လုံခြုံစိတ်ချ၊ ကိုယ့်သဘောနဲ့ကိုယ်၊ ရေရှည်တည်တံ့မယ့် ရိုဟင်ဂျာဒုက္ခသည်တွေ ရဲ့အပြန်ခရီးအတွက် မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက် ရှာဟာဘူဒင် (Mohammed Shahabuddin) က အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအထက်ပိုင်း ချင်းတွင်းမြစ်ထဲမှာ လူ ၁၀၀ ကျော်ပါလာတဲ့ သင်္ဘောတစီး အင်္ဂါနေ့မနက်က နစ်မြုပ်သွားခဲ့ပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ပျောက်ဆုံးနေကြောင်း ဒေသခံမီဒီယာတွေကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြပါတယ်။
တိုင်းရင်းသားလူနည်းစုတွေရဲ့ အသိုက်အဝန်းအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပေါ် ယုံကြည်မှုမြင့်မားတယ်လို့ လန်ဒန် စီးပွါးရေးတက္ကသိုလ်အခြေစိုက် International Growth Centre IGC က အင်္ဂါနေ့က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံကို အာရှဒေသမှာ ယုံကြည်စိတ်ချရတဲ့မိတ်ဖက်နိုင်ငံအဖြစ် ဘီလာရုစ်က ယူဆကြောင်း ရုရှားနိုင်ငံဆိုင်ရာ ဘီလာရုစ်သံအမတ်ကြီး ဒီမီထရီ ကရူတွိုင် (Dmitry Krutoi) က ဘီလာရုစ်ဆိုင်ရာ မြန်မာ စစ်ကောင်စီသံအမတ်ဦးလွင်ဦးနဲ့ မော်စကိုမှာတွေ့ဆုံတုန်း ပြောခဲ့ကြောင်း ဘီလာရုစ်အစိုးရသတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ ၁၉ ရက်နေ့က ရာထူးကဖယ်ရှားခံခဲ့ရတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း ချင်ဂန်း (Qin Gang) ဟာ အမေရိကန်ပြည်ထောင်စုမှာ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေတုန်း အိမ်ထောင်ရေးဖောက်ပြန်ခဲ့ကြောင်း ဝေါစထရိဂျာနယ် (Wall Street Journal) က နီးစပ်သူတွေကို ကိုးကားပြီး အင်္ဂါနေ့မှာ သတင်းဖော်ပြပါတယ်။
အင်္ဂါနေ့က ကုလသမဂ္ ဂအထွေအထွေညီလာခံမှာ “နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးကြောင်း” ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကမ္ဘာ့ခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
“ကနေဒါမြေပေါ်မှာ ကနေဒါနိုင်ငံသားတဦး သတ်ဖြတ်ခံရတဲ့ကိစ္စမှာ နိုင်ငံခြားအစိုးရက ပါဝင်ပတ်သက်နေတာဟာ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာဖြစ်ပြီး လက်ခံနိုင်စရာမရှိဘူး” လို့ ၀န်ကြီးချုပ် Justin Trudeau ကပြောသွားတာပါ။
“အမေရိကန်ပြည်ထောင်စုက ယူကရိန်းကိုပေးမယ်လို့ ကတိပြုထားပြီးဖြစ်တဲ့ M1 Abrams တင့်ကားတွေ မကြာခင်မှာ ယူကရိန်းကိုရောက်တော့မယ်ဆိုတာကို ကျနော် ဝမ်းမြောက်စွာ ပြောကြားလိုပါတယ်။ ရုရှားတို့ကဒီစစ်ပွဲကို ပိုကြာအောင်လုပ်နေတဲ့တချိန်ထဲမှာဘဲ သူတို့ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေဟာလည်း ပိုပြီးတော့ ထင်ရှားလာနေပါတယ်။.."
မြန်မာစစ်ခေါင်းဆောင်တွေကို အဆင့်မြင့် အစည်းအဝေးပွဲတွေ တက်ရောက်ခွင့် ပိတ်ထားတဲ့ အာဆီယံရဲ့ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာကိုယ်စားလှယ် ပါဝင်ခွင့်ပြုခဲ့ပေမဲ့ ဘယ်အတိုင်းအတာအထိ ပါဝင်ခွင့် ရတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တနင်္လာနေ့က မော်စကိုမြို့မှာ တွေ့ဆုံကြပြီး တရုတ်ဟာရုရှားနဲ့ မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေးကို ထူထောင်တာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ပါကစ္စတန်တရားလွှတ်တော်ချုပ်က တရားစစ်ဆေးပုံကို ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်ပိုင် ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့် ပြသလိုက်ပါတယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေးအပေါ်မှာ သမိုင်းတလျှောက် သက်ရောက်မှုကြီးမားခဲ့တဲ့ တရားလွှတ်တော်ချုပ် လုပ်ကိုင်ပုံကို ပြည်သူတွေအနေနဲ့ စတင်ကြည့်ရှုရတာလည်းဖြစ်ပါတယ်။
ကမ္ဘာ့တဝှမ်း ဖွံ့ဖြိုးရေးရည်မှန်းချက်တွေဟာ သတ်မှတ်မှုထက် နောက်ကျနေပေမယ့် ဒါတွေ အောင်မြင်အောင်အရှိန်မြှင့်ဆောင်ရွက်ဖို့ အဓိကထားပြီး ကမ္ဘာ့ခေါင်းဆောင်တွေ ကုလသမဂ္ဂမှာ အခု တနင်္လာလာနေ့ကစပြီး စုဝေးနေကြပါပြီ။
တရုတ်အထူးသံတမန်ဟာ မနေ့ မနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဦီးသန်းဆွေနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးအရှိန်တိုးမြှင့်ဖို့၊ တရုတ်-မြန်မာ နယ်စပ် ငြိမ်းချမ်းတည်ငြိမ်ရေးအပြင် မြန်မာ့ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ငွေကြေးဖေါင်းပွမှု ထိန်းချုပ်ရေး စစ်ကောင်စီဘက်က တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေချိန်မှာပဲ စားအုန်းဆီ အကြီးအကျယ် ပြတ်လတ်နေတဲ့အတွက် ရန်ကုန်မြို့နေရာတချို့မှာ လူတွေက တန်းစီ ဝယ်နေကြရတဲ့အကြောင်း Nikkei Asia သတင်းမှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံတဝှမ်းက မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေကို စိစစ်သုံးသပ်ထားတဲ့ ISP Myanmar ရဲ့ မြင်ကွင်းကျယ်မှတ်စုအစီအစဉ်ကို ကြည့်ကြရအောင်ပါ။
လနဲ့ချီ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပြီးနောက် Klishchiivka ရွာကို ရုရှားတပ်တွေဆီကနေ ပြန်သိမ်းယူလိုက်ပြီလို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ ဒီ ကျေးရွာဟာ ရုရှားသိမ်းပိုက်ခံ Bakhmut ရဲ့ တောင်ပိုင်းမှာ တည်ရှိပါတယ်။
အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Jake Sullivan ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ Malta နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်မှာ တွေ့ဆုံခဲ့ကြတယ်လို့ အမရိကန်ပြည်ထောင်စုရော တရုတ်နိုင်ငံကပါ ပြောဆိုပါတယ်။
"အင်မထီးကအထွက် ၁၁ နာရီခွဲလောက်မှာ ကျနော်တို့စစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်ကြတယ်။ ဒီနေ့ဖြစ်တာက သူတို့ ဇီးဖြူကုန်းကနေထွက်လာတာ လက်နက်ကြီး လက်နက်ငယ် လက်နက်ပေါင်းစုံနဲ့ ပိတ်ဆို့ပြီး ကျနော်တို့ တိုက်ခိုက်ခဲ့ကြတယ်။ တိုက်ပွဲကပြင်းထန်လာနိုင်တယ်လို့ ကျနော်တို့ကထင်တယ်။” (သခင်ဒေါင်းညို ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူ)
စနေနေ့က မက္ကဆီကိုရဲ့လွတ်လပ်ရေးနေ့ချီတက်ပွဲမှာ ရုရှားကိုယ်စားလှယ်အဖွဲ့ ကို ဖိတ်ခြင်းအားဖြင့် မက္ကဆီကိုသမ္မတ အင်ဒရေ မန္နျူရယ်လ် လိုပက်ဇ် အိုဘရာဒို(Andres Manuel Lopez Obrador) ဟာ အဝေဖန်ခံနေရပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ ခြောက်ရက်ကြာ ရုရှားခရီးစဉ်အဆုံးသတ်ပြီးနောက် ဒီကနေ့ မြောက်ကိုရီးယားနိုင်ငံကို ပြန်လည်ထွက်ခွာလာပြီဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်