မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ပစ်ခတ်ရာကနေ တရုတ်နိုင်ငံသားအချို့ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သတ်လို့ လက်မခံနိုင်ကြောင်း တရုတ်နိုင်ငံဘက်က ဒီကနေ့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး၊ အရပ်သားသေကျေ ထိခိုက်မှုတွေနဲ့ ခန့်မှန်းခြေ လူပေါင်း ၃ သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ ပြောလိုက်ပါတယ်။
“ဟားမတ်စ်တွေ အခိုင်အမာစွဲထားတဲ့ မြောက်ပိုင်းနဲ့ ဂါဇာတောင်ပိုင်းကိုခွဲခြားလိုက်ပြီး ကျနော်တို့က ဝိုင်းကြီးချုပ်လိုက်ပါပြီ” ရစ်ချတ် ဟက်ချ် (Richard Hecht) အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ
“စစ်သာဖြစ်ခဲ့ရင် ... တဲ့လား။ စစ်က တကမ္ဘာလုံးမှာ ဖြစ်နေတယ်လေ။ ပါလက်စတိုင်းတင် မကဘူး။ တောင်အာဖရိက၊ ကွန်ဂို၊ မြန်မာ .. ကမ္ဘာ့နေရာတိုင်းလိုမှာ” (ပုပ်ရဟန်းမင်းကြီး ဖရန်စစ်)
ဂါဇာဟာ နေ့တိုင်း ရာချီတဲ့ ကလေးတွေအတွက် သင်္ချိုင်းမြေဖြစ်နေပြီး လူသားချင်းစာနာထောက်ထားရေး အပစ်အခတ်ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ် က တနင်္လာနေ့က အရေးပေါ် ပန်ကြားလိုက်ပါတယ်။
အစ္စရေး-ဟားမတ်စ် ပဋိပက္ခအပါအဝင် ကမ္ဘာ့ စိန်ခေါ်ချက်တွေ ရှိနေပေမဲ့ အင်ဒိုပစိဖိတ်ဒေသကို အမေရိကန်က အဓိကထားပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ တူ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မကြာသေးခင်ကစ တိုက်ပွဲတွေ အရှိန်မြင့်လာတာနဲ့ အတူ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ တရုတ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Nong Rong က ဒီကနေ့ ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းတွေ ချက်ချင်းလုပ်ဆောင်ကြဖို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာ ပရဟိတအဖွဲ့တွေက ပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာ ပိတ်မိနေတဲ့ ထိုင်း နိုင်ငံသား ၁၆၂ ဦး၊ နေရပ်ကို ပြန်လာနိုင်ဖို့ကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေးဖို့ ထိုင်း ဒုရဲချုပ် Surachate Hakparn (ဆူရာချတ် ဟတ်ပန်) မြန်မာနိုင်ငံကို ဒီကနေ့ တနင်္လာနေ့မှာ သွားရောက်မှာဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ လာမယ့်မျိုးဆက်ကို အာဏာလွှဲမယ်လို့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong က တနင်္ဂနွေနေ့မှာ ကြေညာပြီး ၇၁ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာလီဟာ ၇၀ ပြည့်မွေးနေ့မတိုင်မီ ၂၀၂၂ မှာ ဒုတိယခေါင်းဆောင် လောရင့်စ် ဝေါင်း (Lawrence Wong) ကို လွှဲပေးဖို့စီစဥ်ခဲ့ပါတယ်။
ဟားမတ်စ်ကဖမ်းသွားတဲ့ ဓားစာခံတွေလွှတ်မပေးမချင်း အပစ်ရပ်စဲရေးရှိမှာမဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်န်ဂျမင် နာတန်ယာဟုက ပြောလိုက်ပြီး အောက်တိုဘာ ၇ ရက်ကတည်းက အကြမ်းဖက်တွေရဲ့ပစ်မှတ်ပေါင်း ၂,၅၀၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က တနင်္ဂနွေနေ့က တယ်လီဂရမ် လူမှု စာမျက်နှာမှာ ပြောကြားလိုက်ပါတယ်။
ကေအန်ယူတပ်မဟာ (၃) ထိန်းချုပ်ရာ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက ဒီရက်ပိုင်းမှာပဲ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ရွာသားတဦးသေဆုံး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
နျူကလီယာ ရေငုပ်သင်္ဘောကနေ နျူကလီယာထိပ်ဖူးတွေ သယ်ဆောင်နိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ပြောပါတယ်။
အီရန်နိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ဟားမတ်စ် ခေါင်းဆောင် အစ္စမေးလ် ဟာနီယေး (Ismail Haniyeh) နဲ့ တီဟီရန်မြို့မှာ တွေ့ဆုံခဲ့တယ်လို့ အီရန်နိုင်ငံတော်ပိုင် မီဒီယာတွေက တနင်္ဂနွေနေ့ က ပြောပါတယ်။
အာရှဒေသမှာ ပထမဆုံး လိင်တူစုံမတ်သူတွေရဲ့ အားကစားပွဲတော် Gay Games Hong Kong ကို စနေနေ့က စတင်လိုက်ပါတယ်။ လိင်တူစုံမက်သူ LGBTQ အသိုင်းအဝိုင်းကို ဆန့်ကျင်တဲ့ လွှတ်တော်အမတ်တွေနဲ့ လူ့အခွင့်အရေးသမားတွေကပါ ကန့်ကွက်တာတွေ ရှိနေတဲ့ကြားကပဲ ဒီ အားကစားပွဲတော်ကို စတင်လိုက်တာပါ။
ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတာ တပတ်ကြာလာနေပြီ ဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် (၃) ဖွဲ့က သူတို့ရဲ့ ထိုးစစ်ဟာ အောင်မြင်မှုတွေ ဆက်ရနေတယ်လို့ သောကြာနေ့က ပြောလိုက်ပါတယ်။
တရုတ်ဝန်ကြီးချုပ်ဟောင်း Li Keqiang ရဲ့ ဈာပနအခမ်းအနားကို ရဲအင်အား ထူထူထပ်ထပ်ချထားပြီး ကြာသပတေးနေ့မှာ အကျဥ်းရုံး ကျင်းပခဲ့ပြီး သူ့ရုပ်အလောင်းကိုတော့ တရုတ်နိုင်ငံ့ခေါင်းဆောင်တွေ မြှုပ်နှံလေ့ရှိတဲ့ Babaoshan (ဘာဘောင်ရှန်) တော်လှန်ရေးသင်္ချိုင်းမှာပဲ မြှုပ်နှံပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အရှေ့အလယ်ပိုင်းဒေသခရီးစဉ် အစည်းအဝေးတွေပြီးရင် လာမယ့်သီတင်းပတ်ထဲ ဂျပန်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတို့ကို သွားဖို့ရှိပြီး ဂါဇာပဋိပက္ခမှာ အရပ်သားထိခိုက်သေကြေမှု နည်းနိုင်သမျှနည်းအောင် ဒေသတွင်းနိုင်ငံတွေနဲ့ ညှိနှိုင်းဆွေးနွေးသွားဖို့ရှိပါတယ်။
ဂါဇာဒေသတွင်း လူသားချင်းစာနာမှုအကျပ်အတည်းတွေဆိုးဝါးလာတာကြောင့် တိုက်ခိုက်မှုတွေကို ယာယီဆိုင်းထားဖို့ သံတမန်ရေးကြိုးပမ်းနေတဲ့ကြားမှာပဲ အစ္စရေးက ဂါဇာကို မြေပြင်ထိုးစစ်တွေ တွန်းလုပ်နေပါတယ်။
“Mission: Impossible” ၈ ကားမြောက် ရုပ်ရှင်ဇာတ်ကားကို ရုံတင်ဖို့ နောက်တနှစ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ မင်းသား၊ မင်းသမီးတွေနဲ့ ဇာတ်ညွှန်းဆရာတွေ အလုပ်မလုပ်ပဲ ၃ လကျော် သပိတ်မှောက်ထားလို့ ရုပ်ရှင်ကားတွေ ရုံမတင်နိုင်ပဲ ဖြစ်ရတာကနေ နောက်တသုတ် ထပ်ပြီးရက်ရွှေ့ရတာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်