ရုရှားကျူးကျော်စစ်ကြောင့် ထွက်ပြေးလာကြတဲ့ ယူကရိန်းဒုက္ခသည် ၁ သန်းအပြင် ဂျာမနီနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားကြသူတွေက တိုးသထက်တိုးလာတာကြောင့် ယာယီခိုလှုံရာစခန်းတွေမှာ ဒုက္ခသည်တွေနဲ့ ပြည့်နေပါတယ်။ ဒါက ဂျာမနီတလွှားမှာ ကြုံနေကြရတဲ့ပြဿနာပါ။
အစ္စရေး၊ အီဂျစ်နဲ့ Hamas စစ်သွေးကြွအဖွဲ့ကို ကြားဝင်ညှိပေးတဲ့ Qatar နိုင်ငံတို့ကြားရထားတဲ့ သဘောတူညီမှုအရ နိုင်ငံခြားသားတွေနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ ပါလက်စတိုင်းတချို့ ဂါဇာဒေသကနေ ထွက်ခွာနေကြတာဖြစ်ပါတယ်။
တရုတ်ဝန်ကြီးချုပ်ဟောင်း Le Keqiang ရဲ့ ဈာပနကို တရုတ်နိုင်ငံရဲ့ နိုင်ငံတော်ဈာပနတွေ နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ သဂြိုဟ်မြှုပ်နှံတဲ့ Babaoshan တော်လှန်ရေးသင်္ချိုင်းမှာ သိပ်ခမ်းခမ်းနားနားမဟုတ်ဘဲ ဒီနေ့မှာ ကျင်းပခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးလို့ခေါ်တဲ့ ရှမ်းမြောက်တိုက်ပွဲတွေမှာ ရခိုင် လက်နက်ကိုင် AA အဖွဲ့ပါဝင်နေတာကြောင့် အပစ်ရပ်ထားတဲ့ ရခိုင်မှာ တိုက်ပွဲတွေဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။
ညီနောင် မဟာမိတ် ၃ ဖွဲ့ပေါင်းပြီး တရုတ် မြန်မာနယ်စပ်က အရေးပါတဲ့ စစ်တပ်စခန်းတွေ ထိန်းချုပ်နယ်မြေတွေကို အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင် တိုက်ခိုက်ခဲ့ပြီးကတည်းက တိုက်ပွဲတွေဖြစ်နေတာမို့ အပစ်ရပ်ဖို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက နယ်စပ်လုံခြုံရေးအတွက် ဒီနေ့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။
ဂါဖာစစ်ပွဲစကတည်းက ပိတ်မိနေတဲ့ နိုင်ငံခြားသားတချို့ ဂါဇာကမ်းမြောင်ကနေ အီဂျစ်ကို ပထမဆုံးထွက်ခွာခွင့်ရခဲ့ပြီး နိုင်ငံခြားနိုင်ငံကူးလက်မှတ်ကိုင်ထားသူတွေကို ထွက်ခွာခွင့်ပြုဖို့ အီဂျစ် ရာဖာနယ်စပ်ကို ပြန်ဖွင့်ပေးရေး အစ္စရေး၊ အီဂျစ်နဲ့ ဟားမတ်စ်ကြား ကာတာက စေ့စပ်ပေးတဲ့ သဘောတူညီချက်ရဲ့တစိတ်တပိုင်းဖြစ်ပါတယ်။
ဂါဇာက ဟားမတ်စ်ပစ်မှတ်တွေကို အစ္စရေးက လက်တုံ့ပြန်ချေမှုန်းရေး အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်ဟာ အစ္စရေးနဲ့ ဂျော်ဒန်ကို သွားမယ့်ခရီးစဥ်ကို ဒီနေ့ ကြာသပတေးနေ့မှာပဲ စတင်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေ အမှုကိစ္စတွေအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရနိုင်ဖို့ တရားဝင် တင်ပြလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။ နောက်ပြီး အယူခံပယ်ချခံရတဲ့ အမှု ၇ မှုကိုလည်း အထူးအယူခံအနေနဲ့ ပြင်ဆင်ချက်တက်ဖို့ တင်လိုက်တယ်လို့လည်း တရားရုံးနဲ့ နီးစပ်သူတွေကပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့အနီးမှာ အခြေစိုက်တဲ့ ခလ၇ ၁၄၃ တပ်ရင်းက တပ်ရင်း တရင်းလုံး ဒီလ ၃၀ ရက်နေ့ လက်နက်ချခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ လက်နက်ချရာမှာ အရာရှိ စစ်သည် စုစုပေါင်း ၄၁ ဦးပါဝင်ကြောင်း MNDAA ကိုးကန့်တပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ လီကျာဝင်းက VOA ကို ပြောပါတယ်။
မြန်မာပြည်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်ကိုထွက်ပြေးတဲ့ ရာပေါင်းများစွာသောလူတွေအပါအဝင် လူတွေထောင်ချီပြီး အိုးအိမ်စွန့်ခွါထွက်ပြေးကြရမှာကို စိုးရိမ်ရကြောင်း ကုလသမဂ္ဂက တနင်္လာနေ့ က ပြောပါတယ်။
မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း MOGE နဲ့ ပတ်သက်ဆက်နွယ်မှုတွေကို ကန့်သတ်အရေးယူမှုတရပ် အမေရိကန်ပြည်ထောင်စုက ချမှတ်ပါတယ်။ လုံးဝကြီး ပိတ်ဆို့အရေးယူမှုမျိုးမဟုတ်ဘဲ အမေရိကန်ရဲ့ဘဏ္ဍာရေးဝန်ဆောင်မှုတွေကိုပဲ ကန့်သတ်တားမြစ်လိုက်တာဖြစ်ပြီး ဒီအရေးယူမှုဟာ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။
အစ္စရေးက အင်္ဂါနေ့ လေကြောင်းတိုက်ခိုက်ရာမှာ ဂါဇာစီးတီးမြို့နားက ဒုက္ခသည်စခန်းတခုကိုထိမှန်ပြီး တိုက်ခန်းအဆောက်အဦးတွေ ပြိုကျ၊ အဲဒီနေရာတွေမှာ ကျင်းကြီးတွေဖြစ်ကျန်ခဲ့ပါတယ်။
ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေး ၅ ရက်တာကာလအတွင်းမှာ စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၈၀ ကျော်အပါအဝင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီမြို့တွေကို အလုံးစုံထိန်းချုပ်လိုက်နိုင်တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က အောက်တိုဘာ ၃၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
နေ့ချင်းပြန် ခရီးစဉ်အတွင်း ဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး၊ ဘယ်သူဘယ်ဝါ ဆိုတာတွေကို စစ်ဆေးအတည်ပြုမယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်ရေးရာ ဒုတိယကော်မရှင်နာမင်းကြီး Shamsud Douza ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။
တရုတ်နိုင်ငံတော်ကောင်စီဝင် Wang Xiaohong ဟာ နေပြည်တော်မှာ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တွေ့ဆုံခဲ့ကြောင်းလည်း နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ပါလက်စတိုင်းပြဿနာနဲ့ ပတ်သက်ပြီး အားလုံးအကျုံးဝင်၊ တရားမျှတ၊ တာရှည်ခံတဲ့သဘောတူညီချက် ရရှိအောင် တရုတ်က မနားမနေအားထုတ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်းန်ဘင် (Wang Wenbin) က တနင်္လာနေ့ ဘေကျင်းမှာ ပြောပါတယ်။
ဂါဇာမြေပြင်စစ်ဆင်ရေးက စနစ်တကျ တိုးတက်နေတယ်လို့ တနင်္လာနေ့က အစ္စရေးအစိုးရအဖွဲ့ အစည်းအဝေး မှာ ဝန်ကြီးချုပ်နေတန်ရာဟုက ပြောလိုက်ချိန်မှာပဲ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ဆေးရုံတွေနား ကို နီးသထက်နီးလာတဲ့အတွက် ကုလသမဂ္ဂနဲ့ ဆေးဘက်ဝန်ထမ်းတွေ စိုးရိမ်နေကြပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ရှမ်းပြည်မြောက်ပိုင်း သုံးရက်တာစစ်ဆင်ရေးအတွင်း စစ်ကောင်စီ တပ်အခြေစိုက် စခန်းပေါင်း ၆၀ ဝန်းကျင်ကို သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၃၇ ဦးကို ဖမ်းဆီးရမိထားတယ်လို့ ကိုးကန့်သတင်းမီဒီယာက မနေ့က ထုတ်ပြန်ထားပါတယ်။
နာမည်အထူးကျော်ပြီး လူကြိုက်များတဲ့ အမေရိကန်ရုပ်သံဇာတ်လမ်းတွဲ Friends မှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျယ်လိစ်မြို့က နေအိမ် ရေချိုးကန်ထဲမှာ အသက်ပျောက်နေတာကို အပြင်ကပြန်လာတဲ့ သူ့လက်ထောက်က တွေ့ခဲ့တာပါ။
တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နဲ့ အမေရိကန်သမ္မ ဂျိုးဘိုင်ဒန်တို့ တွေ့ဆုံကြမယ့်လမ်းက မချောမွေ့လှဘူးလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးက တနင်္ဂနွေနေ့ က ပြောပါတယ်။ ရလဒ်ကောင်းတွေရဖို့ နှစ်ဘက်လုံး အတူတကွ လုပ်ကြရပါမယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်