မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံတွေမှာ အခြေစိုက်ထားတဲ့ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကို တရုတ်နိုင်ငံက နှိမ်နင်းရာမှာ လူပေါင်းထောင်ချီ ဖမ်းဆီးနိုင်ခဲ့ပေမဲ့ ထိရောက်မှု မရှိသေးဘူးလို့ ကျွမ်းကျင်သူတချို့က ထောက်ပြကြပါတယ်။
ဖမ်းဆီးထားသူတွေကို မိသားစုတွေ၊ ရှေ့နေတွေနဲ့ ဒီသီတင်းပတ်ထဲ တွေ့ဆုံခွင့်ပြုဖို့ ရှိနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်လည်း အလားတူ အခွင့်အရေးရဖို့ မျှော်လင့်ရပေမဲ့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အတည်မပြုပါဘူး။
ပေါ်ထွက်လာနေတဲ့ မြောက်ကိုရီးယား ညနျူကလီယားအန္တရာယ်ကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယား၊ အမေရိကန် နဲ့ ဂျပန်စစ်တပ်တွေဟာ ပထမဆုံးအကြိမ်အဖြစ် ပူးတွဲ လေကြောင်းစစ်ရေးလေ့ကျင့်ကြပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို တနင်္ဂနွေနေ့က လူသားချင်းစာနာထောက်ထားရေး အကူတွေ ပိုဝင်လာခဲ့ပေမဲ့ ဗုဒ္ဓဟူးနေ့ မှာ လောင်စာပြတ်လိမ့်မယ်လို့ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးဌာန UNRWA က သတိပေးလိုက်ပါတယ်။
နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုထိန်းသိမ်းရေးဟာ ကုလသမဂ္ဂနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးနဲ့ ခွဲခြားလို့ မရနိုင်ဘဲ မြန်မာ့အကြပ်အတည်းဖြေရှင်းရေးအတွက် ဆက်လက်လုပ်ဆောင်မယ်လို့ မလေးရှားက ပြောလိုက်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့၂၀၂၅ မှာ အာကာသထဲ လူလွှတ်နိုင်မယ့် ဂါဂါညန် (Gaganyaan) လို့အမည်ပေးထားတဲ့အစီအစဥ်ရဲ့ အဓိကစမ်းသပ်မှုတခုကို စနေနေ့က ပထမဆုံးအကြိမ် အောင်အောင်မြင်မြင်နဲ့ စမ်းသပ်နိုင်ခဲ့ပါတယ်။
အကျင့်ပျက်ခြစားမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Nawaz Sharif ဟာ ပြည်ပမှာ ၄ နှစ်ကြာ တိမ်းရှောင် နေခဲ့ပြီးတဲ့နောက် ၂၁ ရက်၊ စနေနေ့က တိုင်းပြည်မှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုမှာ ပါကစ္စတန်ကို ပြန်ရောက်လာပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဗုံးကြဲ တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့တောင်းဆိုပြီး ပါလက်စတိုင်းသားတွေနဲ့အတူ ရပ်တည်ကြောင်းပြသတဲ့ လူထုစုဝေးဆန္ဒပြပွဲတွေ ကမ္ဘာ့နိုင်ငံအတော်များများမှာ ဒီရက်ပိုင်း ဆက်တိုက် ကျင်းပနေကြပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်ကြား အကြမ်းဖက်ပဋိပက္ခတွေရပ်တန့်ရေး အဖြေရှာဖို့အတွက် အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကိုင်ရိုမြို့တော် ထိပ်သီးဆွေးနွေးပွဲဟာ စနေနေ့က သဘောတူညီချက်တစုံတရာမရရှိဘဲ အဆုံးသတ်သွားခဲ့ပါတယ်။
ဒီလ ၇ ရက်က အစ္စရေးကို ဟားမတ်စ်အဖွဲ့တွေတိုက်ခိုက်ခဲ့ပြီး အစ္စရေးကလည်း လက်တုံ့ပြန်ချိန်ကစလို့ လူသားဘေးဒုက္ခ အကျပ်အတည်းတွေ ကြုံနေရတဲ့ ဂါဇာဒေသထဲကို အစားအသောက်နဲ့ ဆေးဝါးတွေပါတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပထမဆုံးအကြိမ်ပေးပို့ခွင့်ရပြီဖြစ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြိုဆိုလိုက်ပါတယ်။
အစ္စရေးကို ဟားမတ်စ် လက်နက်ကိုင်အဖွဲ့တွေ နယ်စပ်ဖြတ်ကျော် ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပတ်ကတည်းက ဂါဇာမှာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန် ဓားစာခံနှစ်ဦးဖြစ်တဲ့ မိခင်နဲ့ ဆယ်ကျော်သက် အရွယ် သမီး တို့ကို ဟားမတ်စ်ဘက်က သောကြာနေ့က ပြန်လွှတ်ပေးခဲ့ကြောင်း အစ္စရေးအစိုးရက ပြောပါတယ်။
ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေ အသက်ရှင်သန်ရေးအတွက်လိုအပ်တဲ့ အကူအညီတွေကို ဂါဇာကိုဝင်တဲ့ အီဂျစ်နိုင်ငံနဲ့ နယ်စပ် Rafah ဂိတ်ကနေ အမြန်ဆုံး ဝင်ခွင့်ပေးပါလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က ဂါဇာဒေသမှာရှိတဲ့ အစ္စရေးမြို့တွေ ရွာတွေထဲ Hamas စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်မှုအတွင်းသေဆုံးခဲ့သူ ထိုင်းနိုင်ငံသား ၈ ယောက်ရဲ့ ရုပ်အလောင်းတွေ ဒီနေ့ ထိုင်းနိုင်ငံကို ပြန်ရောက်လာပါတယ်။
လက်ရှိ အရှေ့အလယ်ပိုင်းဒေသမှာဖြစ်နေတဲ့ တင်းမာမှုကြောင့် ကမ္ဘာတဝန်း ရေနံဖြန့်ဖြူးမှု ထိခိုက်နိုင်ပြီး ဈေးတက်နိုင်တယ်လို့ ပြင်သစ်အခြေစိုက် နိုင်ငံတကာ စွမ်းအင်အေဂျင်စီ IEA ကသတိပေးလိုက်ပါတယ်။
အစ္စရေးနဲ့ Hamas စစ်သွေးကြွတို့ကြား ဖြစ်နေတဲ့ ပဋိပက္ခက အရှေ့အလယ်ပိုင်းဒေသကိုကျော်လွန်ပြီး တင်းမာမှုတွေဖြစ်နေတာကြောင့် အမေရိကန်နိုင်ငံသားတွေ နိုင်ငံခြားခရီးသွားလာတဲ့အခါ ပိုပြီးသတိရှိကြဖို့ နိုင်ငံခြားရေးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ ပါလက်စတိုင်းဘက်က ဟားမတ်စ် စစ်သွေးကြွတွေကို တုံ့ပြန်တိုက်ခိုက်နေတဲ့ အစ္စရေးကို စစ်ရေးအရ ကူညီရေးနဲ့ ရုရှားကျုးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းစစ်ပွဲကို ထောက်ပံ့ရေး အမေရိကန်ရဲ့ ရပ်တည်ချက်၊ တုံ့ပြန်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး တိုင်းပြည်ကို မိန့်ခွန်းပြောကြားသွားပါတယ်။
ဗင်နီဇွဲလားကရွှေ့ပြောင်းအခြေချလိုသူတွေကို မူရင်းနိုင်ငံထဲ ပုံမှန်ပြန်ပို့တဲ့ လုပ်ငန်းစဉ်ကို အမေရိကန်အစိုးရက ၂၀၁၉ ခုနှစ်မှာကတည်းက ရပ်ထားခဲ့ပေမယ့် ဗုဒဟူးနေ့တုန်းကတော့ ဗင်နီဇွဲလားနိုင်ငံသား (၁၃၅) ဦးကို လက်ထိပ်ခပ်ပြီး Texas ပြည်နယ် Harlingen လေဆိပ်ကနေ ဗင်နီဇွဲလားနိုင်ငံ၊ Caracas ကို ပြန်ပို့လိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို မြေပြင်တပ်တွေ ဝင်ရောက်စီးနင်းဖို့ အစ္စရေးစစ်သည်သောင်းဂဏန်း အဆင်သင့်ပြင်ထားပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က ပြောလိုက်တာနဲ့ တချိန်တည်း ဟားမတ်စ်ထိန်းချုပ်ဒေသတွေကို အစ္စရေးတိုက်လေယာဉ်တွေက လေကြောင်းကနေ စစ်ဆင်တိုက်ခိုက်နေပါတယ်။
“အခက်အခဲကတော့ အများကြီးပဲ၊ အခုနက ကျနော်ပြောသလို ကိုယ့်စက်လှေနဲ့ ဆင်းလို့မရဘူး။ သူတို့သင်္ဘောနဲ့ပဲတင်ရမယ်၊ နောက်ပြီးတော့ သူတို့က တာဝန်ယူမှု တာဝန်ခံမှု မရှိဘူး၊ ဟိုတလောက ပစ္စည်းတွေထည့်လိုက်တာကို စစ်ကောင်စီက ပိုက်ဆံပေးပြီး ယူသွားတယ်။ အဲဒါကို သင်္ဘောသားက ပြန်မပေးဘူး။"(ဒေသခံ ကုန်သည်)
၂၀၂၃ ခုနှစ်အတွက် ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ Sakharov ဆုကို အီရန် ဘာသာရေးအစောင့်တပ်ဖွဲ့တွေ ထိန်းသိမ်းထားစဉ် သေဆုံးသွားခဲ့တဲ့ Mahsa Amini နဲ့ အီရန်နိုင်ငံက “အမျိုးသမီး၊ အသက်၊ လွတ်လပ်မှု” လှုပ်ရှားမှုကို ပူးတွဲချီးမြှင့်လိုက်ကြောင်း ဒီကနေ့ ကြေညာပါတယ်။
နောက်ထပ်ကြည့်ရှုရန်