မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက် အားပေးသွားမယ့်အကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောလိုက်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံ အနောက်ဘက်ဆုံး အာချေးပြည်နယ် Pidie ဒေသ ကျွန်း တကျွန်းပေါ် ရိုဟင်ဂျာ အယောက် ၂၀၀ လောက် လှေနဲ့ ရောက်လာတယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူ တဦး က ပြောပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာ၊ ရုရှား၊ ယူကရိန်းနိုင်ငံတွေမှာ ပြီးခဲ့တဲ့နှစ်ထဲ လူသတ်မိုင်းတွေ အသုံးပြုခဲ့ကြသလို အနည်းဆုံး နောက်ထပ် ၅ နိုင်ငံမှာ လက်နက်ကိုင် အဖွဲ့တွေက အသုံးပြုခဲ့တာ တွေ့ရတယ်လို့လည်း မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေးအဖွဲ့ ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ဟာ တနင်္လာနေ့က ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ခဲ့ကြပြီး ဆက်လက်ပံ့ပိုးကူညီမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် UNB သတင်းဌာနကပြောပါတယ်။
မြန်မာပဋိပက္ခမှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍရှိသင့်တယ်ဆိုတာကို သဘောတူတယ်လို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
‘ဂါဇာက ရှီဖာဆေးရုံကို ကာကွယ်ရပါမယ်’၊အထိအခိုက်နည်းတဲ့နည်းနဲ့ ဆောက်ရွက်လိမ့်မယ်ဆိုတာက ကျနော့်ရဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်’ (အမေရိကန်သမ္မတဂျိုး ဘိုင်ဒန်)
အိန္ဒိယ မြန်မာနယ်စပ် ချင်းပြည်နယ် ရိဒ်မြို့နားမှာ စစ်ကောင်စီတပ်တွေ နဲ့ PDF လို့သိကြတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့တာကြောင့် မြန်မာဘက်က လူ ၂,၀၀၀ ကျော် အိန္ဒိယဘက်ကို ထွက်ပြေးလာခဲ့ကြတယ်လို့ အိန္ဒိယဘက်က တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာစစ်ကောင်စီကို လက်နက်တွေ ရောင်းချနေတာ ချက်ချင်း ရပ်ဆိုင်းဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဂါဇာဒေသမှာ အကြီးဆုံးဖြစ်တဲ့ Shifa ဆေးရုံဟာ ဆေးဖက်ဆိုင်ရာ လုပ်ငန်းတွေ မလုပ်နိုင်တော့သလို၊ အန္တရာယ်ရှိတဲ့ အရေးပေါ် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ပြောလိုက်ပါတယ်။
ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေက စစ်ကောင်စီ တပ်စခန်းတချို့ကို AA က သိမ်းပိုက်ထားပြီး အရာရှိတချို့ ဖမ်းဆီးရမိထားတယ်လို့ AAပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို အတည်ပြု ပြောပါတယ်။
ဒီကနေ့ မနက် ၅ နာရီဝန်းကျင်လောက်က ရသေ့တောင်နဲ့ မောင်တော အငူမော်ကားလမ်း ဒုံးပိုက်ကျေးရွာနဲ့ ချိန်ခါလီကျေးရွာအနီးမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား နှစ်ဖက်အပြန် ပစ်ခတ်သံတွေ ကြားနေရတယ်လို့လည်း ရသေ့တောင်ဒေသခံတဦးးကပြောပါတယ်။
မြန်မာဘက်မှာ ဂျစ်ကားပဲသွားသာတဲ့ ၁၀ ကီလိုမီတာ အရှည်လမ်းကို အိန္ဒိယက မူးယစ်မှောင်ခိုသမားတွေနဲ့ သူတို့ရဲ့ ဒေသခံအဆက်အသွယ်တွေက ဖောက်ခဲ့ကြပြီး ဒီ လမ်းဟာ မီဇိုရမ်ကို ဖြတ်သွားမယ့် မူးယစ်ဆေးဝါးလမ်းကြောင်းအသစ်ဖြစ်တယ်လို့ မီဇိုရမ် တာဝန်ရှိသူတွေက ပြောလိုက်ကြပါတယ်
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တရုတ်နဲ့စစ်တပ်ချင်းဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ လိုလားနေတယ်လို့ အိမ်ဖြူတော် လုံခြုံရေးအကြံပေး Jake Sullivan က တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။
ဂါဇာမှာအဝိုင်းခံထားရတဲ့ ရှီဖာ ဆေးရုံကနေ ဘာကြောင့် လူနာတွေကို အန္တရာယ်မရှိ၊ မရွှေ့ပြောင်းနိုင်ရသလဲဆိုတဲ့အကြောင်းမရှိဘဲ အန္တရာယ်ရှိတဲ့အနေအထားမှာ လူနာတွေ ရှိနေအောင် ဟားမတ်စ်စစ်သွေးကြွတွေက လုပ်ဆောင်နေတာသာဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်န်ဂျမင် နာတန်ယာဟုက တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံ လောက်ကိုင်ဒေသမှာရှိတဲ့ အင်တာနက် လိမ်လည်ဂိုဏ်းခေါင်းဆောင်တွေကို တရုတ်ရဲတပ်ဖွဲ့ကအလိုရှိနေကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က စာရင်းထုတ်ပြန်လိုက်တယ်လို့ တရုတ်နိုင်ငံတော်ပိုင် ဆင်ဟွာသတင်းဌာနက ပြောပါတယ်။
ကုန်းကြမ်းမြို့နယ်၊ လောက်ကိုင်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကွမ်းလုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ လားရှိုးနဲ့ သိန်းနီမြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးအာဏာ ကျင့်သုံးခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
အရှေ့အလယ်ပိုင်း ဂါဇာမြို့က ကုလသမဂ္ဂအဆောက်အအုံတိုက်ခိုက်ခံခဲ့ရပြီး လူအများအပြားသေဆုံးခဲ့သလို ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။ အဲဒီအဆောက်အအုံမှာ ဘေးလွတ်ရာခိုလုံနေတဲ့ ပါလက်စတိုင်း ဒုက္ခသည် ရာနဲ့ချီ ရှိနေကြောင်း ကုလသမဂ္ဂ ဖွံဖြိုးရေးအေဂျင်စီ (UNDP) က ပြောပါတယ်။
အစ္စရေးနဲ့ Hamas စစ်ပွဲဖြစ်နေတဲ့ ဂါဇာဒေသမှာ မြေပြင်တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ညဘက်မှာ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ ဂါဇာဒေသမှာ အကြီးဆုံးဖြစ်တဲ့ Shifa ဆေးရုံကိုလည်း လုံးဝပိတ်ဆို့ဝိုင်းရံခံထားရကြောင်း ညွှန်ကြားရေးမှူး Mohammad Abu Salmiya က မနေ့နှောင်းပိုင်းမှာပဲ ပြောခဲ့တာပါ။
"... အများသုံးနေတဲ့ စက်သုံးဆီဖြစ်တဲ့ 92 ဆိုရင် ပြည်တွင်းလက်ကျန် ဂါလံ ၁၃ သန်းကျော်ရှိပြီးဖြစ်တယ်။ ဒီဇယ်ဆိုရင် ဂါလံ သန်း ၃၀ ကျော်ရှိပြီးဖြစ်တယ်။ ပြီးရင်ကျွန်တော်တို့ ထပ်မံရောက်ရှိလာမဲ့ ဆီတင်သင်္ဘော ၁၅ စီးနီးပါးရှိပါတယ်။ "
နောက်ထပ်ကြည့်ရှုရန်