ဆီးရီးယားနိုင်ငံအရှေ့ပိုင်းက အီရန်နဲ့ဆက်နွယ်နေတဲ့ လက်နက်သိုလှောင်ရုံတခုကို အမေရိကန်စစ်လေယာဉ်တွေက ဖျက်ဆီးလိုက်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ပြောကြားလိုက်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ တိုက်ပွဲတွေ ပြင်းထန်လာနေရာက နယ်စပ်ဒေသမှာ တရုတ်နိုင်ငံသားတချို့ ထိခိုက်သေဆုံးတဲ့ သတင်းတွေ ထွက်ခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးလိုက်တာပါ။
ဟာမတ်စ်တွေရဲ့ ပြီးခဲ့တဲ့လက တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက အဓိက ပစ်မှတ်ထား စစ်ဆင်ရေးဆင်နွှဲနေတဲ့ ဂါဇာကနေ အရပ်သားတွေ ဘေးလွတ်ရာ ထွက်ပြေးနေရချိန်မှာပဲ အစ္စရေးတပ်ဖွဲ့တွေနဲ့ ဟာမတ်စ်တို့ကြား Gaza City မှာ ဒီကနေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
AAPPB မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းကို လူ့အခွင့်အရေးဆိုင်ရာ Tulip ဆု ထိုင်းနိုင်ငံ နယ်သာလန်သံရုံးကနေ ချီးမြှင့်ခဲ့ပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ နယ်သာလန်နိုင်ငံ သံရုံးအသီးသီးကနေ လူ့အခွင့်အရေးလှုပ်ရှားတဲ့ အစုအဖွဲ့နဲ့ လူပုဂ္ဂိုလ် ၁၀ ခုကို ဒီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အိမ်ခြံမြေလုပ်ငန်း တန်ဖိုးအပေါ် လိမ်လည်ပြီး တန်ဖိုးမြှင့်ပြခဲ့ကြောင်း စွဲချက်နဲ့ပတ်သက်တဲ့တရားရုံးချိန်းမှာ ဗုဒ္ဓဟူးနေ့က အိုင်ဗန်ကာထရမ့်က ထွက်ဆိုခဲ့ပြီး သူ့ရဲ့ဖခင်ကုမ္ပဏီမှာ လုပ်ကိုင်ခဲ့တဲ့ အိမ်ခြံမြေအရောင်းအဝယ် အသေးစိတ်အချက်အလက်တွေကို မမှတ်မိကြောင်း ပြောခဲ့ပါတယ်။
စစ်ပွဲပြီးသွားရင်တော့ ဂါဇာကမ်းမြောင်ကို ဘယ်သူအုပ်ချုပ်မလဲဆိုတာကို ပါလက်စတိုင်းတွေက ဆုံးဖြတ်ရမှာဖြစ်တယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရသူ John Kirby က ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ လုံးဝအပစ်အခတ်ရပ်စဲရေး တောင်းဆိုနေတဲ့ ဂျပန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခု ဖြစ်တဲ့ 'ငြိမ်းချမ်းရေးလှေ' အမည်ရှိတဲ့ သင်္ဘောက အီဂျစ်နိုင်ငံ ဆိပ်ကမ်း Said ကို ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၈ ရက်) က ဆိုက်ကပ်လာပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် (၃) ဖွဲ့ တိုက်ပွဲတွေဖြစ်နေတာ နှစ်ပတ်နီးပါး ကြာလာပြီး နိုဝင်ဘာ ၈ ရက်က MNDAA-ကိုးကန့်တပ်ရဲ့ထုတ်ပြန်ချက်အရ ၇ ရက်နေ့က ပန်းဝါစခန်းကိုသိမ်းပိုက်ခဲ့ပြီးနောက် ပန်းဝါတောင်ဘက်က စစ်ကောင်စီရဲ့ စခန်း မာလီလင်စခန်းကို ၈ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဂါဇာကမ်းမြှောင်ဒေသမှာ ဒေသခံတွေ အနေနဲ့ အစ္စရေးနဲ့ကပ်နေတဲ့ မြောက်ပိုင်းဂါဇာကနေ တောင်ဘက်ပိုင်းကို ရွှေ့ပြောင်းကြဖို့ အစ္စရေးက ကြေညာထားပေမယ့်၊ တောင်ပိုင်းကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့နယ် ရပ်ကွက်တွေ တခုလုံး ပြားပြားကြေကုန်ကြပါတယ်။
ဂျပန်အာဏာပိုင်တွေရဲ့ အကူအညီ တောင်းခံချက်အရ အွန်လိုင်း လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ မသင်္ကာသူ ဂျပန်နိုင်ငံသား ၂၅ ယောက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလက ဖနွမ်ပင် မြို့တော်မှာ ဖမ်းဆီးခဲ့တာလို့လည်း ကမ္ဘောဒီးယား လဝက ပြောခွင့်ရပုဂ္ဂိုလ် Keo Vanthan ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ စီးပွားရေး အင်အားကြီး ၇ နိုင်ငံ (G-7) အဖွဲ့ဝင် နိုင်ငံတွေက ထိပ်တန်းသံတမန်တွေ အစ္စရေးနဲ့ ဟားမတ်စ် စစ်ပွဲအပေါ် ရပ်တည်ချက် သဘောထားတရပ်ကို ဒီကနေ့မှာ တညီတညွတ်တည်း ထုတ်ပြန်လိုက်ပါတယ်။
သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ တနှစ်သာလိုတော့တဲ့ အမေရိကန်ပြည်ထောင်စုမှာ မနေ့ နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပတဲ့ ပြည်နယ်ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တွေနဲ့ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်အတွက် လှုံ့ဆော်သူတွေက ပြည်နယ်အများအပြားမှာ ဆက်တိုက် အနိုင်ရရှိနေပါတယ်။
အောက်တိုဘာ ၇ ရက်နေ့မှာ ဟာမတ်စ်အဖွဲ့ အစ္စရေးကို စတင်တိုက်ခိုက်တော့ နယ်စပ်နဲ့ နီးတဲ့ ဂီတပွဲတော်နဲ့ ရပ်ကွက်တွေကို စတိုက်တာပါ။ အစ္စရေးဘက်က လက်တုန့်ပြန်တဲ့အခါ ဂါဇာစစ်ပွဲစတင်လို့ အခု တလပြည့်ချိန်မှာ ၂ ဘက်ထိခိုက်မှုများပြီး အရှေ့အလယ်ပိုင်းဒေသ လူသားချင်းစာနာမှုအကြပ်အတည်း ဖြစ်နေရပါတယ်။
ဥရောပသမားရိုးကျ လက်နက်ကိုင်တပ်ဖွဲ့များ သဘောတူညီချက်ကနေ ရုရှားက နုတ်ထွက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပြီး နာရီအတန်ကြာမှာ နေတိုးမဟာမိတ်တွေကလည်း စာချုပ်မှာပါဝင်နေတာကို အင်္ဂါနေ့က ရပ်ဆိုင်းလိုက်ကြပါတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ နေရပ်စွန့်ခွာသူတွေကို အနုပညာနဲ့ ပြန်ကုစားပေးနေတဲ့အစီအစဉ်တွေ ဆောင်ရွက်လာတာ ၁၀ လဝန်းကျင် ရှိပြီဖြစ်တဲ့ Joy House ပီတိအိမ်ကလည်း From Across The River မြစ်ကိုဖြတ်၍ ခေါင်းစဉ်နဲ့ပန်းချီပြပွဲတခု ပြုလုပ်ခဲ့ပါတယ်။
အစ္စရေးစစ်တပ်က ဂါဇာစီးတီးမြို့ထဲကို ဝင်ရောက်သွားခဲ့ပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂဲလင့်န်က အင်္ဂါနေ့က ပြောခဲ့ပြီး ဂါဇာစီးတီးဟာ ဟားမတ်စ်တို့ရဲ့ အခရာကျတဲ့ စစ်ဆင်ရေးဌာနရှိတယ်လို့ အစ္စရေးက ယူဆပါတယ်။
ဟားမတ်စ်နဲ့ စစ်ပွဲပြီးတဲ့နောက် ဂါဇာရဲ့လုံခြုံရေးတခုလုံးတာဝန်ကို အချိန်အကန့်အသတ်မရှိ အစ္စရေးကယူမယ်လို့ တနင်္လာနေ့ညက အေဘီစီရုပ်မြင်သံကြားနဲ့လုပ်ခဲ့တဲ့အင်တာဗျူးမှာ အစ္စရေဝန်ကြီးချုပ်ဘင်န်ဂျမင်န် နာတန်ယာဟုက ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံက အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေမှာ ခိုင်းစေခံခဲ့ရတယ်လို့ဆိုတဲ့ ထိုင်းနိုင်ငံသား ၁၆၀ ကျော်ကို တရုတ်နိုင်ငံ ကူမင်းမြို့ကတဆင့် နေရပ်ပြန်ခေါ်နိုင်ဖို့ စီစဉ်နေတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
ဝန်ကြီး Blinken ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ရုရှား-ယူကရိန်းစစ်ပွဲ၊ မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်မှုအသစ်လုပ်နေတဲ့ အပေါ်စိုးရိမ်မှုတွေနဲ့ တရုတ်ရဲ့ ဩဇာကြီးထွားလာတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့လည်း G7 နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်သွားမယ်လို့ ဝန်ကြီး Blinken က ပြောပါတယ်။
ဂါဇာဒေသမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအတွက် စစ်ဆင်ရေးတွေကိုယာယီရပ်နားပေးဖို့ စဉ်းစားမဲ့အကြောင်း အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း လုံးဝအပစ်အခတ်ရပ်စဲရေးကို လက်ခံမှာ မဟုတ်ဘဲ ဟားမတ်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်