ကို အလွန်ကြီးကြီးမားမား ထိခိုက်သွားတယ်လို့ IAEA အကြီးအကဲ ရာဖေး ဂရော်စီ က ဗုဒ္ဓဟူးနေ့ မှာ ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့တိုက်ပွဲတွေဟာ မြို့ပြနေရာတွေ အပါအဝင် နေရာအများအပြားမှာ ပြင်းထန်နေပါတယ်လို့ မစ္စဟတ်စ်တင်းက ဗုဒ္ဓဟူးနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသကို နောက်ထပ် ရိုဟင်ဂျာ ၂၀၀ လောက် မနေ့ညပိုင်းက ရေကြောင်းကနေ ရောက်လာကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂရုံးက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ မနေ့ညပိုင်းက နောက်ဆုံးရောက်လာတဲ့ အသုတ်နဲ့ပါဆိုရင် သီတင်းတပတ်အတွင်း အင်ဒိုနီးရှားကို ရောက်လာတဲ့ ရိုဟင်ဂျာ ထောင်ကျော်ရှိသွားပါပြီ။
တရုတ်နိုင်ငံရဲ့ တင်းမာတဲ့ လုပ်ရပ်တွေ တိုးလာနေချိန်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လာနေတဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ တောင်တရုတ်ပင်လယ်မှာ လေကြောင်း၊ ရေကြောင်း ပူးတွဲကင်းလှည့်နေကြပါတယ်။
ဂါဇာကမ်းမြောင်ဒေသ တိုက်ခိုက်မှုတွေကို လေးရက်ကြာ ရပ်ဆိုင်းထားဖို့ ကာတာဘက်က ကြေညာခဲ့ပြီးနောက် ဖမ်းဆီးထားတဲ့ ဓားစာခံအချို့ကို မနက်ဖြန် ကြာသာပတေးနေ့ အစောဆုံးထားပြီး ဟာမတ်စ်အဖွဲ့က ပြန်လွှတ်ပေးဖို့ ရှိနေပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ၃ နှစ်ကြာရပ်နားခဲ့ရတဲ့ တောင်ကြီး တန်ဆောင်တိုင်ပွဲကို မနေ့က စပြီး ပြန်ကျင်းပခဲ့ပေမဲ့ အရင်နှစ်တွေတုန်းကလို လူအများ အပြားလာရောက်တာမျိုး မရှိပါဘူး။
ကျနော်တို့ ဒီဖက်မှာသိရသလောက်ဆိုရင် ရွှေပန်းကုန်းရွာမှာရှိတဲ့ ရဲစခန်းကို ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်စီးနင်းလိုက်တာပေါ့။ ကျနော်တို့ သိသလောက် မနက်ခင်း ၂ နာရီ၊ ၃ နာရီ ဝန်းကျင်လောက်မှာ တိုက်တာ။ မနက် ၄ နာရီလောက်မှာ အောင်တယ်လို့ သိရတယ်ဗျ။” (ဒေသခံ)
ကရင်နီဒေသကာကွယ်ရေးတပ်ပေါင်းစုရဲ့ ၁၁၁၁ (တစ်လေးလုံး) စစ်ဆင်ရေး စတင်လိုက်ကတည်းက လွိုင်ကော်မြို့တဝိုက်မှာ နေ့စဉ်သလို တိုက်ပွဲတွေ ဖြစ်နေတာကြောင့် သောင်းနဲ့ချီတဲ့ လွိုင်ကော်မြို့ခံတွေရော လွိုင်ကော်မှာ လာရောက် ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေပါ တခုတခါ ထပ်ပြီး ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။
ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူတွေကို မကြာမီ အိမ်ပြန်ခေါ်နိုင်ဖို့ နီးနေပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အင်္ဂါနေ့က ပြောလိုက်ပေမဲ့ သမ္မတဘိုင်ဒန်က အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေတာမို့ မြန်မာနိုင်ငံကို အရေးမကြီးရင် မသွားကြဖို့ အိန္ဒိယအစိုးရက သူ့ နိုင်ငံသားတွေကို အင်္ဂါနေ့က အကြံပြု သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
ပထမဆုံးထောက်လှမ်းရေး ဂြိုဟ်တု ကို ကမ္ဘာပတ်လမ်းကြောင်းထဲ အင်္ဂါနေ့ က အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီး ခေါင်းဆောင် ကင်ဂျုံအမ်း က (Kim Jong Un) ကြီးကြပ်ကြည့်ရှုခဲ့တယ်လို့ မြောက်ကိုရီးယား က ပြောလိုက်ပါတယ်။
အင်တာနက် အွန်လိုင်း ရာဇဝတ်မှုနဲ့ သံသယရှိသူ ၃၀၀၀၀ ကျော်ကို မြန်မာနိုင်ငံကဖမ်းဆီးပြီး တရုတ်ကို ပြန်ပို့ခဲ့တယ်လို့ တရုတ်တာဝန်ရှိယူသူတွေက ပြောပါတယ်။
ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီဒေသအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ K8 အမျိုးအစား ဂျက်တိုက်လေယာဉ်ကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပစ်ချနိုင်ခဲ့ပြီးတဲ့နောက် လေယာဉ်မှူး ၂ ဦးထဲက တဦးကို ဖမ်းဆီးရမိထားပြီလို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဋ္ဌ ခွန်ဘီးထူးက ဗွီအိုအေကို ဒီကနေ့ အတည်ပြု ပြောဆိုပါတယ်။
ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ရေးနဲ့ ယာယီအပစ်ရပ်ရေး အစ္စရေးနဲ့ ဟာမတ်စ်အကြား မကြာခင် သဘောတူချက် ရနိုင်တယ်လို့ ဟာမတ်စ်ခေါင်းဆောင်က ပြောပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးခြေစစ်ပွဲ အာရှဇုန်ဒုတိယအဆင့် အုပ်စုပွဲအဖြစ် မြန်မာနဲ့မြောက်ကိုရီးယားတို့ ယှဉ်ပြိုင်ကစားခဲ့ကြရမှာ မြန်မာက ၆ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်