ပါကစ္စတန်နိုင်ငံမှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ တိုးလာနေတာမှာ ဒီနှစ် ပထမ (၉)လအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား ၇၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ စနေနေ့က ထုတ်ပြန်တဲ့ သုတေသနနဲ့ လုံခြုံရေးလေ့လာရေးစင်တာ CRSS ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကက်သလစ် ဘာသာဝင်တွေရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ကာဒီနယ် ရဟန်းအမတ် ၂၁ ပါးကို စနေ့နေ့က အသစ် ခန့်အပ်လိုက်ပါတယ်။ ဒီထဲမှာ ဗာတီကန်နန်းတော်ရဲ့ အဓိကကျသူတွေ ပါဝင်သလို ကက်သလစ် အသင်းတော်အတွင်း ပြုပြင် ပြောင်းလဲမှုတွေနဲ့ သူ့ရဲ့ အမွေအနှစ်ကို ခိုင်ခံ့စေမယ့် နယ်ပယ်ဒေသတွေက သူတွေလည်း ပါဝင်ပါတယ်။
အမေရိကန်အစိုးရရဲ့လုပ်ငန်းတွေ ရပ်တန့်မယ့်အရေးက ရှောင်ရှားနိုင်ဖို့ ကာလတို အသုံးစားရိတ်ချပေးမယ့် အဆိုပြုချက်ကို မနေ့ သောကြာနေ့ညက အောက်လွတ်တော်မှာ မဲခွဲမှု မအောင်မြင်ခဲ့တာကြောင့် ဒီကနေ့ စနေနေ့ညသန်းခေါင်ကျော်တာနဲ့ လုပ်ငန်းတွေ ရပ်တန့်မယ့်ဘက်ကို ဦးတည်နေပါတယ်။
အဇာဘိုင်ဂျန်နိုင်ငံထဲက Nagorno-Karabakh ဒေသကို အဇာဘိုင်ဂျန်အစိုးရက ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် အဲဒီဒေသမှာ နေထိုင်နေကြသူ အားလုံးနီးပါး အာမေးနီးယားနိုင်ငံဘက်ကို ထွက်ပြေးရောက်ရှိနေပြီလို့ အာမေးနီးယားက ဒီနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၁ ရက်စတင်မယ့် ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အမေရိကန်ပြည်ထောင်စုက ဒုက္ခသည် ၁ သိန်း ၂ သောင်းခွဲ ကို လက်ခံဖို့ သမ္မတ Joe Biden က စက်တင်ဘာလ ၂၉ ရက် သောကြာနေ့က လက်မှတ်ထိုး အတည်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ၅၀ ကျပ်တန်နဲ့ ၁၀၀ ကျပ်တန် ငွေစက္ကူတွေကို ဗဟိုဘဏ်ကို လာအပ်ကြဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်တယ်လို့ဆိုပြီး လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေတာတွေဟာ စီးပွားရေး၊ နိုင်ငံရေးအရ ထိုးနှက်ချက်တွေဖြစ်တယ်လို့ စစ်ကောင်စီက ပြောကြားပါတယ်။
ရုရှားမှာ ဒီနှစ် ဆောင်းဦးရာသီအတွင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် စစ်သားသစ် ၁၃၀,၀၀၀ ကို စုဆောင်းနေပြီး စစ်မှုထမ်းဖို့ အသက် ကန့်သတ်ချက်ကိုလည်း ၂၇ ကနေ ၃၀ အထိ တိုးမြှင့်လိုက်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့က ထုတ်ပြန်ပါတယ်။
အရှေ့အာရှနဲ့ ပစ္စဖိတ်ဒေသဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel J Kritenbrink နဲ့ အာရှတိုက်ဆိုင်ရာ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sun Weidong တို့ စက်တင်ဘာလ ၂၈ ရက်နေ့ကတွေ့ဆုံခဲ့ပြီး မြန်မာ၊ မြောက်ကိုရီးယားနဲ့ ပင်လယ်ပြင်ဆိုင်ရာ အာရှဒေသတွင်းက ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန် အောက်လွှတ်တော် မှာ ဘတ်ဂျက်ဆိုင်ရာ သဘောတူညီချက် မရရှိနိုင်သေးတာကြောင့် အမေရိကန် အစိုးရ ရဲ့ လုပ်ငန်းတွေ ဟာ တနင်္ဂနွေနေ့မှာ တစ်ပိုင်းတစ်စ ရပ်တန့်သွားမယ့် အန္တရာယ် နဲ့ ရင်ဆိုင်နေရပါတယ်။
အိန္ဒိယနိုင်ငံနယ်စပ် မီဇိုရမ်ပြည်နယ်ထဲ မြန်မာနိုင်ငံက လာရောက်ခိုလှုံသူတွေရဲ့ လက်ဗွေနဲ့ ကိုယ်ရေး အချက်အလက်တွေ ကောက်ယူနေတာကို ရပ်တန့်ဖို့ မီဇိုရမ်ပြည်နယ်အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။ ဒါက လူ့အခွင့်အရေးချိုးဖောက်တာလို့ မီဇိုရမ် ပြည်ထဲရေးဝန်ကြီး Lalenmawia က ပြောပါတယ်။
အိန္ဒိယနိုင်ငံက မြန်မာစစ်ကောင်စီကို လက်နက်တွေ ရောင်းချနေတယ်ဆိုတဲ့အပေါ် အိန္ဒိယကို ဆွေးနွေးပြောဆိုဖို့ ဗြိတိန်လွှတ်တော်က ဗြိတိန်ဝန်ကြီးချုပ်ကို မေးခွန်းထုတ်ခဲ့ပါတယ်။ ပါလီမန်အမတ် Imran Hussain ရဲ့ မေးခွန်းကို နိုင်ငံခြားရေးဝန်ကြီး Anne-Marie Trevelyan က စာနဲ့ ပြန်ကြားခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၈ သန်းကျော် ဒါမှမဟုတ် ထိုင်းဘတ် သန်း ၃၀၀ လောက်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ထိုင်းရဲက ဖမ်းဆီးရမိပါတယ်။ မက်သဖက်တမင်း ယာဘ စိတ်ကြွဆေးပြား ၁၅ သန်းလောက် ဖမ်းမိတာ ဖြစ်ပြီး ဒါဟာ တကြိမ်ထဲမှာ ဒီလောက်အများကြီး ဖမ်းမိတဲ့အထဲ အများဆုံးထဲမှာပါကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။
ကျောင်းသား ၂ ယောက်ကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခံရတယ်ဆိုတဲ့အပေါ် ဆန္ဒပြတာကနေ ကျောင်းသားတွေ အတော်များများဒဏ်ရာရတဲ့အထိ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အာဏာပိုင်တွေဘက်က အခုလို ညမထွက်ရအမိန့် ထုတ်လိုက်တာပါ။
အမှု ကို ဆက်စစ်မစစ် ဆိုတဲ့ ဆုံးဖြတ်ချက် ကို ချမှတ်ဖို့အတွက် နိုင်ငံတကာ တရားရုံး က တရားသူကြီးတွေ ဟာ ရက်သတ္တပတ်များစွာ အချိန် ယူ စဥ်းစားကြဦးမှာ ဖြစ်ပါတယ်။ တကယ်လို့ ဆက်စစ်ဖြစ်ရင်လည်း အမှု ပြီးဖို့ က နှစ်ပေါင်းများစွာ ကြာဦးမှာပါ။
တရုတ် ပိုင်နက် နယ်မြေ ကတဆင့် မြောက်ကိုရီးယား ကနေ အမေရိကန် စစ်သား Travis King ထွက်ခွါဖို့ ခွင့်ပြုခဲ့တဲ့အတွက် အမေရိကန် သမ္မတ အိမ်ဖြူတော် က တရုတ် အစိုးရ နဲ့ ဆွီဒင် အစိုးရတို့ကို ဗုဒ္ဓဟူးနေ့ က ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။
ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသက ရုရှားပင်လယ်နက် ရေတပ်စခန်း ဌာနချုပ်ရှိရာနေရာကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ယူကရိန်းရဲ့ တိုက်ခိုက်ခဲ့မှုမှာ အမေရိကန်နဲ့ ဗြိတိန်တို့က ကူညီခဲ့တယ်လို့ ရုရှားဘက်က စွပ်စွဲခဲ့ပါတယ်။
အီရတ်နိုင်ငံ မြောက်ပိုင်း Nineveh ပြည်နယ်မှာ ခရစ်ယာန်ဘာသာအရကျင်းပတဲ့ မင်္ဂလာပွဲခန်းမမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၁၀၀ လောက်သေဆုံးပြီး ၁၅၀ လောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။
"Taylor Swift: The Eras Tour" လို့ သူ့ဖျော်ဖြေရေးခရီးခေါင်းစီးနာမည်ကိုပဲ ပြန်ပေးထားတဲ့ သူ့ရဲ့ ဖျော်ဖြေရေးခရီးမှတ်တမ်းရုပ်ရှင်ကို အခု ကမ္ဘာတဝန်း ရုပ်ရှင်ရုံတွေမှာ ပြသတော့မယ်လို့ စက်တင်ဘာ ၂၆ ရက်နေ့ကပဲ ကြေညာသွားပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့အိမ်ခြံမြေလုပ်ငန်းစု စီးပွားရေး အင်ပါယာကြီးကို တည်ဆောက်နေချိန်တုန်းမှာ နှစ်ပေါင်းများစွာ လိမ်လည်မှုကျူးလွန်ခဲ့ကြောင်း နယူးယောက်တရားသူကြီး Arthur Engoron (အာသာ အင်ဂိုရွန်) က စီရင်ချက် ချလိုက်ပါတယ်။
အစ္စရေးခရီးသွားဝန်ကြီး Haim Katz (ဟိုင်ရမ်ကတ်ဇ် ) က ဆော်ဒီအာရေဗျကို အင်္ဂါနေ့ကသွားရောက်ခဲ့ပြီးဒါဟာ အစ္စရေးအစိုးရအဖွဲ့ဝင်တဦးရဲ့ တရားဝင် သံတမန်ခရီးစဉ်အဖြစ် ဆော်ဒီအာရေးဗီးယားကို ပထမဆုံးအကြိမ်သွားတာ ဖြစ်ကြောင်း အစ္စရေးအစိုးရက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်