ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာချုပ်ရှိရာ၊ လိုင်ဇာမြို့အနီး မုန်လိုင်ခက် ဒုက္ခသည်စခန်းမှာ ကလေးတွေ အပါအဝင် လူ ၃၀ နီးပါး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအပေါ် အမေရိကန်က စစ်ကောင်စီကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
မုတ်သုန်ရာသီမှာ နှစ်စဉ်ရေဘေးနဲ့ ကြုံရတဲ့ ပဲခူးမြို့မှာတော့ ဒီနှစ်ရေဘေးက အဆိုးဆုံးဖြစ်ပြီး မြို့ရဲ့ အစိတ်အပိုင်းတော်တော်များများကို ရေဖုံးလွှမ်းနေခဲ့ပြီး တချို့နေရာတွေမှာတော့ ရေစကျနေပါပြီ။ စနေနေ့ကစတဲ့မိုးက ဆက်ရွာနေဦးမှာမို့ မြစ်ရေတက်နေဦးမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
ဂါဇာနဲ့နယ်စပ်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ အစ္စရေးက အင်္ဂါနေ့က ပြောလိုက်ပါတယ်။ နောက်ထပ် ဒီအဖြစ်မျိုး ထပ်မဖြစ်ရအောင် ဂါဇာအတွင်းမှာ အပြောင်းအလဲတွေလုပ်ဖို့ အစ္စရေးစစ်တပ်ဟာ ထိုးစစ်အဆင့်ကို ကူးပြောင်းသွားပြီလို့ အမှတ် ၉၈ လေထီးတပ်က ဗိုလ်ချုပ် ဒန် ဂိုးဖာ့စ် (Dan Goldfuss) က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂတွေ ဖိနှိပ်နေတာ၊ အထူးသဖြင့် စစ်တပ်က ပေါ်တာဆွဲတာအပါအဝင် အတင်းအဓမ္မ လုပ်အားပေးခိုင်းစေတာတွေပုံစံမျိုးစုံနဲ့ ရှိနေတာအားလုံး ချက်ချင်းရပ်ဖို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က တောင်းဆိုလိုက်တဲ့အပေါ် (ITUC) က အင်္ဂါနေ့က ကြိုဆိုလိုက်ပါတယ်။
နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေအရ အသက်ကယ်ဆယ်ရေးအကူအညီတွေ ပိတ်ပင်တာကို တားမြစ်ထားတာကြောင့် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး ဝိုင်းရံထားတာကို ရုပ်သိမ်းဖို့ ကုလသမဂ္ဂက အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။
မုန်လိုင်ခက် စစ်ရှောင်စခန်းအပါအဝင် မြန်မာနိုင်ငံက ပဋိပက္ခဒေသတွေမှာ လူသားချင်းစာနာထောက်ထားရေးအဖွဲ့တွေက အနှောင့်အယှက်ကင်းကင်း၊ လုံခြုံစိတ်ချစွာ ထိထိရောက်ရောက် အကူအညီပေးနိုင်အောင် ဖွင့်ပေးဖို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ပေါင်းစပ်ညှိုနှိုင်းရေးရုံး UNOCHA က တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အိမ်နီးချင်းအိန္ဒိယနိုင်ငံထဲ ထွက်ပြေးခိုလှုံခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေထဲက အယောက် ၅၀ ကျော်ဟာ မဏိပူရပြည်နယ်ထဲမှာ ဖမ်းဆီးခံထားရတာ တနှစ်နီးပါး ရှိတော့မှာဖြစ်ပါတယ်။
"မနက်ခင်း ၄ နာရီခွဲ ၅ နာရီလောက်ဝင်တိုက်တော့ ၂ နာရီလောက်ကြာတဲ့ခါကျတော့ မုံရွာ နမခ ကနေတက်လာတဲ့ Mi35 နဲ့ လာပစ်တာ။ ပစ်တဲ့အချိန်ကျတော့ ကာကွယ်ရေးအဖွဲ့တွေက ဝေးဝေးမပြေးဘဲ အဲ့နားမှာပဲ ရှောင်နေလိုက်ကြတာ။" (ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး)
ကချင်ပြည်နယ်ကရရှိတဲ့ ကနဦးသတင်းတွေအရ လိုင်ဇာအနီး စစ်ဘေးရှောင် စခန်းမှာ ပေါက်ကွဲမှုကြောင့် အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အရပ်သားတွေ သေကြေထိခိုက်ခဲ့ရတဲ့အပေါ် ကုလသမဂ္ဂအနေနဲ့ အထူးစိုးရိမ်ကြောင်း ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးကတော့ မြန်မာနိုင်ငံသား ၂၀၀ လောက် အစ္စရေးမှာရှိမယ်လို့ ခန့်မှန်းပြီး အားလုံးဘေးကင်းမယ်လို့ ယုံကြည်ယူဆတဲ့အကြောင်းနဲ့ လေလောဆယ် မြန်မာနိုင်ငံ ပြန်ပို့ဖို့ အစီအစဉ် မရှိသေးတဲ့အကြောင်း VOA ကို ပြောပါတယ်။
နိုင်ငံရေး အမှတ်ရအောင် လက်နက်အဖြစ်အသုံးပြုနေတာ၊ လိုတမျိုး မလိုတမျိုး နှစ်ခွစံနှုန်းနဲ့ လုပ်ဆောင်ပုံတွေကနေ လူ့အခွင့်အရေး ကောင်စီကို ကာကွယ်ကြရပါမယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗာစီလီ နီဘင်န်ဇီးယား (Vassily Nebenzia) က ပြောပါတယ်။
အိန္ဒိယနဲ့မြန်မာနယ်စပ်မှာ ကီလိုမီတာ ၁၀၀ ရှည်လျားတဲ့ ခေတ်မီ ခြံစည်းရိုးစနစ်ကို စလုပ်နေပြီဖြစ်တယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ၂၀၂၂-၂၃ နှစ်စဥ် အစီရင်ခံစာ မှာ ဖော်ပြထားကြောင်း THE HINDU သတင်း က ဆိုပါတယ်။
UNHCR ဒုက္ခသည်များဆိုင်ရာ ကုလအေဂျင်စီရဲ့ နှစ်ပတ်လည်ညီလာခံ အဖွင့်မိန့်ခွန်းမှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Gandi က ကမ္ဘာအနှံ့ဒုက္ခသည်တွေအခြေအနေပြောဆိုရာမှာ မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့အရပ်သားတွေ အိုးအိမ်စွန့်ခွာထွက်ပြေးကြရတာကိုလည်း ထည့်သွင်းပြောဆိုပါတယ်။
အရေးတကြီးလိုနေတဲ့ လက်နက်ခဲယမ်းနဲ့ စစ်ပစ္စည်းတွေကို အစ္စရေးကို စတင်ပို့နေပြီး သုံးရက်ကြာခဲ့ပြီဖြစ်တဲ့ ဟားမတ်စ်နဲ့စစ်ပွဲမှာ ဘာတွေကို မြန်မြန်ဆန်ဆန် ပို့နိုင်မလဲဆိုတာကိုသိရအောင် သိုလှောင်ပစ္စည်းစာရင်းတွေကို ပြန်ကြည့်နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတဦးက တနင်္လာနေ့က ပြောပါတယ်။
လူသတ်မှု ကျူးလွန်သူလို့ သံသယရှိသူဟာ အသက် ၁၉ နှစ်အရွယ်ရှိ စိုင်းမြတ်မိုး ဆိုသူဖြစ်တယ်လို့ မြို့တော် ရဲဗျူရိုရဲ့ လက်ထောက်ကော်မရှင်နာမင်းကြီး၊ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် Attapol Anusit (အက်တာပို အနုဆစ်) ကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းက ဖော်ပြခဲ့တာပါ။
တရုတ်နိုင်ငံသားတွေပါ လိမ်ညာခံနေရတဲ့ အွန်လိုင်းရာဇဝတ်မှုတွေကို နှိမ်နင်းမှု တစိတ်တပိုင်းအဖြစ် ဖမ်းဆီးထားသူ ၇၀၆ ဦးကို မြန်မာအာဏာပိုင်တွေက လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံ အများပြည်သူလုံခြုံရေး ဝန်ကြီးဌာနကို ကိုးကားပြီး ဖော်ပြခဲ့တာပါ။
မြန်မာနိုင်ငံမှာ မကြာသေးခင်ရက်တွေက စံချိန်တင်မိုးရွာသွန်းခဲ့တာကြောင့် ရေကြီးမှုတွေနဲ့ ကြုံနေရပါတယ်။ ဒီလထဲ စံချိန်တင်မိုးများခဲ့တဲ့ ပဲခူးတိုင်းမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၈ လက်မလောက်အထိ ရှိခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့တာပါ။
အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ဟာ ကိုလံဘတ်စ် အားလပ်ရက်နေ့ ဖြစ်သလို၊ ဌာနေတိုင်းရင်းသားနေ့ အဖြစ်နဲ့လည်း အားလပ်ရက်ကို ဆင်နွှဲကြပါတယ်။ အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သူအဖြစ် ခရစ္စတိုဖာ ကိုလံဘတ်စ် ကိုဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်မှာ ၁၉၃၇ ခုနှစ်ကတည်းက ကိုလံဘတ်စ် အားလပ်ရက်နေ့အဖြစ် သတ်မှတ်ခဲ့တာပါ။
စနေနေ့က အာဖဂန်နစ္စတန်အနောက်ပိုင်းမှာ ပြင်းအား ၆.၃ ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်ခဲ့တဲ့ အတွက် လူ ၂၄၀၀ ကျော်သေဆုံးခဲ့တဲ့ အကြောင်း တာလီဘန်အုပ်ချုပ်ရေးအဖွဲ့က တနင်္ဂနွေနေ့က ပြောပါတယ်။
ဒီတပတ် မြင်ကွင်းကျယ်မှတ်စုအစီစဉ်မှာတော့ စစ်ကောင်စီရဲ့ အာဏာဗဟိုအရွေ့အကြောင်းကို ISP မြန်မာက သုံးသပ်လေ့လာ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်