ဂါဇာကမ်းမြောင်ဒေသက အစ္စရေးတို့အပေါ် Hamas စစ်သွေးကြွတွေ တိုက်ခိုက်ခဲ့တဲ့ကိစ္စ၊ ယူကရိန်းစစ်ပွဲအရေးကိစ္စတွေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ တုံ့ပြန်ပုံနဲ့ပတ်သက်လို့ အမေရိကန်သမ္မတ Joe Biden ဒီနေ့ ကြာသပတေးနေ့ ညကျရင် နိုင်ငံကို မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။
နျူကလီယာစမ်းသပ်မှု ပိတ်ပင်တားမြစ်ခြင်းသဘောတူညီချက် အတည်ပြုထားတာကို ရုရှားအောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့က ဖျက်သိမ်းလိုက်ပါတယ်။ ၁
ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း အရပ်သားတွေ သေဆုံးဒဏ်ရာရတဲ့ အရေအတွက်တိုးများနေပေမဲ့ အဲဒီသူတွေ ဆီ အကူအညီပို့နိုင်မယ့်အရေးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့အထိ အပိတ်အဆို့တွေ နဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
အစ္စရေး-ဟားမတ်စ် စစ်ကို လူသားချင်းစာနာထောက်ထားရေးသဘောအရ ခဏရပ်ဆိုင်းထားဖို့ တောင်းဆိုတဲ့ဆုံးဖြတ်ချက် ကို အစ္စရေးရဲ့ မိမိကိုယ်ကိုခုခံပိုင်ခွင့်အပေါ်လေးစားမှုမရှိတာကြောင့်လို့ အကြောင်းပြပြီး အမေရိကန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့က ဗီတိုအာဏာသုံး ပယ်ချလိုက်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးကိုသွားဖို့ ပြင်ဆင်နေဆဲမှာပဲ အင်္ဂါနေ့ည က ဂါဇာဆေးရုံ ထိမှန်ပေါက်ကွဲခဲ့တဲ့အတွက် လူရာပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ ဒီ တိုက်ခိုက်မှုမှာသေဆုံးသူ ၅၀၀ ရှိတယ်လို့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။
ကရင်နီပြည်နယ်ထဲမှာ စစ်အုပ်စုကို ဆန့်ကျင်တဲ့အဖွဲ့တွေဖွင့်ထားတဲ့ ကိုယ်ထူကိုယ်ထကျောင်းပေါင်း ၄၀၀ ကျော်ရှိပြီး ကျောင်းသူကောင်းသားပေါင်း ၄ သောင်းကျော် ရှိပေမယ့်လည်း တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့အတွက် ကလေးငယ်တွေ ပညာကောင်းကောင်းသင်ခွင့်မရကြပါဘူး။
အမည်မဖော်လိုတဲ့ ၇၁ ဖွဲ့အပါအဝင် မြန်မာနိုင်ငံ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၄၄၀ က မြန်မာစစ်တပ်ကို အရေးယူနိုင်မယ့်လမ်းကြောင်းအားလုံးနဲ့ အချိန်မဆိုင်း ပြတ်ပြတ်သားသား အရေးယူဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံကို အောက်တိုဘာလ ၁၇ ရက်နေ့စွဲနဲ့ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခတွေဆက်ဖြစ်နေပြီး အာဖဂန်နစ္စတန်၊ ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဒေသက အကြပ်အတည်းတွေကြောင့် လူသားချင်းစာနာထောက်ထားရေး အကူအညီတွေက ပိုလို့ ခက်ခဲလာနေတယ်လို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မစ္စတာ ဖိလစ်ပို ဂရန်ဒီ က ဘန်ကောက်က အစည်းအဝေးမှာ ပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ဒီအပတ်ထဲမှာ မြောက်ကိုရီးယားကို သွားရောက်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့က ပြောပါတယ်။
“ဒီအတွက် ပေးရမယ့်တန်ဖိုးကတော့ ကြီးမားပါတယ်။ ဒါပေမဲ့ အစ္စရေးအတွက်၊ ဂျူးပြည်သူတွေအတွက်၊ နှစ်နိုင်ငံလုံးကယုံကြည်တဲ့ တန်ဖိုးထားမှုတွေအတွက် ကျနော်တို့ အောင်ပွဲခံမှာပါ။” (ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂဲလင်န့် (Yoav Gallant))
အစ္စရေး-ဟားမတ်စ် ပဋိပက္ခကြောင့် ဥရောပသမဂ္ဂအပေါ် သက်ရောက်လာမယ့် အကျိုးဆက်တွေကို ဆွေးနွေးဖို့အတွက် အဖွဲ့ဝင်နိုင်ငံ အကြီးအကဲတွေရဲ့ အရေးပေါ် ဗွီဒီယို အစည်းအဝေးတရပ်ကို အင်္ဂါနေ့မှာ ကျင်းပဖို့ ခေါ်ထားကြောင်း ဥရောပကောင်စီဥက္ကဋ္ဌက ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ (Filippo Grandi) ဟာ ထိုင်းနိုင်ငံ ရတ်ချနာဘူရီ (Ratchaburi) ခရိုင်က ထိုင်း မြန်မာ နယ်စပ်နားက သံဟင်း ယာယီဒုက္ခသည်စခန်းကို ရောက်ရှိနေပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရအောင် ကြိုးစားဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
မြန်မာစစ်ကောင်စီနဲ့ ရေးထိုးထားတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တနိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပျက်ပြယ်သွားပြီဆိုပြီး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တစည်းတချို့က ကြေညာချက် ထုတ်ပြန်ပါတယ်။ အခမ်းအနား တက်ရောက်တဲ့သူ တချို့ကတော့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် ရှိနေဆဲဖြစ်တာကြောင့် လာတက်လာလို့ ပြောဆိုပါတယ်။
နျူကလီယာ၊ အီလက်ထရွန် သံလိုက်နဲ့ အလင်းလှိုင်းတွေကို ဖမ်းယူနိုင်တဲ့ စက်တွေကို အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးအပါအဝင် တိုင်းပြည်နယ်စပ်ဝင်ပေါက် ၈ ခုမှာ တပ်ဆင်မယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောကြောင်း နယူး အိန္ဒိယ အိပ်စ်ပရက်စ် (New Indian Express) သတင်းက ပြောပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ် စစ်သွေးကြွအုပ်စုကြား အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး စကားဝိုင်းတွေပေါ်လာရေးကိုရှေ့ရှုပြီး အရှေ့အလယ်ပိုင်းဆိုင်ရာ တရုတ် အထူးသံတမန် ဇိုင်ကျွန်း (Zhai Jun) ဟာ ဒေသတွင်း သက်ဆိုင်ရာတိုင်းပြည်တွေကိုသွားရောက်မယ်လို့ တရုတ် နိုင်ငံတော်ပိုင် စီစီတီဗွီသတင်းက တနင်္ဂနွေနေ့က ပြောပါတယ်။
ဟားမတ်စ် စစ်သွေးကြွတွေကို ဖြိုဖျက်ပစ်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက တနင်္ဂနွေနေ့မှာ ပြောလိုက်ချိန်မှာ အစ္စရေး တပ်သား ၃ သိန်းက ဂါဇာကမ်းမြောင်ဒေသ နယ်ခြားမှာ နေရာယူထားပါတယ်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) ကို ထိန်းထားရေး ဟာ နေရာအနှံ့ တိုက်ပွဲတွေနဲ့ရင်ဆိုင်နေရတဲ့ စစ်တပ်အတွက် အလွန့်ကို အရေးကြီးလှတယ်လို့ သဘောတူညီချက် ပျက်ပျယ်သွားပြီလို့ မြင်ကြသူတွေက ဝေဖန်ကြပါတယ်။
ဂါဇာကမ်းမြောင်ဒေသက ကုလသမဂ္ဂရဲ့ ခိုလှုံရာစခန်းတွေ မှာ ရေပြတ်လပ်နေပြီး ဂါဇာက အကြီးမားဆုံးဆေးရုံဝင်းထဲကို လူတွေက ပြုံတိုးခိုလှုံနေကြပါတယ်။ မီးစက်တွေအတွက် လောင်စာမရှိတော့ရင် လူနာတွေ သေသွားမှာကို ပူပန်နေကြရပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်အကြားဖြစ်ပွားနေတဲ့ စစ်ပွဲကနေ ဒေသတွင်းစစ်ပွဲအဖြစ် ပျံ့နှံ့မသွားရအောင် ကာကွယ်ဖို့ဖြစ်နိုင်ခြေရှိသေးကြောင်း၊ ဒါပေမဲ့ အချိန်ဟာ အနည်းငယ်ပဲ ကျန်တော့တယ်လို့ အစ္စရေးရဲ့အိမ်နီးချင်း လစ်ဘနွန်နိုင်ငံမှာရောက်ရှိနေတဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amirabodollahian က ပြောဆိုလိုက်ပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တာ ၈ နှစ်ပြည့်တဲ့အခမ်းအနားကို စစ်ကောင်စီက ဒီကနေ့ နေပြည်တော်မှာကျင်းပပါတယ်။နိုင်ငံတွင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကို ဖိတ်ကြားထားပေမဲ့၊ အားလုံးကအဖွဲ့ကိုယ်စားပြု တက်ရောက်တာ မဟုတ်ဘူးလို့လည်းသိရပါတယ်။
နောက်ထပ်ကြည့်ရှုရန်