တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက ရိုးရာလှေပြိုင်ပွဲမှာ နောက်ထပ် ကြေးတံဆိပ်တခုရရှိခဲ့ပါတယ်။ ရိုးရာလှေပြိုင်ပွဲကို ဒီနေ့ အောက်တိုဘာ ၆ ရက်နေ့က ဆက်လက်ယှဉ်ပြိုင်ကြတာမှာ အမျိုးသားမီတာ ၁၀၀၀ ပြိုင်ပွဲမှာ မြန်မာရိုးရာလှေအသင်းက တတိယ ရရှိခဲ့တာဖြစ်ပါတယ်။
ဖောက်ပြန် ပြောင်းလဲနေတဲ့ ရာသီဥတုကြောင့် လွန်ခဲ့တဲ့ ၆ နှစ် အတွင်း နိုင်ငံပေါင်း ၄၄ နိုင်ငံက ကလေးငယ်ပေါင်း ၄၃ သန်းကျော်ဟာ အိုးပစ် အိမ်ပစ် အခြေအနေရောက်ခဲ့ကြတာမှာ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသက အဆိုးဆုံးဖြစ်တယ်လို့ UNICEF အဖွဲ့က ပြောကြားလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံမြောက်ပိုင်းက ကာ့ဒ်တပ်ဖွဲ့တွေကိုပစ်ခတ်တဲ့ တူရကီ ဒရုန်းတစင်း အမေရိကန်တပ်ဖွဲ့တွေအနားထိ ပျံဝဲလာလို့ US F-16 တိုက်လေယာဥ်တွေက အဲ့ဒီဒရုန်းကို ပစ်ချခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းက ရွာတရွာမှာ ရုရှားရဲ့ ကြာသပတေးနေ့က တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၅၁ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။
ကြာသပတေးနေ့မှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာမှာ အာဖရိကန်နွယ်ဖွားတွေအပေါ် စနစ်တကျ လူမျိုးရေးခွဲခြားနေတာ တိုက်ဖျက်ရေးအတွက် အမေရိကန်ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်ကို အရေးတကြီး ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုလိုက်ပါတယ်။
ရုရှားအနေနဲ့နျူကလီးယားလောင်စာသုံး ပဲ့ထိန်းခရုစ်မစ်ဇိုင်း (cruise missile) ကိုစမ်းသပ်အောင်မြင်သွားပြီဖြစ်ကြောင်းနဲ့ နျူကလီးယားမစမ်းသပ်ရေးသဘောတူညီချက် လက်မှတ်ထိုးတာကို ပြန်လည်ရုပ်သိမ်းကောင်းရုပ်သိမ်းမယ်လို့ ကြာသပတေးနေ့ကသတိပေးပြောဆိုလိုက်ပါတယ်။
မက္ကဆီကိုနဲ့အမေရိကန်နယ်စပ်မှာ တံတိုင်းထပ်မံတိုးချဲ့ဆောက်လုပ်ဖို့ကို သမ္မတဂျိုးဘိုင်ဒန်အစိုးရဟာ ကြာသပတေးနေ့မှာတိုးတိုးတိတ်တိတ် ကြေညာခဲ့ပြီး မက္ကဆီကိုနယ်စပ်တံတိုင်းကာရံရေးဟာ သမ္မတဒေါ်နယ်ထရန့်ရဲ့ ထင်ရှားတဲ့ မူဝါဒတခုဖြစ်ခဲ့ပါတယ်။
ထိုင်ဝမ်ကို ပိတ်ဆို့ဟန့်တားမယ့် တရုတ်နိုင်ငံရဲ့ကြိုးပမ်းမှုမှန်သမျှဟာ ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံရမှာဖြစ်ကြောင်း ကာကွယ်ရေးဌာနရဲ့ အင်ဒို-ပစိဖိတ်လုံခြုံရေးဆိုင်ရာ လက်ထောက်အတွင်းဝန် Ely Ratner က ကြာသပတေးနေ့မှာ ပြောပါတယ်။
၂၀၂၃ ခုနှစ်အတွက် စာပေနိုဘယ်လ်ဆုရှင်အဖြစ် နော်ဝေနိုင်ငံသား စာရေးဆရာ Jon Fosse (ယွန် ဖော်ဆာ) ကို ရွေးချယ်လိုက်ပါတယ်။ သူ့ဘဝ တလျှောက်ရေးသားခဲ့တဲ့ ဖန်တီးခဲ့တဲ့ စာတွေ၊ ကဗျာတွေဟာပြောပြနိုင်စွမ်း မရှိသူတွေရဲ့ကိုယ်စား ခံစားချက် အသံတွေကို ထုတ်ဖေါ်ခဲ့တာလို့ နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကုန်တိုက်ကြီးထဲ ပစ်ခတ်ခဲ့တဲ့ ဆယ်ကျော်သက် သေနတ်သမားကို သေနတ်ရောင်းချခဲ့တယ်လို့ မသင်္ကာမှုနဲ့ ၄ ယောက်ကို ထိုင်းရဲတွေက ဒီနေ့ ကြာသပတေးနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ ဘန်ကောက်မြို့တော်မှာ ၂ ယောက် နိုင်ငံတောင်ပိုင်း ရာလာပြည်နယ်မှာ ၂ ယောက် ဖမ်းဆီးခဲ့တယ်လို့ ရဲက ပြောပါတယ်။
တရုတ်နိုင်ငံ Hangzhou မြို့မှာကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ရိုးရာလှေပြိုင်ပွဲမှာ ကြေးတံဆိပ်တခု ထပ်မံ ရရှိခဲ့ပါတယ်။ ရိုးရာလှေပြိုင်ပွဲ အမျိုးသမီး ၁၂ ယောက်တွဲ မီတာ ၅၀၀ ဖိုင်နယ်ကို ဒီနေ့ ကြာသပတေးနေ့မှာ ပြိုင်ကြတာမှာ မြန်မာက တတိယ ရရှိခဲ့တာပါ။
ပါကစ္စတန်နိုင်ငံအတွင်းရောက်နေတဲ့ အာဖဂန်ဒုက္ခသည် ၁ သန်း ၇ သိန်းအပါအဝင် တရားမဝင်ရောက်ရှိနေသူတွေကို တိုင်းပြည်ကနေနှင်ထုတ်မယ့်အစီစဉ်ကိုပြန်လည်စဉ်စားဖို့ အာဖဂန်တာလီဘန် တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က အဓမ္မ လုပ်အားခိုင်းစေနေတာတွေကိုရပ်တန့်ဖို့နဲ့ အလုပ်သမားသမဂ္ဂတွေအပေါ် အကြမ်းဖက်တိုက်ခိုက်နေတာတွေကိုရပ်တန့်ဖို့ စုံစမ်းစစ်ဆေးခဲ့တဲ့ ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ပေးနေတယ်ဆိုတဲ့ စီးပွားရေး လုပ်ငန်းရှင်တဦးကို အသေပစ်သတ်ခဲ့ကြောင်း မြန်မာလက်နက်ကိုင်အဖွဲ့တခုက ပြောလိုပြီး ဒါဟာ စစ်တပ်အုပ်ချုပ်မှုကိုဆန့်ကျင်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ၊ နိုင်ငံရေးအရ ဆန့်ကျင်မှုတွေ၊ လက်နက်ကိုင် ပုန်ကန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အင်တာနက် လွတ်လပ်ခွင့်တွေကို ဆက်လက်ဖိနှိပ်နေတယ်လို့လည်း Freedom on the Net အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။
အိန္ဒိယမှာရှိတဲ့ ကနေဒါသံတမန် ၆၂ ယောက်အနက် ၄၁ ယောက်ကိုဖယ်ရှားဖို့ အိန္ဒိယကအမိန့်ထုတ်လိုက်ကြောင်း အမည်မဖော်လိုတဲ့ ကနေဒါတာဝန်ရှိသူတဦးက အင်္ဂါနေ့က ပြောပါတယ်။
နိုင်ငံတကာတရားရုံး ICC ကိုဝင်ရောက်ဖို့ အာမေးနီးယားလွှတ်တော်က အင်္ဂါနေ့မှာ မဲခွဲအတည်ပြုလိုက်တဲ့အတွက် မဟာမိတ် ရုရှားနိုင်ငံနဲ့ဆက်ဆံရေးမှာ အစွန်းအထင်းတွေ ဖြစ်လာစေပါတယ်။
မြန်မာနိုင်ငံအခြေစိုက် သူပုန်အုပ်စုတွေနဲ့ အချိတ်အဆက်ရှိတယ်လို့သံသယရှိနေတဲ့ အကြမ်းဖက်သမား အစွပ်စွဲခံရသူတယောက်ကို အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးဌာန (NIA) က ဖမ်းဆီးလိုက်တယ်လို့ တာဝန်ရှိသူတယောက်က ဒက္ကန် ဟဲရဲ သတင်းဌာန (Deccanherald) ကို ပြောပါတယ်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင် မက္ကာသီကို ရာထူးက ဖယ်ရှားရေးအဆိုကို မဲခွဲရာမှာ အဆိုဘက်က အနိုင်ရရှိသွားတဲ့အတွက် မစ္စတာ ကယ်ဗင်မက္ကာသီဟာ ဥက္ကဋ္ဌရာထူးကနေ အင်္ဂါနေ့ နေ့လယ်ပိုင်းက ဆင်းပေးလိုက်ရပါပြီ။
အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတော်ပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေက မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေကြောင်း သံသယဖြစ်စရာရှိတာကြောင့် စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို တနင်္လာနေ့က တောင်းဆိုလိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်