မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ လက်နက်ကိုင် အဖွဲ့တွေကြား ဆက်လက် စစ်ရေးတင်းမာနေပါတယ်။ ဒီရက်ပိုင်းအတွင်း ကရင်နီဒေသက တိုက်ပွဲတွေမှာတော့ စစ်ကောင်စီ တပ်စခန်းတချို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း KNDF) ဥက္ကဋ္ဌ ခွန်ဘီထူး က ဗွီအိုအေကို ပြောပါတယ်။
Broken Dreams “ကျိုးပဲ့အိပ်မက်များ” လို့အမည်ပေးထားတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေရဲ့ ခံစားကြုံတွေနေရတဲ့ အခြေအနေတွေနဲ့ တရားမျှတမှုအတွက် တောင်းဆိုသံတွေကို ရိုက်ကူးတင်ပြထားတဲ့ ရုပ်ရှင်နမူနာပြသပွဲကို ဘန်ကောက်မြို့ Sea Junction ရုံးခန်းမှာ ပြသခဲ့ပါတယ်။
နိုဝင်ဘာလ ၁၁ ရက် စနေနေ့က ကျရောက်တဲ့ အမေရိကန် စစ်မှုထမ်းဟောင်းများနေ့မှာ သမ္မတ ဂျိုးဘိုင်ဒန် အာလင်တန် အမျိုးသားစစ်သင်္ချိုင်းကို သွားရောက်ပြီး လွမ်းသူ့ပန်းခွေချရင်း အမေရိကန် စစ်မှုထမ်းတွေကို ဂုဏ်ပြုခဲ့ပါတယ်။
ဗြိတိန်နိုင်ငံမှာ သိန်းနဲ့ချီတဲ့ ပါလက်စတိုင်းအရေးဆန္ဒပြသူတွေဟာ စနေနေ့ကလန်ဒန်မြို့ထဲမှာချီတက်ခဲ့ ကြပြီးဂါဇာဒေသအပစ်အခတ်ရပ်ဆဲရေးကိုထပ်မံတောင်းဆိုခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ပထမ ကမ္ဘာစစ်ပြီးတဲ့နှစ်ပတ်လည်နေ့နဲ့တိုက်ဆိုင်စွာဘဲ “ နိုင်ငံလုံးကျွတ် ပါလက်စတိုင်းအရေးချီတက်ပွဲ” ကိုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာဟိန္ဒူဘာသာဝင်တွေအတွက်အထွဋ်အမြတ်ဘာသာရေးပွဲတော် ဒီဝါလီ မီးထွန်းပွဲ ဒီကနေ့ကစပြီးကျင်းပနေကြသလို၊ ပွဲတော်အကြိုည စနေနေ့တုန်းကတော့ Uttar Pradesh ပြည်နယ်၊အယုဒ္ဒယမြို့မှာရှိတဲ့ဟိန္ဒူဘုရားကျောင်းကြီးမှာ ဆီမီး ၂ သန်းကျော် ထွန်းညှိပြီး ဆီမီးအများဆုံး ကမ္ဘာ့ ဂင်းနစ်စံချိန် မှတ်တမ်း ဝင်သွားပါတယ်
စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ ကရင်နီဒေသမှာ စနေနေ့က စစ်ကောင်စီ ဂျက်တိုက်လေယာဥ် တစင်း ပျက်ကျခဲ့ပါတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပြောရေးဆိုခွင့်ရှိသူကတော့ လွိုင်ကော်အနီး တိုက်ပွဲဖြစ်နေစဉ်အတွင်း လေယာဉ်ကို သူတို့ ပစ်ချခဲ့တာလို့ ပြောပါတယ်။
ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်တဲ့ စနေနေ့ တရက်ထဲမှာ ၊ ၁ လေးလုံး (၁၁၁၁) စစ်ဆင်ရေးကို စတင်လိုက်ပြီး စခန်း ၈ ခု သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကပြောပါတယ်။ စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တစင်းကိုလည်း ပစ်ချနိုင်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ပထမဦးဆုံး မျက်လုံးအစားထိုးကုသမှု ပြုလုပ်နိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၉ ရက်နေ့ကပဲ ကြေညာပါတယ်။ မျက်လုံးတလုံးလုံးကို အစားထိုးတာဖြစ်ပြီး ဒီလိုခွဲစိတ်မှုကို ထူးခြားတဲ့အောင်မြင်မှုအနေနဲ့ ချီးကျူးနေကြပါတယ်။ လူနာရဲ့ မျက်လုံးတွေတော့ ပြန်မမြင်ရပါဘူး။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ လာမယ့်အပတ် ဗုဒ္ဓဟူးနေ့ကျရင် တနှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် မျက်နှာချင်းဆိုင် တွေ့ဆုံကြမယ်လို့ အိမ်ဖြူတော်က သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဂါဇာက အကြီးဆုံးဆေးရုံဖြစ်တဲ့ ရှီဖာဆေးရုံ ဝန်းထဲနဲ့ သားဖွားမီးယပ် ဌာန အဆောင်ကို သောကြာနေ့က အစ္စရေးဒုံးကျည်ထိပြီးနောက်မှာ ဆေးရုံမှာ ခိုလှုံနေကြတဲ့ ပါလက်စတိုင်းထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ကြပါတယ်။ ဆိုရှယ်မီဒီယာမှာ ပြင်ပလူနာဌာန အပြင်ဘက်မှာ ဖရိုဖရဲဖြစ်နေတဲ့ မြင်ကွင်းတွေကို တွေ့ရပါတယ်။
အစ္စရေးအနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်ဖို့ စိတ်မဝင်စားဘူးလို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က အမေရိကန်အခြေစိုက် Fox သတင်းဌာနကို ပြောကြားလိုက်ပါတယ်။
အမေရိကန်နဲ့ အိန္ဒိယ ၂ နိုင်ငံက ထိပ်တန်းသံတမန်တွေ နယူးဒေလီမြို့တော်မှာ ၅ ကြိမ်မြောက် 2+2 ဆွေးနွေးပွဲကို ဒီနေ့ပြုလုပ်ခဲ့ပါတယ်။ ဒေသတွင်းနဲ့ ကမ္ဘာ့လုံခြုံရေးဆိုင်ရာကိစ္စတွေကို ၂ နိုင်ငံက နိုင်ငံခြားရးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင် မဟာမိတ် ၃ ဖွဲ့က လွန်ခဲ့တဲ့ သီတင်း ၂ ပတ်လောက်မှာ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အချိန်ကစလို့ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ပြည်တွင်းဒုက္ခသည်ပေါင်း ၅ သောင်းနီးပါး ရှိခဲ့ပြီလို့ UNOCHA က ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတာကို တရုတ်က အထူးစိုးရိမ်နေပြီး တရုတ် မြန်မာနယ်စပ်လုံခြုံရေးအတွက် တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin ကဒီနေ့ ပုံမှန်သတင်းစာရှင်းပွဲမှာ ထပ်မံ တောင်းဆိုခဲ့ပါတယ်။
ဟာမတ်စ်စစ်သွေးကြွအဖွဲ့ရဲ့ မောင်းသူမဲ့ယာဉ်တွေနဲ့ လက်နက်ထုတ်လုပ်၊ သိုလှောင်တဲ့နေရာတခုကို ဂါဇာမြောက်ပိုင်းမှာ တွေ့ရှိခဲ့တယ်ဆိုပြီး အစ္စရေးစစ်တပ်ဟာ ကြာသပတေးနေ့ (နိုဝင်ဘာ ၉)က ဗွီဒီယိုထုတ်ပြန်လိုက်ပါတယ်။ တဆင့်ဖြန့်ဝေထားတဲ့ AP သတင်းဌာနအနေနဲ့ ဒီဗွီဒီယိုထဲက အချက်အလက်တွေကိုတော့ သီးခြားအတည်ပြုမထားပါဘူး။
စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့ကို KIA နဲ့ PDF တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ကရင်နီပြည်နဲ့ မကွေး-ချင်းပြည်နယ် အစပ်တွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။ တိုင်းရင်းဒေသတွေကသတင်းတွေကို တိုင်းရင်းသတင်းထောက်တွေက စုစည်းတင်ပြထားပါတယ်။
အမေရိကန် အနောက်ဘက်ခြမ်း ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပမယ့် APEC အာရှပစိဖိတ် စီးပွားရေးပူပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲမတိုင်ခင် တရုတ် ဒုဝန်ကြီးချုပ် He Lifeng နဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen တို့ရဲ့ ၂ ရက်တာ တွေ့ဆုံဆွေးနွေးပွဲကို ကြာသပတေးနေ့မှာ စတင်လိုက်ပါတယ်။
အစ္စရေးဘက်က ဂါဇာမြောက်ပိုင်းဒေသ စစ်ဆင်ရေးတွေကို အခုကြာသပတေးနေ့ကစပြီး နေ့စဉ် လေးနာရီကြာ ရပ်ဆိုင်းထားပေးမယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ပြောပါတယ်။
ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေ ဆက်ရှိနေချိန်မျိုးမှာ ရုရှား−ယူကရိန်း နှစ်နိုင်ငံကြား တွေ့ဆုံ ဆွေးနွေးကြဖို့ဆိုတဲ့ ဘယ်လို တိုက်တွန်းချက်မျိုးကိုမှ လက်မခံ ပယ်ချကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
ဂါဇာဒေသမှာဖြစ်နေတဲ့ ပြဿနာဟာ ဒေသတွင်းကို တောမီးလို့ ပြန့်သွားနိုင်တယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေးဆိုင်ရာအကြီးအကဲက သတိပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်