ဂါဇာတောင်ပိုင်းက မြို့လေးမြို့ထက်မနည်းကနေ ပါလက်စတိုင်းဒေသခံတွေ ထွက်ခွာကြဖို့ အစ္စရေးကအမိန့်ထုတ်လိုက်တာဟာ ဒီဒေသတွေမှာ ဟားမတ်စ် စစ်သွေးကြွတွေကို စစ်ဆင်ရေး တိုးချဲ့ဆောင်ရွက်မယ့် အရိပ်အယောင်ဖြစ်ပြီး အဲဒီဒေသက လူထုတွေ ဘေးကင်းလုံခြုံရေးအတွက် အခုလို ဆောင်ရွက်တာလို့ အစ္စရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ICJ နိုင်ငံတကာခုံရုံးမှာ ဂမ်ဘီယာက တင်သွင်းထားတဲ့ မြန်မာနိုင်ငံအမှုမှာ ဂမ်ဘီယာနိုင်ငံဘက်ကနေ ပူးတွဲပါဝင်ဆောင်ရွက်တယ်ဆိုပြီး ဗြိတိန်၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီနဲ့ နယ်သာလန်နိုင်ငံတို့က ထုတ်ပြန်ကြေညာပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကတဆင့် ရိုဟင်ဂျာဒုက္ခသည် ၂၅၀ တင်ဆောင်လာတဲ့လှေ အင်ဒိုနီးရှားကို ဒီကနေ့ ထပ်ရောက်လာတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက AFP သတင်းဌာနကို ပြောပါတယ်။ ဒါဟာ အခုသီတင်းပတ်အတွင်းမှာတင် ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၆၀၀ လောက် ၃ ရက်ဆက်တိုက် ရောက်လာကြတာလည်း ဖြစ်ပါတယ်။
အစိုးရဌာနတွေက နိုင်ငံဝန်ထမ်းတက္ကသိုလ်တက်ရောက်ထားပြီးသားဝန်ထမ်းတွေနဲ့ စစ်မှုထမ်းဟောင်းတွေကို တပ်ခွဲ ၂ ခွဲဖွဲ့ပြီး ၁ ဖွဲ့က အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ပြီး နောက် ၁ ဖွဲ့က ပုံမှန်ရုံးလုပ်ငန်းတွေလုပ်ဖို့ ညွှန်ကြားထားပါတယ်။
မြန်မာ့အရေး အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ အဖြေရှာဖို့ အာဆီယံက ဆက်လက် တွန်းအားပေးနေကြောင်း အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံနယ်စပ် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဖက်ဝင်ရောက် ခိုလှုံတဲ့ မြန်မာနိုင်ငံသားတချို့ရှိတယ်လို့ တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။
အခုသီတင်းပတ်ထဲ အမေရိကန်လွှတ်တော်မှာ ၂၀၂၄ ခုနှစ်အတွက် အပြီးသတ်အသုံးစရိတ် ဘတ်ဂျတ်အတွက် အတည်ပြုနိုင်ဖို့ ထပ်မံ နှောင့်နှေးခဲ့လို့ မြန်မာအတွက် အကူအညီနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ဖို့က အနည်းဆုံး လာမယ့်နှစ်အစောပိုင်းအထိ ရွှေ့ဆိုင်းဖွယ်ရှိနေပါတယ်။
ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေ တိုးမြင့်ကျယ်ပြန့်လာတဲ့အပေါ် အလွန်တရာစိုးရိမ်ကြောင်းနဲ့ သက်ဆိုင်ရာအစုအဖွဲ့တွေအနေနဲ့ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေတွေကို လေးစားလိုက်နာပြီး အရပ်သားတွေကို တတ်စွမ်းသမျှ အကာအကွယ်ပေးကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်တွန်းပန်ကြားပါတယ်။
ဂါဇာက အကြီးဆုံးဆေးရုံ အယ်လ်-ရှီဖာ (Al-Shifa) ကို ဗုဒ္ဓဟူးနေ့အစောပိုင်းက အစ္စရေးတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်း ဟားမတ်စ်အဖွဲ့ပိုင် လက်နက်တွေ၊ ထောက်လှမ်းရေးပစ္စည်းတွေနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ တွေ့ရှိခဲ့ကြောင်း ပြောပါတယ်။
အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့နှစ်ဦး အမေရိကန်ပြည်ထောင်စု ဆန်ဖရစ္စကိုမှာ တွေ့ဆုံခဲ့ကြပြီး အခုလို ခေါင်းဆောင်နှစ်ဦး မျက်နှာချင်းဆိုင်တွေ့ဆုံမှုဟာ တဘက်နဲ့တဘက် ပိုပြီး နားလည်လာမှုရှိလာအောင်ဖြစ်တယ်လို့ သမ္မတ Joe Biden က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံကို နောက်ထပ် ရိုဟင်ဂျာ ၁၅၀ နီးပါး ရေကြောင်းကနေ ဒီကနေ့ ထပ်မံရောက်ရှိလာကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အာချေ့ဒေသကို ရိုဟင်ဂျာ ၂၀၀ နီးပါး ရောက်လာခဲ့ပြီး နောက်တရက်မှာပဲ အနည်းဆုံး ၁၄၇ ယောက် လိုက်ပါလာတဲ့ စက်လှေတစင်း ထပ်ရောက်လာခဲ့တာပါ။
မြန်မာနိုင်ငံမှာ မကြာသေးခင်ကစ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာရာက အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို လူပေါင်း ၂ သိန်းလောက် နေရပ်စွန့်ခွာခဲ့ကြရကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်လိုက်ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့တော့ လတ်တလောဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်း အိမ်ရှင် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး Prabowo Subianto (ပါရာဘိုဝို ဆပ်ဘီရန်တို) က အခုလို ပြောကြားခဲ့ပါတယ်။
ဂါဇာမှာရှိတဲ့ Al-Shifa ဆေးရုံကို အစ္စရေးစစ်သားတွေက ဒီနေ့(နိုဝင်ဘာ ၁၅) အစောပိုင်းက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဟာမတ်စ်စစ်သွေးကြွတွေကို ရှာဖွေနေပါတယ်။
ရုရှားနဲ့ မြန်မာမှာ လူကိုပစ်မှတ်ထားတဲ့ မြေမြှုပ်မိုင်းတွေအသုံးပြုခဲ့တာကြောင့် ယူကရိန်းနဲ့ မြန်မာမှာ အရပ်သား သေဆုံး၊ ဒဏ်ရာရမှု မြင့်တက်လာခဲ့တယ်လို့ အသစ်ထုတ်လိုက်တဲ့ မြေမြှုပ်မိုင်း အစီရင်ခံစာက ပြောပါတယ်။
ချင်းအမျိုးသား တပ်ဦး (CNF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ တိုက်ခိုက်တာကြောင့် အိန္ဒိယဘက် ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီ စစ်သား ၄၃ ယောက်အနက် ၃၉ ယောက်ကို မြန်မာနိုင်ငံဘက်ပြန်ပို့လိုက်ကြောင်း အမည်မဖော်လိုတဲ့ အိန္ဒိယတာဝန်ရှိသူတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ကုလသမဏ္ဏအတွင်းရေးမှူးချုပ် မစ္စတာဂူတားရက်စ်ဟာ ကုလသမဂ္ဂကိုဦးဆောင်ဖို့ ထိုက်တန်သူမဟုတ်သလို ဒေသတွင်း ဘယ်ငြိမ်းချမ်းရေးဖြစ်စဥ်ကိုမှ မြှင့်တင်ဆောင်ရွက်ခဲ့တာမရှိဘူးလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Eli Cohen က ဂျနီဗာမှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ဂါဇာကမ်းမြောင်က Al-Shifa ဆေးရုံအတွင်း ပိတ်မိနေသူတွေကို အကာကွယ်ပေးဖို့ အမေရိကန်သမ္မတ Joe Biden က တောင်းဆိုနေချိန်မှာပဲ အဲဒီဆေးရုံထဲမှာ သေဆုံးသွားတဲ့ အရေးပေါ်လူနာ ၁၈၀ နီးပါးကို အစုလိုက် အပြုံလိုက် မြှုပ်နှံလိုက်ရတယ်လို့ ဆေးရုံအကြီးအကဲက ပြောပါတယ်။
မြန်မာနိုင်ငံက ကုမ္ပဏီတခုမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ တောင်ကိုးရီးယား နိုင်ငံသား ၁၉ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်အနီး ရိဒ်ခေါ်ဒါရ်မှာရှိတဲ့ မြန်မာစစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က မနေ့က ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် အိန္ဒိယနိုင်ငံထဲ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြတဲ့ မြန်မာစစ်သားတွေထဲက ၄၀ လောက် ရှိတယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတယောက်က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်