"ပြီးခဲ့တဲ့ ၃၆ နာရီအတွင်း တုန်လှုပ်ခြောက်ခြားလောက်အောင် အတိုက်ခိုက်ခံခဲ့ရတဲ့အချိန်အတွင်း အစ္စရေးက ကိုယ့်ကိုယ့်ကိုယ် ကာကွယ်ရာမှာအသုံးပြုခဲ့တဲ့ လက်နက် ကိရိယာတွေ ကို တကယ်တော့ ယူကေက ပေးခဲ့တာဖြစ်ပါတယ်။ ကူညီနိုင်တာမှန်သမျှ ကျနော်တို့ က ဆက်လက်ကူညီသွားပါမယ်။”(ရီရှီဆူးနက်- ဗြိတိန် ဝန်ကြီးချုပ်)
ဟားမတ်ရဲ့ အလစ်အငိုက်တိုက်ခိုက်မှုကြောင့် ဟားမတ်အဖွဲ့အပေါ် စစ်ကြေညာလိုက်ပြီလို့ အစ္စရေးဝန်ကြီးချုပ် Bejamin Netanyhahu က စနေနေ့က ကြေညာခဲ့ပေမယ့် တရားဝင်စစ်ကြေညာမှုကတော့ အစ္စရေးအစိုးရအဖွဲ့က တနင်္ဂနွေနေ့မှာ ဆုံးဖြတ်ခဲ့ကြပါတယ်။
ကျမတို့က သေဆုံးတဲ့အရေအတွက် ကို ရေတွက်နေရတာပါ။ အနာကျက်အောင် လုပ်နေရတာပါ။ အစ္စရေးနိုင်ငံသား ဘယ်နှစ်ယောက်ကို ဖမ်းသွားတယ်ဆိုတာ ကျမတို့ မသိသေးပါဘူး။” တူရကီနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး အီရစ် လီလီယံ (Irit Lillian)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်မှာ ပြီးခဲ့တဲ့အင်္ဂါနေ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရတဲ့မြန်မာမိန်းကလေးရဲ့ မိခင်ဖြစ်သူကို သေနက်သမားရဲ့ဖခင်ဖြစ်သူက တွေ့ဆုံတောင်းပန်နေတာကို ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရေကြီးမှုကြောင့် အနည်းဆုံး လူ ၇၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
ရုရှားရဲ့ ပဲ့ထိန်းဒုံးကျည်စနစ်သစ် တမျိုးဖြစ်တဲ့ မြေအောက်ကနေ ပစ်လွှတ်နိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်သစ်ဟာ တိုက်ခိုက်ရေး အတွက် အဆင်သင့်ဖြစ်လုနီးပါးဖြစ်နေပြီလို့ ကာကွယ်ရေးဝန်ကြီး Sergei Shoigu က စနေနေ့က ကြေညာလိုက်ပါတယ်။
ထိုင်း−မြန်မာနယ်စပ်တလျှောက် အများပြည်သူဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တွေအတွက် အလှူငွေ အမေရိကန်ဒေါ်လာ ၁ သိန်းနဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေ ၃.၆ သန်းကို ထိုင်းအစိုးရက ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ကို ပြီးခဲ့တဲ့ သောကြာနေ့က ပေးအပ် လှူဒါန်းခဲ့ပါတယ်။
တရုတ်အစိုးရပိုင် Bank of China ဘဏ် ဥက္ကဋ္ဌဟောင်း Liu Liang (လူလီယန်)ကို လာဘ်ပေးလာဘ်ယူမှုနဲ့ ဥပဒေပြင်ပ လုပ်ခဲ့တယ်လို့ စွပ်စွဲပြီး ကွန်မြူနစ်ပါတီကနေ ထုတ်ပယ်လိုက်ကြောင်း ပါတီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့က စနေနေ့မှာ ပြောပါတယ်။
“အမေရိကန်ပြည်ထောင်စုက အစ္စရေးနဲ့အတူ ရပ်တည်နေပါတယ်။ အစ္စရေးကို ကျောထောက် နောက်ခံပေးဖို့ ကျနော်တို့ ဘယ်တော့မှ ပျက်ကွက်သွားမှာ မဟုတ်ဘူး” လို့ သမ္မတ ဂျိုးဘိုင်ဒန်ကပြောလိုက်ဆိုပါတယ်။
စနေနေ့ မနက်က ပါလက်စတိုင်း ဟားမတ်စ် စစ်သွေးကြွအဖွဲ့က အစ္စရေးကို ထောင်နဲ့ချီတဲ့ ရော့ကက် ဒုံးကျည်တွေနဲ့ ရုတ်တရက် စတင် ပစ်ခတ် ခဲ့ပြီးနောက်၊ အစ္စရေး ကလည်း လေကြောင်းကနေ လက်တုံ့ပြန် တိုက်ခိုက်ခဲ့ကာ နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပါတယ်။
အင်ဒိုနီးရှားနိုင်ငံ Sumatra နဲ့ Borneo ကျွန်းတွေက တောမီးနဲ့ မြေကြီးအောက်မှာရှိနေတဲ့ မြေဆွေးစိုင်တွေ မီးလောင်ရာကထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် မလေးရှားနိုင်ငံမှာ မီးခိုးမြူတွေ ဖုံးလွှမ်းနေတဲ့အထိ ဖြစ်နေတယ်လို့ မလေးရှားဘက်က ပြောနေတာ မမှန်ကန်ဘူးလို့ အင်ဒိုနီးရှားက ငြင်းဆိုလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်း Hamas စစ်သွေးကြွတွေဟာ ဒီနေ့စနေနေ့ အစောပိုင်းက အစ္စရေးလူမျိုးတွေနေထိုင်တဲ့ မြို့တချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အပြင် Rocket ဒုံးကျည်တွေနဲ့လည်း အကြီးအကျယ်တိုက်ခိုက်ခဲ့တဲ့အတွက် အစ္စရေးဘက်ကလည်း လက်တုံ့ပြန် တိုက်ခိုက်နေပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ဆန်နဲ့ တခြား စားသောက်ကုန် ပြတ်လပ်မှုနဲ့ ရင်ဆိုင်လာရရင် အချင်းချင်း ဦးစားပေး ကူညီပေးကြဖို့ မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့မှာကျင်းပတဲ့ အစည်းဝေးအတွင်း သဘောတူညီမှု ရရှိခဲ့ပါတယ်။
သူ့ရဲ့ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းလို့ သမ္မတ Joe Biden ကပြောကြားပြီး လွှတ်တော်အမတ် Feinstein ရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကြီးမားစွာ စွမ်းဆောင်ခဲ့မှုတွေကို Video ကတဆင့် ချီးကျူးပြောကြားခဲ့ပါတယ်။
ရှေ့လ San Francisco မြို့မှာ ကျင်းပမယ့် အာရှ ပိစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးညီလာခံမှာ သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ လမ်းခင်းပေးတဲ့ ခရီးစဉ်အဖြစ်လည်း မြင်နိုင်ပါတယ်။
နျူကလီးယားလက်နက် စမ်းသပ်မှု အလုံးစုံ တားမြစ်ရေး နိုင်ငံတကာ သဘောတူစာချုပ်မှာ ပါဝင် လက်မှတ် ရေးထိုးထားတာကို ပြန်ရုပ်သိမ်းသင့်မသင့် ရုရှားလွှတ်တော်အမတ်တွေက ပြန်လည် သုံးသပ်မယ့်အကြောင်း ရုရှားလွှတ်တော်ဥက္ကဋ္ဌ Vyacheslav Volodin က သောကြာနေ့က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေ ပုံစံမျိုးစုံရှိနေတာ၊ အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတွေ အကြမ်းဖက်တိုက်ခိုက်ခံရတာတွေ အားလုံး ချက်ချင်းရပ်ဆိုင်းဖို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က တောင်းဆိုတဲ့အပေါ် Public Services International က ကြိုဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က Siam Paragon ကုန်တိုက်မှာ အောက်တိုဘာ (၃)ရက်က ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား မမိုးမြင့်ရဲ့ ဈာပနကို မိခင်ဖြစ်သူနဲ့ မိသားစု တက်ရောက်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ ထိုင်း ဒုနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ Wang Yi ဟာ မြန်မာစစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီ အပါအဝင် နိင်ငံပေါင်း (၉)နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ကြာသာပတေးနေ့က တွေ့ဆုံခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းချိန်ကစပြီး ခုချိန်ထိ စစ်ကောင်စီကရော စစ်ကောင်စီနဲ့ဆက်နွယ်နေသူတွေရဲ့ ဖမ်းဆီး သတ်ဖြတ်တာခံရလို့ သေဆုံးရတဲ့ အရပ်သားက ခုထိဆို ၄,၀၀၀ ကျော်ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီကို ပိုပြင်းထန်တဲ့ဖိအားတွေ ပေးကြဖို့လည်း တောင်းဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်