New York မြို့မှာ ကုလအထွေထွေညီလာခံတက်ရောက်နေကြတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌတို့ စက်တင်ဘာ ၂၂ ရက် သောကြာနေ့က တွေ့ဆုံခဲ့ကြစဉ် မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။
ကမ္ဘာ့အထင်ကရ ခေါင်းဆောင်ကြီးများအဖွဲ့ The Elders ဥက္ကဌ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေတဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ကနေဒါလွှတ်တော်မှာ သောကြာနေ့က ယူကရိန်းသမ္မတ Volodymyr Zelenskyy တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီးတဲ့ နောက်မှာ ကနေဒါက ယူကရိန်းအတွက် နောက်ထပ် စစ်ရေးအကူအညီအဖြစ် ၃ နှစ် အတွင်း ဒေါ်လာ သန်း ၆၅၀ ပေးအပ်မှာ ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ် Justin Trudeau က ကတိပြုခဲ့ပါတယ်။
အခုနှစ် မိုးစပါးပေါ်တဲ့အချိန်မှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတ်မှတ်လိုက်တဲ့ စျေးနှုန်းအတိုင်း ရောင်းချပေးရမယ်လို့ ဒီအသင်းက စက်တင်ဘာလ ၁၉ ရက်က ထုတ်ပြန်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို လုံခြုံစိတ်ချစွာ ပြန်နိုင်အောင် လုပ်ပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ တောင်းဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေ လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်အတွက် စာနာမှုအကူအညီ ဒေါ်လာ ၁၁၆ သန်း ထပ်ပေးအပ်။
မြန်မာ့အကျပ်အတည်းကိုဖြေရှင်းရာမှာ သီးခြားခွဲထုတ်လို့မရတဲ့ ကိစ္စရပ်တခုအဖြစ် ရိုဟင်ဂျာပြဿနာကိုလည်း နိုင်ငံရေးအရအဖြေရှာဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marsudi က တောင်းဆိုလိုက်ပါတယ်။ “ရိုဟင်ဂျာပြဿနာကို ဖြေရှင်းတာဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းတဲ့အစိတ်ပိုင်း ဖြစ်သင့်ပါတယ်”လို့ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ သံတမန်နဲ့အရာရှိ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေအတွက် ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားစရာမလိုတဲ့ ၂ နိုင်ငံသဘောတူညီချက်ကို ရပ်ဆိုင်းထားရာကနေ အခု ပြန်လည်ကျင့်သုံးဖို့ မြန်မာအာဏာပိုင်တွေက သဘောတူလိုက်ပါပြီ။
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းကလိုအပ်နေတဲ့ပြည်သူတွေအတွက် အမေရိကန်က လူသားချင်းစာနာကူညီမှု နောက်ထပ် ဒေါ်လာ ၁၁၆ သန်းထောက်ပံ့မယ့်ထဲမှာ ဒေါ်လာ ၇၄ သန်းကိုတော့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကိုအကူအညီပေးထားတဲ့ ဒေသခံလူမှုအသိုင်းအဝိုင်းကို ထောက်ပံ့ပေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
အမေရိကန်နိုင်ငံကိုရောက်နေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ကြာသပတေးနေ့မှာ ဝါရှင်တန်ဒီစီက သမ္မတအိမ်ဖြူမှာတွေ့ဆုံခဲ့ပြီး ရုရှားကျူးကျော်စစ်အတွက် ယူကရိန်းရဲ့တွန်းလှန်နေမှုကို ဆက်လက် ကူညီမှာ ဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။
အထွေထွေညီလာခံကနေ စက်တင်ဘာလ ၅ ရက်နေ့က Credential Committee နိုင်ငံကိုယ်စားပြုကိုယ်စားလှယ်စိစစ်ရေးကော်မတီကို ခန့်အပ်ဖွဲ့ခဲ့ပေမယ့် ကော်မတီအစည်းအဝေးမထိုင်နိုင်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်ရှိနေမယ်လို့ ကုလ အရာရှိတဦးကို ကိုးကားပြီး RFA သတင်းဌာနက ရေးသားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပိစိဖိတ်ရေးရာဗျူရို လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink နဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အစ္စရေးဝန်ကြီးချုပ်နေသန်ယာဟုနဲ့ ဗုဒ္ဓဟူးနေ့ က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအရေးကိစ္စအပြင် ဒေသဆိုင်ရာနဲ့ တကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
ရုရှားသမ္မတဗလာဒီမီယာပူတင်ဟာ အောက်တိုဘာလမှာ ကျင်းပမမယ့် Belt and Road လို့ခေါ်တဲ့ရပ်ဝန်းတခု၊ လမ်းကြောင်းတခုထိပ်သီးအစည်းအဝေးအတွင်း တရုတ်နိုင်ငံကိုလာရောက်ဖို့ သမ္မတရှီကျင့်ဖျင်ရဲ့ဖိတ်ကြားချက်ကို လက်ခံကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
ယူကရိန်းနိုင်ငံက စားနပ်ရိက္ခာတင်ပို့မှုကို အရှေ့ဥရောပနိုင်ငံတချို့က ပိတ်ပင်ခဲ့တာနဲ့ပတ်သက်ပြီး ယူကရိန်းဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို တနင်္လာနေ့က တိုင်ကြားလိုက်ပါတယ်။
ကန်ချနဘူရီခရိုင်ထဲမှာ အရှိန်မြင့်မောင်းလာတဲ့ မသင်္ကာဖွယ်ကားတစီးကို အမြန်လမ်းရဲတပ်ဖွဲ့က စစ်ဆေးဖို့တားဆီးရာမှာ အထောက်အထားမဲ့မြန်မာ ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ယူကရိန်းမှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရုရှားက နေ့တိုင်းလို ကျူးလွန်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်န်တော်နီ ဘလင်ကန် (Antony Blinken) က ပြောပါတယ်။
နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာက မြန်မာနိုင်ငံကိုစွဲတဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှု မြန်မြန်ပြီးနိုင်အောင် အစ္စလာမ်မစ်တိုင်းပြည်များအဖွဲ့ (OIC) ဝင်နိုင်ငံတွေက သူတို့ရဲ့အရင်းအမြစ်တွေကိုသုံးကြဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်သတင်း BSS က ပြောပါတယ်။
“မြန်မာနိုင်ငံမှာဆိုရင် ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ၊ ပိုမိုး ဆိုးရွားလာနေတဲ့ ငတ်မွတ် ခေါင်းပါးမှုတွေအပြင် ဒီမိုကရေလမ်းကြောင်းပေါ် ပြန်ရောက်လာရေးအတွက် မျှော်လင့်ချက်တွေဟာလည်း ရိုက်ချိုး ဖျက်ဆီးခံနေရပါတယ်” - လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားသွားခဲ့တာပါ။
ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြု သံအမတ်ကြီးစိစစ်ခန့်ထားရေးကိစ္စမှာ မနှစ်ကအတိုင်းလိုပဲ ဆိုင်းငံ့ထားနိုင်ခြေရှိတယ်လို့ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်တာဝန်ယူနေတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ဗွီအိုအေကို ပြောပါတယ်။
နိုင်ငံခြား ငွေရောင်းဝယ်တာနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေကို ဖောက်ဖျက်တာကြောင့်လို့ ဆိုပြီး အလားတူ လုပ်ငန်းတချို့ကို ဒီ့မတိုင်ခင် သိပ်မကြာခင်ကပဲ ဗဟိုဘဏ်က အရေးယူခဲ့တာရှိပေမဲ့ အခုတကြိမ်ကတော့ ပမာဏ အများဆုံး ပိတ်သိမ်းခံရတာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်