ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က Siam Paragon ကုန်တိုက်မှာ ပစ်ခတ်မှုဖြစ်ရာက အနည်းဆုံး ၃ ဦးသေဆုံးပြီး၊ နောက်ထပ် ၄ ဦး ဒဏ်ရာရခဲ့ကြောင်း အရေးပေါ်ဌာနတာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာ့အရေး ဖြေရှင်းဖို့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေဟာ အောင်မြင်မှုမရှိကြောင်း ကုလသမဂ္ဂအရာရှိဟောင်းတွေ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကပြောလိုက်ပါတယ်။
မိမိ အကျိုးအမြတ်အတွက် အိမ်ခြံမြေလုပ်ငန်းပိုင်ဆိုင်မှု တန်ဖိုးတွေကို လိမ်လည်တိုးမြှင့် ပြသခဲ့တယ်လို့ စွပ်စွဲထားတဲ့အမှုအတွက် အမေရိကန် သမ္မတဟောင်းထရမ့်ဟာ နယူးယောက်မြို့က တရားမမှုရုံးကို တနင်္လာနေ့ က လာရောက်ခဲ့ပါတယ်။
အောက်တိုဘာ ၃ ရက်နေ့ကျင်းပမယ့် EU ASEAN လူ့အခွင့်အရေးဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီကို ဖိတ်ကြားထားတဲ့အပေါ် HRW လူ့အခွင့်အရေးအဖွဲ့အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဝေဖန်ကန့်ကွက်နေကြပါတယ်။
၂၀၂၈ နဲ့ နောင် အနှစ် ၂၀ လောက်မှာ သက်တမ်းကုန်ဆုံးမယ့် မြန်မာနိုင်ငံနဲ့ချုပ်ဆိုထားတဲ့ သဘာဝ ဓာတ်ငွေ့စာချုပ် ၂ ခုကို သက်တမ်းတိုးကောင်းတိုးမယ်လို့ ထိုင်းရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေးနဲ့ ထုတ်လုပ်ရေးလုပ်ငန်း PTTEP က ပြောပါတယ်။
ရုရှားနိုင်ငံ Vladivostok မှာ မြန်မာနဲ့ရုရှားက ဦးဆောင်ပြုလုပ်တဲ့ အာဆီယံပူးတွဲစစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားအပါအဝင် ဒေသတွင်းနိုင်ငံတချို့ တက်ရောက်ပါတယ်။
မြန်မာစစ်တပ်အတွက် ရောင်းချခဲ့တဲ့အထဲမှာ ပစ္စတို သေနတ်တွေ၊ ချေမှုန်းရေး ရိုင်ဖယ်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ တိုက်ခိုက်ရေးသုံးယာဉ်တွေနဲ့ အခြားပစ္စည်းတွေပါဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ် တက္ကသိုလ်က ဆေးဘက်ဆိုင်ရာ သုတေသီနှစ်ဦး ဖြစ်တဲ့ ဇီဝဓာတုပညာရှင် Katalin Karikó နဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ဆိုင်ရာ သုတေသီ Drew Weissman တို့ကို ရွေးချယ်လိုက်တဲ့အကြောင်း ဆွီဒင်နိုင်ငံ တော်ဝင်သိပ္ပံ အကယ်ဒမီက ကြေညာပါတယ်။
အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ သန်းခေါင်စာရင်းကောက်မယ့် အစီအစဉ်အတွက် မနေ့တုန်းက နေပြည်တော်မှာ စစ်ကောင်စီ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်က ကြည့်ရှုခဲ့တယ်လို့လည်း ဖော်ပြခဲ့တာပါ။
နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာကြရသူတွေ အပါအဝင် ပြည်တွင်းဒုက္ခသည် ၂ သန်းနီးပါး ရှိနေပြီး၊ စာနာမှုအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂက ဒီကနေ့ပဲ သတိပေးလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်က အလုပ်သမားသမဂ္ဂ တက်ကြွလှုပ်ရှားသူ ရှာဟီဒူး အစ္စလာမ် (Shahidul Islam) ဇွန်လတုန်းက သေဆုံးသွားခဲ့တာအပေါ် အရေးယူဆောင်ရွက်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) နဲ့ ကမ္ဘာ့အလုပ်သမားအခွင့်အရေး အဖွဲ့အစည်းတွေက တောင်းဆိုသံတွေ ပိုပြီးများလာနေပါတယ်။
စိုးရလုပ်ငန်းတွေရပ်မသွားဖို့ ဘတ်ဂျက်ချပေးနိုင်အောင် မဲပေးခဲ့ကြတဲ့ ဒီမိုကရက်အမတ်တွေကို အောက်လွှတ်တော် ဥက္ကဋ္ဌ ကယ်ဗင် မက္ကာသီ က ကြိုဆိုလိုက်ပြီးတဲ့နောက် သူ့ကိုဖြုတ်ချဖို့ ဒီအပတ်ကြိုးစားမယ်လို့ ကွန်ဆာဗေးတစ် ရီပတ်ဘလီကန် အောက်လွှတ်တော် အမတ် (Matt Gaetz) က သတင်းဌာနတွေရဲ့ ဆွေးနွေးခန်းတွေမှာ ပြောပါတယ်။
ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ Josep Borrel ဟာ ယူကရိန်းမြို့တော် Kyiv မှာ ယူကရိန်းကာကွယ်ရေးဝန်ကြီးသစ် Rustem Umerov နဲ့ ပထမဆုံးအကြိမ် လူကိုယ််တိုင်တွေ့ဆုံခဲ့ရာမှာ ယူကရိန်းအတွက် ရေရှည်လုံခြုံရေးအာမခံတယ်လို့ ကတိပြုသွားပါတယ်။
အရှေ့တောင်အာရှမှာ ပထမဆုံးကျည်ဆံရထားကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ မနက်ဖြန် စတင်ပြေးဆွဲမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ဘီလံယံပေါင်းများစွာတန်ဖိုးရှိတဲ့ ကျည်ဆံအမြန်ရထားစီမံကိန်းကို တရုတ်ရဲ့ ပံ့ပိုးကူညီမှုနဲ့ အင်ဒိုနီးရှား အစိုးရက တည်ဆောက်ခဲ့တာပါ။
အမေရိကန်အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းရမယ့် နောက်ဆုံးနာရီပိုင်းအလိုမှာပဲ လွှတ်တော်မှာ ယာယီအသုံးစရိတ်အတွက် သဘောတူညီချက်ရခဲ့ပြီး ဥပဒေကြမ်းကို သမ္မတ Joe Biden လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သန်းနဲ့ချီတဲ့ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူတွေကို အကူအညီပေးရေး ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ ရန်ပုံငွေရှာခဲ့ကြပါတယ်။
တူရကီနိုင်ငံ မြို့တော်အန်ကာရာမှာရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာနနားမှာ ဒီကနေ့မှာ အသေခံဗုံးခွဲသမားတဦးက ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီး Ali Yerlikaya (အလီ ရာလီကာရာ) က ပြောပါတယ်။
အမေရိကန် အစိုးရအသုံးစရိတ် ဘတ်ဂျက်အတွက် ရေတို ၄၅ ရက်စာ ခွင့်ပြုဖို့ အဆိုကို စနေနေ့က အောက်လွှတ်တော်မှာ ထောက်ခံမဲ ၃၃၅ မဲ ကန့်ကွက်မဲ ၉၁ မဲနဲ့ အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းရမယ့်အရေး ယာယီ ရှောင်ရှားနိုင်မယ့် အလားအလာ ရှိလာပါတယ်။
El Nino အယ်နီညို သမုဒ္ဒရာ ရေနွေးစီးကြောင်းနဲ့ ဆက်စပ်တဲ့ ရာသီဥတုဖြစ်စဉ်ကြောင့် အိန္ဒိယနိုင်ငံမှာ ၂၀၁၈ ခုနှစ်နောက်ပိုင်း မိုးရေချိန် အနည်းဆုံး ရွာသွန်းပြီး ပြီးခဲ့တဲ့ သြဂုတ်လဟာ ရာစုနှစ် တခုကျော်အတွင်း အခြောက်သွေ့ဆုံးကာလ ဖြစ်ခဲ့တယ်လို့ အိန္ဒိယအစိုးရပိုင် မိုးလေဝသဌာနက စနေနေ့က ထုတ်ပြန်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ Empire of lies "မုသားတွေ ပြည့်နေတဲ့ အင်ပါယာ" ပဲလို့ တရုတ်အစိုးရက စနေနေ့က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။ တရုတ်ဟာ ဒေါ်လာသန်းထောင်ချီ အကုန်ခံပြီး ကမ္ဘာအနှံ့ မမှန်ကန်တဲ့ သတင်းတွေပျံ့အောင် လုပ်နေတယ်လို့ အမေရိကန်က စွပ်စွဲခဲ့ပြီးတဲ့နောက် တရုတ်အစိုးရက အခုလို တန်ပြန် စွပ်စွဲလိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်