ဆော်ဒီနိုင်ငံကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး Faisal Bin Farhan နဲ့ စနေနေ့ကတွေ ဆုံခဲ့ပြီး အစ္စရေး-ဂါဇာပဋိပက္ခကို ဆွေးနွေးခဲ့ပါတယ်။ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးကတော့ အရပ်သားတွေကို တိုက်ခိုက်တဲ့အပေါ် နှစ်ဘက်စလုံးကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ထဲ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ကြုံနေရတဲ့ ပဲခူးတိုင်းဒေသမှာ ရေဘေးကြောင့် စာသင်ကျောင်း ၂၀၀ ကျော်ကို ယာယီ ပိတ်ထားရပါတယ်။ ရေသိပ်မကြီးတဲ့ နေရာတွေက စာသင်ကျောင်းတချို့ ပြန်ဖွင့်နိုင်တာရှိပေမယ့် လတ်တလော ပိတ်ထားတဲ့ စာသင်ကျောင်းပေါင်း ၂၆၈ ကျောင်းရှိတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံက ခက်ခဲတဲ့ အခြေအနေတွေကြောင့် ထိုင်းနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေကို ပွဲစားတွေနဲ့ သွားရောက်အလုပ်လုပ်ဖို့ ကြိုးစားရာက လူကုန်ကူးခံရသူတွေရဲ့ အကြောင်းကို Frontier Myanmar ရဲ့ ဒို့အသံ အစီအစဉ်မှာ တင်ပြထားပါတယ်။
အီးယူ ဥရောပသမဂ္ဂအနေနဲ့ ပထဝီနိုင်ငံရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ တရုတ်နိုင်ငံကို အလေးနက်ထား ဆက်ဆံသလို တရုတ်ဘက်ကလည်း အလားတူ တန်ပြန်ဆက်ဆံဖို့ မျှော်လင့်ကြောင်း အီးယူ နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Josep Borrell က ဒီကနေ့ အောက်တိုဘာ ၁၄ ရက်နေ့မှာ ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသ အစ္စရေးနဲ့ ပါလက်စတိုင်း ဟာမတ် အဖွဲ့အကြား တိုက်ပွဲတွေ ဖြစ်ပေါ်နေချိန်မှာဘဲ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့လယ်ခေါင်က Time Square မှာ ပါလက်စတိုင်းတွေကို ထောက်ခံသူ ထောင်နဲ့ချီ သောကြာနေ့က ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ဟာမတ် (Hamas) စစ်သွေးကြွအဖွဲ့ကို လက်တုံ့ပြန်ပြီး အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်နေတဲ့ ဂါဇာဒေသထဲ ပိတ်မိနေတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ Rafah နယ်စပ် ဂိတ်ကနေ အီဂျစ်နိုင်ငံဘက်ကို ဒီနေ့ စနေနေ့မှာ ဖြတ်သန်း ထွက်ခွာခွင့်ပြုဖို့ အစ္စရေးနဲ့ အီဂျစ်နိုင်ငံတို့ သဘောတူခဲ့တယ်လို့ အမေရိကန် အရာရှိတဦးက ပြောပါတယ်
တရုတ်နိုင်ငံ ဘေဂျင်းမြို့က အစ္စရေးသံရုံးမှာ အလုပ်လုပ်တဲ့ အသက် ၅၀ အရွယ် အစ္စရေးအမျိုးသား တဦးဟာ သောကြာနေ့က စေျးဝယ် စင်တာ တခုရှေ့မှာ ဓားနဲ့ ထိုးခံခဲ့ရတယ်လို့ တရုတ်ရဲနဲ့ အစ္စရေး အစိုးရတို့က သတင်းထုတ်ပြန်ပါတယ်။ သံသယရှိသူ အသက် ၅၃ နှစ်အရွယ် နိုင်ငံခြားသား အမျိုးသားတဦးကို တရုတ်ရဲက ဖမ်းထားပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာချုပ်ရှိရာ၊ လိုင်ဇာမြို့အနီး မုန်လိုင်ခက် စစ်ရှောင်စခန်းမှာ တနင်္လာနေ့ညက စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်မှုကြောင့် ကလေးတွေအပါအဝင် လူ ၃၀ နီးပါးသေဆုံးခဲ့ရတဲ့ ဖြစ်စဥ်က စစ်ရာဇ၀တ်မှုမြောက်ကြောင်း လေ့လာချက်နဲ့ မျက်မြင်သက်သေတွေကို ကိုးကားပြီး AI အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ဒီလောက်များပြားလှတဲ့ လူဦးရေကို အချိန်တိုအတွင်းမှာ ပြောင်းရွေ့ဖို့က မဖြစ်နိုင်ကြောင်းနဲ့ လူသားချင်းစာနာစရာ ဆိုးကျိုးတွေ ဖြစ်လာလိမ့်မယ်လို့ ကုလသမဂ္ဂရဲ့ သဘောထားကို ကုလသမဂ္ဂ ပြောခွင့်ရ Stephane Dujarric ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အောက်လွတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရဖို့ သူ့ပါတီအတွင်းမှာတင် လုံလောက်တဲ့ မဲအရေအတွက် မရနိုင်တဲ့အတွက် လွတ်တော်အမတ် Steve Scalise ဟာ လွတ်တော်ဥက္ကဋ္ဌလောင်းအဖြစ်ကနေ ပြန်ရုပ်သိမ်းလိုက်ပါတယ်။
ထိုင်းလူမျိုးတွေတင်မဟုတ်ဘဲ နိုင်ငံစုံက ဓါးစာခံတွေ ပြန်လည်လွတ်မြောက်လာရေးအတွက် ညှိနှိုင်းဆွေးနွေးပါလို့ သူအစ္စရေးသံအမတ်ကြီးကို တောင်းဆိုခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။
လိုင်ဇာအနီးက မုန်လိုင်ခက် စစ်ရှောင်ပြည်သူ ၆၀၀ နီးပါးအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။ ဖားဆောင်းမြို့အနီးတိုက်ပွဲမှာ စစ်တပ်က စစ်ကြောင်းမှူး အပါအဝင် ၆ ယောက် သေဆုံးတယ်လို့ ကရင်နီ တော်လှန်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ တိုင်းရင်းသတင်းလွှာအစီအစဉ်မှာ တိုင်းရင်းသတင်းထောက်တွေက တင်ဆက်ထားပါတယ်။
အစ္စရေးနဲ့ဟားမတ်စ်တို့ကြား ပဋိပက္ခပြင်းထန်လာတဲ့အတွက် အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျအပါအဝင် ကမ္ဘာအနှံ့ကဂျူးလူမျိုးတွေဟာ ဂျူးဆန့်ကျင်ရေးတဟုန်ထိုးမြင့်တက်လာမယ့်အန္တရာယ်ရှိနေပါတယ်။
အစ္စရေးကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟု တို့တွေ့ဆုံခဲ့ပြီး အစ္စရေးအပေါ် ဟားမတ်စ် Hamas တိုက်ခိုက်မှုအပေါ် ရှုတ်ချကြဖို့တိုက်တွန်းခဲ့ပါတယ်။
မြောက်ကိုရီးယားဘက်က ခိုလှုံလာသူ ၅၀၀ ကျော်ကို တရုတ်အာဏာပိုင်တွေက နယ်စပ်ဖြတ်ပြီး အတင်းအကြပ်ပြန်ပို့ခဲ့တယ်ဆိုတဲ့သတင်းအပေါ် မြောက်ကိုရီးယားရေးလုပ်နေတဲ့ တောင်ကိုရီးရှ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တရုတ်ကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ Hamas စစ်သွေးကြွအဖွဲ့ရဲ့ ပြီးခဲ့တဲ့ စနေနေ့က တိုက်ခိုက်မှုအတွင်း တရုတ်နိုင်ငံသား ၃ ယောက်သေဆုံးခဲ့တယ်လို့ တရုတ်အစိုးရက ဒီနေ့ အတည်ပြု ပြောကြားပါတယ်။ နောက်ထပ် တရုတ်နိုင်ငံသား ၂ ယောက် ပျောက်ဆုံးနေသလို တော်တော်များများလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ကချင်ပြည်နယ်၊ လိုင်ဇာမြို့နားက ဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၂၉ ယောက် သေဆုံးခဲ့တဲ့ စစ်တပ်ရဲ့ တိုက်ခိုက်မှုအတွက် စစ်ကောင်စီကို ဥပဒေကြောင်းကနေ အရေးယူနိုင်အောင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ပြောကြားလိုက်ပါတယ်။
ဟားမတ်စ်အဖွဲ့ကို စစ်ဆင်နိုင်ရေးအတွက် လက်ရှိကာကွယ်ရေးဝန်ကြီး Yoav Gallant နဲ့အတူ အတိုက်အခံ အမျိုးသားညီညွတ်ရေးပါတီခေါင်းဆောင် ကာကွယ်ရေးဝန်ကြီးဟောင်း Benny Gantz တို့နဲ့ စစ်ကာလ အစိုးရတရပ်ကို ဝန်ကြီးချုပ် Benjamin Nethayahu က ဖွဲ့စည်းခဲ့ပါတယ်။
နေတိုးဌာနချုပ်ရှိရာ ဘယ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်မှာ ဗုဒ္ဓဟူးနေ့ကကျင်းပတဲ့ ပထမအကြိမ် နေတိုး-ယူကရိန်းကောင်စီအစည်းအဝေးကို ယူကရိန်းကာကွယ်ရေးဝန်ကြီး Rustem Umerov တက်ရောက်ခဲ့ပြီး NATO ကာကွယ်ရေးဝန်ကြီးတွေနဲ့ ဘုံအကျိုးစီးပွားနဲ့ စိုးရိမ်ချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့အပတ်ကဖယ်ရှားခံခဲ့ရတဲ့ အမေရိကန် အောက်လွှတ် တော်ဥက္ကဋ္ဌ Kevin McCarthy နေရာအတွက် Steve Scalise ကို အောက်လွှတ်တော် ရီပတ်ဘလီကန်ကိုယ်စားလှယ်တွေက ဗုဒ္ဓဟူးနေ့မှာ အဆိုပြုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်