မန္တလေး၊ ဗန်းမော်အသွား စစ်သင်္ဘောတချို့ ဒီကနေ့ တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီ တပ်တွေက ပြန်လှန်ပစ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ အနီးအနားကရွာမှာ ဖျက်ဆီးမှုတွေနဲ့ သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဝရမ်းနဲ့ အလိုရှိနေသူ ၁၁ ဦး အပါအဝင် အွန်လိုင်းလိမ်လည်မှုတွေအတွက် မသင်္ကာသူ ၁၀၉ ဦးကို မြန်မာဘက်က လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်အာဏာပိုင်တွေက ဒီနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။
လစ်ဗျားနိုင်ငံ အရှေ့ပိုင်း Derma ဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ် တနင်္ဂနွေနေ့က ရေကာတာ ၂ ခု ကျိုးပေါက်ရာက သေဆုံးသူ အနည်းဆုံး ၁၁၃၀၀ ရှိနိုင်ပြီး၊ ပိုတိုးလာနိုင်တယ်လို့လည်း နိုင်ငံတကာ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ စနေနေ့မှာ ရုရှားရဲ့ ပစိဖိတ် ရေတပ်ဌာနချုပ်မှာ ရှိတဲ့ နျူကလီယား ထိပ်ဖူးတပ် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေနဲ့ တခြား စစ်လေယာဉ်တွေကို သွားရောက် စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်တာဝန်ကို ဦးကျော်မိုးထွန်းကိုပဲ အခုကျင်းပတဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ဆက်လက်အတည်ပြုပေးဖို့ ကမ္ဘာတလွှား မြန်မာတွေ စက်တင်ဘာ ၁၆ ရက် စနေနေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ကချင်ပြည်နယ် ချီဖွေ မြို့နယ်ထဲက ပန်ဝါဒေသမှာ မြေရှား မိုင်းတွင်းတွေကို စက်တင်ဘာလဆန်းကတည်းက ပိတ်သိမ်းထားတာ ပြန်လည် တူးဖော်ခွင့်မရသေးဘူးလို့ သတ္တုတွင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။
အမေရိကန်သမ္မတအိမ်ဖြူက စက်တင်ဘာလ ၁၅ မှာ ထုတ်ပြန်တဲ့ တရားမဝင် မူးယစ်ဆေး တင်ပို့ထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ပတ်သက်တဲ့ သမ္မတရဲ့ ဆုံးဖြတ်ချက်စာလွှာထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းလိုက်ပါတယ်။ နိုင်ငံပေါင်း ၂၃ နိုင်ငံကို ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေး အဓိကလုပ်ဆောင်နေတဲ့ နိုင်ငံစာရင်းမှာထည့်တာပါ။
ကမ္ဘာပေါ်က လူသန်းပေါင်း ၇၀၀ ကျော် ဘယ်တော့ထပ်ပြီးအစားအစားရမယ်ဆိုတာ မသိနိုင်တဲ့ အခြေအနေဖြစ်နေကြတယ်လို့ ကုလစားနပ်ရိက္ခာအစီအစဉ်အဖွဲ့ WFP က ပြောလိုက်ပါတယ်။ အစားအသောက်လိုအပ်ချက် တောက်လျှောက်မြင့်တက်လာနေချိန်မှာ လူသားချင်းစာနာတဲ့ ထောက်ပံ့ငွေတွေလည်း နည်းပါးလာနေတယ်လို့ WFP အကြီးအကဲက ပြောကြားခဲ့ပါတယ်။
အမေရိကန် ကားကုမ္ပဏီဝန်ထမ်းများသမဂ္ဂ (United Auto Workers-UAW) က သူတို့တောင်းဆိုနေတဲ့ လုပ်အားခနဲ့ လုပ်ငန်းခွင်ခံစားခွင့် တိုးရရေးကိစ္စတွေအတွက် ကားကုမ္ပဏီတွေနဲ့ ဆွေးနွေးမှုတွေ ဒီကနေ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြန်လည် စတင်မယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ ပြည်တွင်းရေးကိစ္စသာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဥပဒေလမ်းကြောင်းနဲ့ အာဆီယံရဲ့ ယန္တရားတွေအရ ဖြေရှင်း ဆောင်ရွက်သင့်တယ်လို့ ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Panpree Phathithanukorn က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဒီနေ့အစောပိုင်းက Mahsa Amini ရဲ့ဖခင်ကိုလည်း ရဲတွေက ခေတ္တဖမ်းဆီးခဲ့ပါတယ်။ သေဆုံးမှုနှစ်ပါတ်လည် အခမ်းအနားတွေ မလုပ်ရလို့ Amjad Amini ကို သတိပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ Kurdistan လူ့အခွင့်အရေးကွန်ရက်အဖွဲ့က ပြောပါတယ်။
အရှေ့တောင်အာရှတခွင်မှာ မြေရှား ဓာတ်သတ္တုနဲ့ အခြား ရှားပါးတွင်းထွက် သတ္တုတွေ အကြီးအကျယ် တူးဖော်ထုတ်ယူမှုကြောင့် ဒေသတွင်း မြေယာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေအတွက် အသက် အန္တရာယ်ကြုံရတာ၊ ခြိမ်းခြောက်ခံရတာတွေ ဖြစ်နေကြောင်း Global Witness အဖွဲ့ရဲ့ အစီရင်ခံစာသစ် တစောင်က ထောက်ပြလိုက်ပါတယ်။
အာဆီယံအဖွဲ့အနေနဲ့ အလှည့်ကျဥက္ကဋ္ဌရာထူးပြောင်းလဲသွားပေမယ့် မြန်မာပြည်သူတွေအပေါ် ပံ့ပိုးကူညီမှုတွေဆက်ရှိဖို့နဲ့ နိုင်ငံတကာအနေနဲ့ မြန်မာ့အရေး မေ့မပစ်ကြဖို့ ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ Heidi Hautala ဟေဒီဟောင်တဲလာက စင်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ဘယ်လ်လာရုစ် နိုင်ငံခြားရေးဝန်ကြီး ဆာဂေး အေလင်နစ် (Sergei Aleinik)ဟာ စက်တင်ဘာ ၁၅ ရက်သောကြာနေ့မှာ မြန်မာစစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဦးသန်းဆွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ ဘယ်လ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေး အဖွဲ့ကပြောတာကို အစိုးရသတင်းဌာန Bel TA မှာ ဖေါ်ပြထားပါတယ်။
မြန်မာစစ်တပ် အဓိက လက်နက်ဝယ်ယူနေတဲ့ တရုတ်နိုင်ငံရဲ့လက်နက်တင်ပို့မှုဟာ အရည်အသွေးဆိုင်ရာပြဿနာတွေကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း လေးပုံတပုံနီးပါးကျဆင်းခဲ့ကြောင်း Directus အဖွဲ့ရဲ့အစီရင်ခံစာကို ကိုးကားပြီး ANI အိန္ဒိယသတင်းမှာဖော်ပြထားပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့သားဖြစ်သူ ဟန်တာဘိုင်ဒန်ဟာ သူ့ကို သေနတ်ရောင်းချဖို့ သေနတ်ရောင်းသူတဦး အပေါ် လှည့်ဖြားခဲ့မှုနဲ့ ကြာသပတေးနေ့က ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။ ဒါဟာ အမေရိကန်သမိုင်းမှာ လက်ရှိ ရာထူးရယူထားတဲ့ သမ္မတတဦးရဲ့သားသမီးထဲက ပထမဆုံး စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။
နေပြည်တော်မှာ စက်တင်ဘာလ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပတဲ့ အာဆီယံလေတပ်ဦးစီးချုပ်များရဲ့ အစည်းအဝေးကို မလေးရှား၊ အင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်တို့က ကြေညာခဲ့တဲ့အတိုင်း မတက်ရောက်ခဲ့ကြသလို စင်္ကာပူအစိုးရကလည်း ကိုယ်စားလှယ်မစေလွှတ်ခဲ့ပါဘူး။
ထောင်ချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ထိခိုက်အောင် စစ်ကောင်စီက တမင်ရည်ရွယ်ချက်နဲ့ လုံလောက်တဲ့ ဆေးကုသမှု မပေးဘူးလို့ NLD ပါတီက ပြောကြားလိုက်ပါတယ်။
ဦးနှောက်ကြီးကြီး မျက်စေ့ကျယ်ကျယ် သွားမပါနဲ့ ဘာမှန်းမသိရတဲ့ ရုပ်ကြွင်းတွေကို မက္ကဆီကို လွှတ်တော်မှာ တင်ပြပြီး ဒါဟာ ကမ္ဘာမြေပေါ်က သက်ရှိမဟုတ်ဘူးလို့ ဂြိုလ်သားဆိုင်ရာ အချက်အလက်စုဆောင်းသူက ပြောပါတယ်။
"သူတို့ဆိုတာ စကစ ပေါ့။ ပစ်သတ်သွားတာက ကျနော်တို့ ယူဆချက်ပေါ့နော်။ ၁၂ ထိုးဆိုတာ ကျနော်တို့ဘက်မှာ မာရှယ်လော ထုတ်ထားတဲ့အချိန်ဗျ။ အဲ့အချိန်မှာ ကားကြီးနဲ့လာပြီးပစ်တယ်ဆိုတဲ့နောက်မှာ ကျနော်တို့က ယူဆတာက စကစ လို့ပဲ ယူဆပါတယ်ခင်ဗျ။” (ဒေသခံ)
နောက်ထပ်ကြည့်ရှုရန်