“ညီအစ်ကိုမောင်နှမများ စစ်ကို ရပ်ကြပါ။ စစ်ဆိုတာ အမြဲ အရှုံးချည်းပါ။ “အထူးသဖြင့် ဂါဇာမှာ လူသားချင်းစာနာထောက်ထားရေးအတွက် နေရာ ရှိပါစေ။ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကိုလည်း ချက်ချင်း လွှတ်ကြပါ” လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်စ် က ပြော ပါတယ်။
စစ်ပြီးသွားတဲ့အခါ နိုင်ငံ ၂ နိုင်ငံ တည်ထောင်ဖြေရှင်းရေး သဘောတူညီချက်ရရှိအောင် အားထုတ်ကြဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အစ္စရေးနဲ့ အာရပ်ခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။
ဂါဇာစစ်ပွဲဟာ ဒုတိယအဆင့်ကို ဝင်ရောက်သွားပြီဖြစ်ပြီး စစ်က ကြာရှည်ခက်ခဲလိမ့်မယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်န်ဂျမင် နာတန်ရာဟုက စနေနေ့ညက တနိုင်ငံလုံးကို မိန့်ခွန်းပြောကြားလိုက်ပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်အကြား အကြမ်းဖက်တိုက်ခိုက်မှုတွေမြင့်တက်နေပြီး၊ သန်းနဲ့ချီတဲ့ပါလက်စတိုင်းအရပ်သားတွေ ဂါဇာဒေသမှာပိတ်မိနေတဲ့အတွက် အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်ပြီး၊ အခြားနည်းလမ်းတွေရှာဖွေဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးကတိုက်တွန်းလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် Sheikh Hasina ရာထူးက ဆင်းပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာမှာ ဒါကာမြို့တော်က ဆန္ဒပြပွဲမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေကို ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးသုံးပြီး လူစုခွဲခဲ့ပါတယ်။
မြန်မာအရေးနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ကြား “ကွဲပြားမှု” မရှိကြောင်း တိုကျိုမှာ သောကြာနေ့က ပြုလုပ်တဲ့ Nikkei Asia သတင်းဌာနဲ့ အင်တာဗျူးမှာ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် Kao Kim Hourn က ပြောလိုက်ပါတယ်။
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့နဲ့ ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် (၃) ဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေး တရပ်ကို စတင်ကြောင်း သောကြာနေ့က ကြေညာ
“ကျနော်တို့ စကားတွေ ပြောနေတဲ့အချိန်မှာပါ ဂါဇာမှာ လူတွေ သေပွဲဝင်ရမယ့် အခြေအနေစိုက်နေပါပြီ” လို့လည်း ဂါဇာမှာ အဓိက ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ အလုပ်အဖွဲ့ UNRWA ရဲ့ အကြီးအကဲ Philippe Lazzarini က သောကြာနေ့ အစောပိုင်းက သတင်းထောက်တွေကို ပြောပါတယ်။
လခြမ်းနီအဖွဲ့ရဲ့ ပြောဆိုချက်အရ သူတို့ရဲ့ ဆေးအဖွဲ့တွေနဲ့ အဆက်အသွယ် ပြတ်နေသလို ဒေသခံတွေ အနေနဲ့ အရေးပေါ်လူနာတင်ယာဉ်တွေကို ခေါ်ဆိုနိုင်ခြင်း မရှိတော့ဘူး ဆိုပါတယ်။ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကလည်း သူတို့ရဲ့ ဝန်ထမ်းအနည်းစုကိုသာ ဂြိုလ်တုဖုန်းတွေကို သုံးပြီး အဆက်အသွယ်ရနေတယ်လို့ဆိုပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အမေရိကန်ကို ရောက်နေတဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ တို့ သောကြာနေ့က သမ္မတ အိမ်ဖြူတော်မှာ ၁ နာရီကြာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုဟာ ပြိုင်ဘက်နိုင်ငံကြီး နှစ်ခုကြား ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်ဖို့ အခွင့်လမ်းကောင်းလို့ အိမ်ဖြူတော်ကဆိုပါတယ်။
တရုတ်ဝန်ကြီးချုပ်ဟောင်း လီခေ့ချန် (Li Keqiang) ဟာ ရုတ်တရက် နှလုံးရောဂါနဲ့ အသက် ၆၈ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက ထိပ်တန်းခေါင်းဆောင်တယောက်ဖြစ်ခဲ့တဲ့ Li Keqiang ဟာ ၂၀၁၃ ကစပြီး ၁၀ နှစ်ကြာ တာဝန်ယူခဲ့မှုအတွင်း တရုတ်နိုင်ငံ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အဓိကထား လုပ်ခဲ့ပါတယ်။
လောက်ကိုင်၊ ချင်းရွှေဟော်နဲ့ လားရှိုး၊ သိန္နီအနီးမှာ တိုက်ပွဲဖြစ်စဉ်တွေရှိခဲ့ပြီး လုံခြုံရေးရဲတပ်ဖွဲ့စခန်းနဲ့ ပြည်သူ့စစ်စခန်းတချို့ ကျဆုံးခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေလှုပ်ရှားနေတဲ့ နယ်မြေမှာ ၁၀၂၇ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးကြေညာပြီး စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေကို စတင်တိုက်ခိုက်နေပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA၊ တအာင်း TNLA နဲ့ ရခိုင်တပ်တော် AA တို့က ကြေညာချက်ထုတ်ပြန်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသတင်းမာမှုရဲ့ ရိုက်ခတ်ချက်ကြောင့် အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဂျူး၊ အာရပ်နဲ့ မူဆလင် အသိုင်းအဝိုင်းတွေအပေါ် ခြိမ်းခြောက်မှုတွေ တိုးလာနေပြီး အမေရိကန် အမိမြေလုံခြုံရေးဌာနနဲ့ ရဲဌာနတွေက အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။
အစ္စရေးက ပြီးခဲ့တဲ့ သီတင်းသုံးပတ်လုံး ဂါဇာကို လေကြောင်းကတိုက်ခိုက်ခဲ့ပြီးနောက် အခုတော့ မြေပြင်စစ်ဆင်ရေးတရပ်ဆင်နွဲခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
ရာပေါင်းများစွာသော ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကြာသပတေးနေ့က အမေရိကန် အရှေ့မြောက်ဘက်ခြမ်း Maine ပြည်နယ်အတွင်း ဖြန့်ချထားပြီး လူ ၁၈ ဦး သေဆုံးအောင် ပစ်ခတ်သွားတဲ့ သံသယရှိသူကို ဖမ်းမိနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
အမေရိကန်-တရုတ် နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်ဖို့နဲ့ ခိုင်မြဲတည်တံတဲ့ဖွံဖြိုးမှုလမ်းကြောင်းကို ပြန်သွားနိုင်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့ ကြိုးစားနေတယ်လို့ ဝါရှင်တန်ဒီစီကိုရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောလိုက်ပါတယ်။
အစ္စရေးနယ်မြေထဲက ဖမ်းဆီးသွားတဲ့ အရပ်သားအကျဥ်းသားတွေကို ဟားမတ်စ်အဖွဲ့က ပြန်လွှတ်ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian က ပြောပြီး အစ္စရေးမှာဖမ်းထားတဲ့ ပါလက်စတိုင်းလူမျိုး (၆,၀၀၀) ကိုလည်း ပြန်လွှတ်ပေးရလိမ့်မယ်လို့ သူကပြောလိုက်ပါတယ်။
၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းအထိ လူတွေ နေရပ်စွန့်ထွက်ပြေးရတဲ့ အဓိက အကြောင်းတွေက ယူကရိန်းစစ်ပွဲ၊ ဆူဒန်နဲ့ ကွန်ဂိုနိုင်ငံတွေမှာဖြစ်နေတဲ့ ပဋိပက္ခ၊ မြန်မာနိုင်ငံက တိုက်ပွဲတွေကြောင့်ဖြစ်တယ်လို့ UNHCR က ဒီနေ့ အောက်တိုဘာ ၂၅ ရက်နေ့ နေ့စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ယူကရိန်းနိုင်ငံသားတွေဟာ စစ်ပွဲကြောင့် သူတို့ရဲ့ စီးပွာရေး၊ ဘဏ္ဍာရေး နဲ့ စိတ်ပိုင်းဆိုင်ရာအရ ရုန်းကန်နေရပေမဲ့လည်း၊ သူတို့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ အကောင်းမြင်ထားတုန်းပဲ ဖြစ်တယ်လို့ ဒီနေ့ထုတ်ပြန်လိုက်တဲ့ Gallup လူထုစစ်တမ်းမှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်