အိမ်နီးချင်း မြန်မာနိုင်ငံ၊ ချင်းပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကနေ ဘေးကင်း မီဇိုးရမ်းပြည်နယ်အတွင်း ထွက်ပြေး ခိုလှုံလာသူ ထောင်နဲ့ချီရှိနေတာမှာ မီဇိုးရမ်း အစိုးရကဘဲ တာဝန်ယူ ကူညီပေးနေတာ ဖြစ်ပါတယ်။
ကမ္ဘာမြေကြီးရဲ့ အပူချိန်ဟာ စက်မှုမထွန်းကားမီကာလကထက် ၂.၅ ဒီဂရီ စင်တီဂရိတ်ကနေ ၂.၉ ဒီဂရီ စင်တီဂရိတ်အတွင်း (၄.၅ ကနေ ၅.၂ ဒီဂရီ ဖာရင်ဟိုက်) မြန်မြန်ဆန်ဆန်ကြီး ပိုပြီး ပူနွေးလာနေတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာက ပြောပါတယ်။
“ဒီတိုက်ခိုက်မှုက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေကို ရှင်းရှင်းကြီး ချိုးဖောက်တာပါ။ တိုင်းပြည်အားလုံး အထူးသဖြင့် အစ္စရေးနဲ့ရင်းနှီးတဲ့တိုင်းပြည်တွေက သူတို့ ရဲ့ ဩဇာနဲ့ စွမ်းဆောင်နိုင်စွမ်းတွေကိုသုံးပြီး သူ့ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်ဖို့ တိုက်တွန်းရပါမယ်” (အင်ဒိုနိုင်ငံခြားရေးဝန်ကြီး)
တရုတ်-မြန်မာ စီးပွါးရေးစင်္ကြံ (CMEC) ကို သီရိလင်္ကာအထိချဲ့ဖို့ တရုတ်က ဦးစားပေးထားကြောင်း တရုတ်နိုင်ငံရဲ့ အထူးသံတမန်က သီရိလင်္ကာ သမ္မတ ရာနီးလ် ဝီကရီမီဆင်းဂေး (Ranil Wickremesinghe) ကို တနင်္လာနေ့က ပြောလိုက်ပါတယ်။
ကမ္ဘာကျော် ကိုလံဘီယာအဆိုတော် ရှက်ကီယာဟာ အခွန်ရှောင်မှုနဲ့ တရားစွဲခံထားရတာကို အမှုပြေလည်အောင် ရှင်းလိုက်နိုင်ပါပြီ။ စပိန်နိုင်ငံမှာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်ကြား ဝင်ငွေခွန် ဒေါ်လာ ၁၅.၇ သန်းပေးဆောင်ဖို့ ပျက်ကွက်တယ်ဆိုပြီး ဘာစီလိုနာမြို့တော်မှာ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အစ္စရေးစစ်တပ်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့ ဂါဇာဆေးရုံကြီးက ရက်မစေ့မွေးကင်းစ ကလေး ၃၁ ယောက် တနင်္လာနေ့မှာ အီဂျစ်နိုင်ငံကို ဘေးကင်းကင်းနဲ့ ရောက်သွားခဲ့ပါပြီ။ ပထမ ဂါဇာဆေးရုံကြီးကနေ ဂါဇာတောင်ပိုင်းက နောက်ဆေးရုံတရုံကို တနင်္ဂနွေနေ့က အရေးပေါ်ရွှေ့ခဲ့ရတာပါ။
ပစ်ခတ်တိုက်ခိုက်မှုတွေ အဆုံးသတ်ရေးနဲ့ ပါလက်စတိုင်းနယ်မြေအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ခွင့်ပြုပေးဖို့အတွက် တွန်းအားပေးတဲ့ ပထမအကျော့ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံ ပေကျင်းမြို့ကို အာရပ်နဲ့ မွတ်စလင် ကိုယ်စားလှယ် အဖွဲ့တွေရောက်ရှိစဉ်မှာပဲ အခုလို တောင်းဆိုလိုက်တာပါ။
ရိုဟင်ဂျာဒုက္ခသည် ၂၅၀ ကျော် လိုက်ပါလာတဲ့ လှေတစီးကို အင်ဒိုနီးရှားနိုင်ငံ ဒေသခံအသိုင်းအဝိုင်းက လက်မခံနိုင်တဲ့အတွက် နှစ်ကြိမ် တိုင်တားမြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကပဲ အနည်းဆုံး သင်္ဘောငါးစင်းနဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရိုဟင်ဂျာ ၈၀၀ ခန့် ရောက်ရှိလာခဲ့တာပါ။
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ အာဆီယံအဖွဲ့အတွက် ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲတဲ့ပြဿနာဖြစ်ပြီး အရှိန်မြင့် ဖြစ်ပေါ်လာနေတဲ့ တိုက်ပွဲတွေတိုက်ပွဲတွေ အဆုံးသတ်ရေးကို ဦးတည်စေတဲ့ တိုးတက်မှုမရနိုင်ဘဲ ဖြစ်နေတယ်လို့ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
၁၉ ရာစုမှာ ပြင်သစ်စစ်ဘုရင် နပိုလီယန် ဘိုနာပတ် ဥရောပတခွင် စစ်ပွဲတွေဆင်နွှဲချိန် ဝတ်ဆင်ခဲ့တဲ့ ဦးထုပ်တွေထဲက တခုကို လေလံတင်ရောင်းချခဲ့ပါတယ်။ ကနဦးဈေးခန့်မှန်းတော့ ဒေါ်လာ ၉ သိန်းတောင် မပြည့်ပါဘူး။ ဦးထုပ်အတွက် ပွဲခ ၂၈.၈% ပေးရပါတယ်။
ဟားမတ်စ်ဆန့်ကျင်ရေးထိုးစစ်ကို ထောက်ခံတာနဲ့ပတ်သက်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ လွှတ်တော်ဟာ ဖက်ဒရယ် အစိုးရဝန်ထမ်းတွေရဲ့ တောင်းဆိုချက်တွေ နဲ့ မကြုံစဖူး ရင်ဆိုင်နေကြရပါတယ်။
ဂါဇာက ရှီဖာဆေးရုံအောက်မှာ ၁၀ မီတာနက်ပြီး ၅၅ မီတာနက်တဲ့ မြေအောက်လှိုဏ်ခေါင်းတွေ့တယ်လို့ အစ္စရေး စစ်တပ်က တနင်္ဂနွေနေ့က ပြောပါတယ်။
ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ နဲ့ မူဆလင်အများစု ၄ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ တရုတ်ပြည်ကို လာရောက်ကြလိမ့်မယ်လို့ တရုတ်က ကြေညာပါတယ်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ PDF ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းယူထားတဲ့ ချောင်းနှစ်ခွတံတားကို စစ်ကောင်စီဘက်က ပြန်လည် သိမ်းယူဖို့ ကြိုးစားနေ
အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ အဝေးပြေးလမ်းဖေါက်လုပ်နေစဉ် မြေအောက်ဥမင်ပြိုကျတဲ့အတွက် အလုပ်သမား ၄၁ ဦး ပိတ်မိနေပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်နေတာ စနေနေ့အထိရက်သတ္တပတ်တခုရှိပြီဖြစ်ပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းမြောက်ဒေသမှာ ထိုင်းနိုင်ငံသား ရာနဲ့ချီ ပိတ်မိနေဆဲပဲလို့ ထိုင်းအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
အစ္စရေး ဟားမတ်စ် ပဋိပက္ခပြီးနောက် ဂါဇာနဲ့ အနောက်ဖက်ကမ်းဒေသ Westbank ဒေသကို ပါလက်စတိုင်းတွေကပဲ အုပ်ချုပ်သင့်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က စနေနေ့တုန်းက ပြောဆိုလိုက်ပါတယ်။ ဂါဇာကမ်းမြှောင်ဒေသနဲ့ အနောက်ဖက် ကမ်းဒေသတွေကိုပေါင်းစည်းပြီး အုပ်ချုပ်မှု တခုထဲအောက်မှာပဲ ထားသင့်ပါတယ်။
အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ အယောက် ၂၄၀ လောက် ပါတဲ့ သင်္ဘေော တစီးဟာ အင်ဒိုနီးရှား မြေပေါ်မှာ ကမ်းကပ်ခွင့်ရဖို့ ၂ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ကြပေမယ့် ဒေသခံတွေက လက်မခံ ငြင်းဆန်ခဲ့တာကြောင့် သူတို့ စီးလာခဲ့ လှေဟာ ခုတော့ အင်ဒိုနီးရှား ကမ်းရိုးတန်းမှာပဲ မျောနေရတယ်လို့ AP မှာရေးပါတယ်။
ဂါဇာကမ်းမြောင်ဒေသထဲကို ဝင်ရောက်မယ့် အကူအညီပေးရေး ယာဥ်တန်း ၂ ရက်ကြာ ပိတ်မိနေခဲ့ပြီး အစ္စရေးအနေနဲ့ အကူအညီတွေကို အကန့်အသတ်နဲ့ ဖြန့်ဝေနိုင်အောင် လုပ်ပေးဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို အစ္စရေးဘက်က လိုက်လျောခဲ့ပြီးနောက် ပထမဆုံးယာဥ်တန်း အီဂျစ်နယ်စပ်ကနေ ဂါဇာကို ဝင်ရောက်ခွင့် ရသွားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ပေးခံရတဲ့ David Cameron ဟာ ရုရှားကျူးကျော်စစ်မှာ ယူကရိန်းကိုထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ယူကရိန်းတောင်ပိုင်း Odesa ဆိပ်ကမ်းမြို့ကို ကြာသပတေးနေ့က သွားရောက် လေ့လာခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်