ဩစတြေးလျနိုင်ငံဟာ ငြိမ်းချမ်းမှု၊ သာယာ၀ပြောမှုတွေနဲ့ အခြေတည်ထားတယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အိမ်ဖြူတော်ကိုရောက်လာတဲ့ ဩစတြေးလျဝန်ကြီးချုပ် Anthony Albanese နဲ့အတူ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ရုရှားစစ်တပ်ဟာ ပုံတူနျူကလီးယား တိုက်ခိုက်မှုပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတခုကို ဗုဒ္ဓဟူးနေ့က လုပ်ခဲ့ပြီး ရုရှားနိုင်ငံပိုင်ရုပ်မြင်သံကြား ထုတ်လွှင့်ချက်ထဲမှာ ဒီစစ်ရေးလေ့ကျင့်မှုကို သမ္မတ ဗလာဒီမီယာပူတင်ကိုယ်တိုင် ဗွီဒီယိုခေါ်ဆိုမှုက တဆင့် ကြီးကြပ်ခဲ့ကြောင်း တွေ့မြင်ရပါတယ်။
ဂါဇာက စျေးဆိုင်တွေမှာ လက်ကျန် စားနပ်ရိက္ခာက ငါးရက်စာလောက်ပဲ ရှိတော့ပြီး “ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ လက်ရှိထောက်ပံ့နေတဲ့ မရှိမဖြစ်လိုအပ်တဲ့ အစားအစာ လက်ကျန်က ၁၂ ရက်စာလောက်ပဲ ရှိတော့တယ်” လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က သတင်းထောက်တွေကို ပြောပါတယ်။
ရီပတ်ဘလီကန်အောက်လွှတ်တော်အမတ် Mike Johnson ကို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်ကြပါပြီ။ အမေရိကန်ပြည်ထောင်စုရဲ့ထိပ်ဆုံးခေါင်းဆောင်မှုထဲမှာပါဝင်တဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌနေရာ လစ်လပ်နေတာ ၂၂ ရက်ကြာပြီးတဲ့နောက် အခုလို ရွေးချယ်နိုင်ခဲ့တာပါ။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ဒီနေ့ကစပြီး သုံးရက်ကြာခရီးစဉ်အဖြစ် ဝါရှင်တန်ကို လာရောက်ဖို့ရှိပြီး ဒါဟာ တရုတ်က ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် အမေရိကန်နဲ့ ပြိုင်ဆိုင်မှုမြင့်တက်နေချိန် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိအဆင့် ဆက်ဆံမှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့ထဲက နောက်ဆုံးဖြစ်ပါတယ်။
ဟားမတ်စ်ဘက်ကအသုံးပြုတဲ့ မြေအောက် ဥမင်လှိုင်ခေါင်းတွေ၊ လက်နက်တွေနဲ့ စစ်လက်နက် သိုလှောင်ထားတဲ့နေရာတွေ၊ မစ်ဇိုင်းဒုံး ပစ်ခတ်တဲ့ ပစ်စင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့လည်း အစ္စရေး စစ်တပ်က ပြောပါတယ်။
မြန်မာနိုင်ငံရှိ လူနည်းစု ချင်းလူမျိုး ခရစ်ယာန်ဘာသာဝင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးပေး ဖို့အတွက် ချင်းတိုင်းရင်းသား ၅ ဦးက ဖိလစ်ပိုင် တရားရေးဌာနမှာ တိုင်ကြား တောင်းဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံက ကာကွယ်ရေးဝန်ကြီး Li Shangfu ကို ရာထူးခန့်ထားပြီး ၇ လအကြာမှာ ရာထူးက ထုတ်ပယ်လိုက်ပြီး ဒါဟာ လများစွာအတွင်း ထိပ်တန်းတာဝန်ရှိသူတယောက်ကို ဒုတိယအကြိမ် ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ အစ္စရေးက ဂါဇာက နေရာ ၄၀၀ ကျော်ကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပင်လယ်ကမ်းခြေမှာရှိတဲ့ ဒုက္ခသည်စခန်းအပါအဝင် လူ ရာပေါင်းများစွာသေခဲ့တယ်လို့ ပါလက်စတိုင်းတာဝန်ရှိသူတွေ က ပြောပါတယ်။
အစ္စရေးနဲ့ဟားမတ်စ်ကြား စစ်ပွဲတွေဆက်ဖြစ်နေတာနဲ့အမျှ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အစ္စလာမ် ဘာသာရေးအဖွဲ့အစည်းတွေ၊ ဂျူးဘုရားကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ အကြမ်းဖက်ဖို့ ခြိမ်းခြောက်တာတွေ ကြုံလာရပါတယ်။
ဂါဇာမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာတွေရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က အင်္ဂါနေ့က စွပ်စွဲလိုက်ပြီး ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီ ပိုအားနည်းသွားအောင်လုပ်နိုင်မယ့် ပိုပြီး ထိရောက်တဲ့လမ်းကြောင်းဖောက်နိုင်ဖို့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က အထွေထွေညီလာခံရဲ့ တတိယကော်မီတီကို ပြောကြားလိုက်ပါတယ်။
ပြင်သစ်သမ္မတ Emmanuel Macron ဟာ အစ္စရေးနိုင်ငံကို ဒီနေ့သွားရောက်ခဲ့ပါတယ်။ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုအပြီး အစ္စရေးနဲ့ စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသဖို့နဲ့ ဂါဇာကမ်းမြှောင်မှာရှိတဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ တွန်းအားပေးတဲ့အနေနဲ့ အစ္စရေးကို နောက်ဆုံးရောက်နေတဲ့ ကမ္ဘာ့ခေါင်းဆောင်လည်းဖြစ်ပါတယ်။
ကမ္ဘာတဝှမ်း ကြီးမားတဲ့ ပဋိပက္ခနဲ့ စစ်ပွဲတွေ ရင်ဆိုင်နေရချိန်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေကိုလည်း လျစ်လျုရှုမထားဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အတိုက်အခံတွေအပေါ် ရက်စက်ညှဉ်းပန်းမှုတွေအပါအဝင် ရာဇဝတ်မှုတွေ ဗြောင်ကျကျ နေရာအနှံ့ ကျုးလွန်လာတာ တွေ့ရတဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့ IIMM က ပြောဆိုပါတယ်။
နိုဝင်ဘာ ၁ ရက်ကစပြီး ရုရှားခရီးသွားတွေကို ဗီဇာမလို ရက် ၉၀ နေခွင့် ထိုင်းနိုင်ငံက တိုးမြှင့်ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ် ပိုးလမ်းမသစ်ညီလာခံမှာ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝိစင် S(rettha Thavisin) နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဘေးပန်းမတွေ့ဆုံမီမှာပဲ ဒီလို ရက်တိုးပေးမယ့် သတင်းက ထွက်လာခဲ့တာပါ။
တနင်္လာနေ့မှာ အသက်အရွယ်ကြီးသူ အစ္စရေး ၂ ယောက်ကို ထပ်လွှတ်လိုက်တဲ့အတွက် ဖမ်းထားသူ ၂၀၀ ကျော်အနက် ဟားမတ်စ်က လွှတ်ပေးခဲ့တာ ၄ ယောက် ရှိသွားပါပြီ။
ဆွီဒင်နိုင်ငံက မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ်နိုင်ငံများအဖွဲ့ (NATO) အဖွဲ့ဝင် လျှောက်လွှာကို တူရကီသမ္မတ ရီဆက်ပ် တေယစ်ပ် အာဒိုဂန် (Recep Tayyip Erdogan) က ပါလီမန်ကို တနင်္လာနေ့က တရားဝင် တင်လိုက်တာကို အမေရိကန်နိုင်ငံက တနင်္လာနေ့မှာပဲ ကြိုဆိုလိုက်ပါတယ်။
အရှေ့အလယ်ပိုင်းမှာ အမေရိကန်တပ်တွေ ချထားတာကြောင့် အစ္စရေး ဟားမတ်စ် စစ်က ပိုပြီးပြင်းထန်လာမယ့်အန္တရာယ် ကြီးမားလာနေတယ်လို့ အာမေးနီးယား၊ အဇာဘိုင်ဂျန်ပဋိပက္ခအရေး အီရန်က အိမ်ရှင်အဖြစ်ကျင်းပတဲ့ဆွေးနွေးပွဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာ့ဗ်ဗရော့ဗ်က တနင်္လာနေ့က ပြောလိုက်ပါတယ်။
လူသားချင်း စာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုဖို့ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးတွေ စဉ်းစားနေချိန်မှာပဲ အစ္စရေးစစ်တပ်က ဂါဇာကမ်းမြှောင်ဒေသကို ဒီကနေ့လည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်