နောက်ဆုံး နည်းပညာတွေကို အသုံးပြုထားတဲ့ ဒရုန်းတပ်မတော်တရပ်ကို တည်ထောင်ဖို့ အစိုးရက ပိုင်းဖြတ်ထားပြီးဖြစ်တယ်လို့ ယူကရိန်းအစိုးရ ဒစ်ဂျစ်တယ်နည်းပညာပြောင်းလဲရေးဝန်ကြီး မစ်ခေးလို ဖီဒါရော့ဗ် (Mykhailo Federov) က ပြောပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီယားနိုင်ငံအကြား ဆယ်စုနှစ် ၇ ခုကြာ မဟာမိတ်ဖြစ်မှု အထိမ်းအမှတ်ကာလမှာပဲ မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေတိုးလာနေတာကို ပူးတွဲဟန့်တားရေး တိုးမြှင့်ဆောင်ရွက်မယ်လို့ နှစ်နိုင်ငံ ကတိကဝတ်ပြုခဲ့ကြပါတယ်။
အိန္ဒိယနဲ့မြန်မာ နယ်စပ်တလျှောက် ကီလို ၇၀၊ မိုင်အားဖြင့် ၄၄ မိုင်လောက် ကို ခြံစည်းရိုးခတ်ဖို့ မဏိပူရ ပြည်နယ်ဝန်ကြီးချုပ် အင်န် ဘီရင် ဆင်း (N Biren Singh) က နယ်စပ်လမ်းများအဖွဲ့ ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။
ကချင်ပြည်နယ်က မြေရှားတူးဖော်မှုတွေ ယာယီရပ်နားလိုက်ရလို့ တရုတ်မြေရှားဈေးကွက်မှာ ဂယက်ရိုက်နေပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ဒီအကြောင်းချင်းရာကို အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းမှာ ကျောက်မီးသွေးမိုင်း မီးလောင်တာကြောင့် လူ ၁၆ ယောက် တနင်္ဂနွေနေ့က သေဆုံးသွားကြတယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။
မနှစ်က အီရန်ဆန္ဒပြပွဲရဲ့နှစ်ပတ်လည်အဖြစ်ဆန္ဒပြမှုကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ IS စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်နေသူ ၂၈ ယောက်ကို ဖမ်းဆီးလိုက် တယ်လို့ အီရန် ထောက်လှမ်းရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ကုလသမဂ္ဂအဖွဲ့တွေရဲ့ မှတ်တမ်းအရ မနှစ်က ကာလဝမ်းရောဂါ ဖြစ်ပွါးသူဟာ အရင်တနှစ် ၂၀၂၁ ကထက် ၂ ဆ တိုးလာတာပြီး ရောဂါဖြစ်ပွါးတဲ့နိုင်ငံကလည်း ၂၀၂၂ မှာ ၂၅% တိုးလာပြီး ၂၀၂၁ တုန်းက ၃၅ နိုင်ငံမှာ ဖြစ်ပွါးခဲ့ရာကနေ ၂၀၂၂ မှာတော့ ၄၄ နိုင်ငံမှာ တွေ့လာရတာပါ။
ဝင်ငွေ ၄ ပုံ ၁ ပုံကို တရားဝင် ငွေလွှဲစနစ်နဲ့ ပြန်ပို့ဖို့ စစ်ကောင်စီက စီစဉ်နေတာကို ဆန့်ကျင်တဲ့ အနေနဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေနဲ့ အလုပ်သမားရေး လှုပ်ရှားသူတချို့ ကုလသမဂ္ဂရုံး အပြင်ဖက်မှာ ဆန္ဒပြခဲ့ကြတာပါ။
တောင်တရုတ်ပင်လယ်ပြင်က ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ရေပြင်မှာ တရုတ်ကမ်းစောင့် တပ်ဖွဲ့တွေက ရေပေါ် အတားအဆီးတွေ ချထားတာကြောင့် ငါးဖမ်းကွက်တွေထဲ ဖိလစ်ပိုင်သင်္ဘောတွေ ဝင်မရဘဲ ဖြစ်နေတယ်လို့ ဖိလစ်ပိုင်နိုင်ငံက ဒီကနေ့ပဲ ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့ ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ သမ္မတ Joe Biden စီစဥ်နေပါတယ်။ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ကြီးမားလာတာကို တန်ပြန်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့ သံတမန်ရေးဆက်ဆံရေး အမေရိကန်ဘက်က တိုးမြှင့် တည်ဆောက်လာတာ ဖြစ်ပါတယ်။
မြန်မာ့အရေး ဖြေရှင်းဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်းက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေး အင်ဒိုနီးရှားနိုင်ငံက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တိုက်တွန်းလိုက်ပါတယ်။
၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ဂျိုးမြို့တော်ရဲ့ ပရိသတ် ၈၀,၀၀၀ ဆန့်တဲ့ အားကစားကွင်းကြီးထဲမှာ စနေနေ့က ခမ်းခမ်းနားနား ကျင်းပခဲ့ပြီး တရုတ် သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။
အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုး ခတ်တာကို အပြီးသတ်ဖို့ ပြည်ထောင်စုအစိုးရ ပြည်ထဲရေး ဝန်ကြီးဌာနကို တိုက်တွန်းထားကြောင်း မဏိပူရ ပြည်နယ် ဝန်ကြီးချုပ် N Biren Singh က စနေနေ့မှာ ပြောပါတယ်။
တရုတ်သမ္မတ ရှီကျင်းပင်အနေနဲ့ ကိုရီးယားကျွန်းဆွယ်ဒေသ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စအတွက် တောင်ကိုရီးယားကို သွားရောက်ဖို့ အလေးအနက် စဉ်းစားနေတယ်လို့ ပြောဆိုကြောင်း တောင်ကိုရီးယား ယုံဟပ် Yonhap သတင်းဌာနက စနေနေ့မှာဖေါ်ပြပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာဟာ အလွန်စိုးရိမ်ထိတ်လန့်ဖွယ်ကောင်းကြောင်းနဲ့ ဒါဟာ မဟာဗျူဟာအရရော လူသားစာနာမှုဆိုင်ရာမှာပါ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအတွက် အကြီးမားဆုံး ပြဿနာတရပ် ဖြစ်နေတယ်လို့ မလေးရှားဝန်ကြီးချုပ် အန္နဝါအီဗရာဟင်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရန်ကုန်မြို့အနီးမှာ စနေနေ့ညက ပြင်းအား ရစ်တာစကေး ၅ ဝန်းကျင်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်သွား ခဲ့ပါတယ်။ နေအိမ်အဆောက်အဦးတချို့လှုပ်ခါသွားခဲ့ပေမယ့်၊ အပျက်အစီးနဲ့ ထိခိုက်ဒါဏ်ရာရရှိတယ်ဆိုတဲ့သတင်းမျိုး တွေတော့ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။
စစ်အာဏာသိမ်းပြီးမှုကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ ဒေသတွေထဲကတခုဖြစ်တဲ့ ချင်းပြည်နယ်မင်းတပ်မြို့မှာ လူငယ်အင်အား၊ စွမ်းအားတွေ နည်းပါးနေပါတယ်။ ဒီအခြေအနေက လူမှုအသိုင်းအဝိုင်းအပေါ် ဘယ်လိုရောက်မှုတွေ ရှိနေပါသလဲ။ Frontier Myanmar ရဲ့ ဒို့အသံအစီအစဉ်မှာ တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သပိတ်မှောက်နေကြတဲ့ ကားစက်ရုံ အလုပ်သမားတွေဘက်က အားပေးရပ်တည်တယ်ဆိုတာ ပြသဖို့ သမ္မတ Joe Biden ဟာ အင်္ဂါနေ့ကျရင် Michigan ပြည်နယ် Detroit မြို့ကို သွားရောက်မှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ အနိုင်ရ Move Forward ရှေ့သို့ချီပါတီ ခေါင်းဆောင်သစ် ခန့်အပ်လိုက်ပါတယ်။ ခေါင်းဆောင်ဟောင်း Pita Limjaroenrat နှုတ်ထွက်ခဲ့ပြီးနောက် အရင်က ပါတီအတွင်းရေးမှူးချုပ်တာဝန်ယူခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် Chaithawat Tulathon ကို ခေါင်းဆောင်သစ်အဖြစ် ယာယီရွေးချယ်လိုက်တာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်