အနောက်အာဖရိကတိုက်က လစ်ဗျားနိုင်ငံမှာ အပြင်းအထန်ရေကြီးမှုကြောင့် လူပေါင်း ၆,၀၀၀ ကျော် သေဆုံးခဲ့ပြီး နောက်ထပ် ၁၀,၀၀၀ ပျောက်ဆုံးနေကြောင်း အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ရုရှားသိမ်းထားတဲ့ ခရိုင်းမီးယားက ဗျူဟာမြောက် Sevastopol သင်္ဘောကျင်းကို ဗုဒ္ဓဟူးနေ့မှာ ယူကရိန်းက ဒုံးကျည်နဲ့တိုက်ခိုက်လို့ ၂၄ ဦး ဒဏ်ရာရ၊ ဒေါက်တင်နေတဲ့ သင်္ဘောနှစ်စင်းလည်း ပျက်စီးခဲ့တဲ့အပြင် သင်္ဘောကျင်းရဲ့အစိတ်အပိုင်းတချို့မီးလောင်ခဲ့ကြောင်း ရုရှားအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
ရုရှားနဲ့မြောက်ကိုရီးယားကြား ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အလားအလာတွေကို အမေရိကန်ကစိုးရိမ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ John Kirby က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
စက်တင်ဘာ (၁၁) ရက်က (၅၄) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီရဲ့ ပုံမှန်အစည်းအဝေးမှာ ကုလသမဂ္ဂကဖွဲ့စည်းထားတဲ့ IIMM လို့ ခေါ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားရဲ့ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အစီရင်ခံစာကို စစ်ကောင်စီက လက်မခံကြောင်း တုံ့ပြန်ခဲ့ပါတယ်။
အမေရိကန် အောက်လွှတ်တော်ကော်မတီတရပ်ဖြစ်တဲ့ Tom Lantos လူ့အခွင့်အရေးကော်မရှင်ကလုပ်တဲ့ မြန််မာ့အရေး ကြားနာမှုကို အမေရိကန်အစိုးရပိုင်းတာဝန်ရှိသူတွေလည်း တက်ရောက်ပြီး မြန်မာစစ်ကောင်စီအပေါ် အမေရိကန်အစိုးရရဲ့ လက်ရှိအရေးယူကိုင်တွယ်မှုတွေကို လွှတ်တော်အမတ်တွေကို ရှင်းပြခဲ့ကြပါတယ်။
မြန်မာ့ပဋိပက္ခဖြေရှင်းရေးမှာ အာဆီယံတခုတည်းအနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိမှာမဟုတ်လို့ အမေရိကန် အီးယူအပါအဝင် မြန်မာ့အရေးဖြေရှင်းဖို့ သဘောထားတူသူတွေကြား မြန်မာ့မိတ်ဆွေနိုင်ငံတွေ စုစည်းပြီးကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ HRW လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က VOA ကို ပြောပါတယ်။
ရုရှားသမ္မတ Vladimir Putin ဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ရုရှားနိုင်ငံ အရှေ့ပိုင်းမှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ မြောက်ကိုရီးယားနဲ့ ရုရှားအကြား လက်နက်တင်ပို့မှာကို စိုးရိမ်ကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့က သတိပေးနေတဲ့ကြားက နှစ်ဘက် ခေါင်းဆောင်တွေ တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ရုရှားနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်တို့အကြား ရွေးကောက်ပွဲ ဆိုင်ရာ လုပ်န်းစဉ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှု သဘောတူ စာချွန်လွှာ တရပ် ပြီးခဲ့တဲ့ သီတင်းပတ်က မော်စကိုမှာ ရေးထိုးခဲ့တဲ့အကြောင်း မြန်မာ့ အလင်း သတင်းစာမှာ ဖေါ်ပြပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို စွပ်စွဲပြစ်တင်နိုင်ရေးနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ လွှတ်တော်ကော်မီတီတွေကို ညွှန်ကြားလိုက်တယ်လို့ အောက် လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင် မက္ကာသီ Kevin McCarthy က အင်္ဂါနေ့ မှာ ကြေညာလိုက်ပါတယ်။
မြန်မာနဲ့နယ်စပ် တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်ထဲက ကျေးရွာတွေမှာ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ မြန်မာစစ်ကောင်စီတပ်သားတွေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်တာတွေရှိတယ်ဆိုတဲ့ သတင်းတွေကို စုံစမ်းစစ်ဆေးဖို့ တရားမျှတရေးပါတီ (Fair Party) လွှတ်တော်အမတ် ကန်နာဝီ ဆွပ်ဆင် (Kannavee Suebsang) က အစိုးရကို ဖိအားပေးလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ လာမယ့်နှစ်တွေထဲ ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးနိုင်မှုမှာ အမေရိကန်နဲ့ အပြိုင် ဖြစ်လာမယ်လို့ ဥရောပနဲ့ မြောက်အမေရိကတိုက်သားတွေက ရှုမြင်နေကြောင်း အတ္တလန်တိတ်သမုဒ္ဒရာတဖက်တချက်က နိုင်ငံ (၁၄) နိုင်ငံမှာ ကောက်ယူတဲ့ လူထုစစ်တမ်းအသစ်တခုက ပြောလိုက်ပါတယ်။
အစ္စရေး ဗဟိုတရားရုံးချုပ်က ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု အစိုးရအဖွဲ့ရဲ့ တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး အစ္စရေးနိုင်ငံရဲ့ ထိပ်တန်းတရားရုံးသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် တရားရုံးချုပ်တရားသူကြီး ၁၅ ဦးစလုံးက အမှုကို ၁၃ နာရီကြာ ကြားနာစစ်ဆေးပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာနေထိုင်နေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ပေါင် ၃ သန်း အမေရိကန် ဒေါ်လာအားဖြင့် ၃.၇ သန်း ရံပုံငွေထည့်ဝင်မယ်လို့ ယူကေ က အင်္ဂါနေ့က ကြေညာလိုက်ကြောင်း တူရကီသတင်းဌာန Anadolu က ဖော်ပြပါတယ်။
နိုင်ငံတကာတရားရုံးကိုရောက်နေတဲ့ ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှုမှာ ပြင်သစ် က ဝင်ရောက်ဆောင်ရွက်မယ်လို့ ပြင်သစ်သမ္မတ အီမင်န်နျူရယ် မက်ခရွန်နဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာတို့ရဲ့ ပူးတွဲကြေညာချက်မှာ ပြောလိုက်ပါတယ်။
တတိုင်းပြည်လုံးညီညွတ်မှု စိတ်ဓါတ်ခွန်အားကို အမှတ်ရဖို့နဲ့ နိုင်ငံရေးအရအစွန်းရောက်မှုတွေမဖြစ်စေဖို့ အမေရိကန်ပြည်ထောင်စုအကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ၂၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတခုမှာ သမ္မတ Joe Biden က ပြောလိုက်ပါတယ်။
“ပြီးခဲ့တဲ့လတွေအတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု အကြိမ်ရေနဲ့ပြင်းထန်မှု ပိုမြင့်လာပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြင်းထန်တဲ့လေကြောင်းဗုံးကြဲမှုတွေနဲ့ အရပ်သားတွေပါမရှောင် ပစ်ခတ်မှုတွေ ပိုတွေ့လာရပြီး ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သားတွေ သေဆုံးခဲ့ရပါတယ်။ (Nicholas Koumjian)
ယူကရိန်းနိုင်ငံတောင်ပိုင်း ရှေ့တန်းစစ်မျက်နှာပြင်မှာ ယူကရိန်းတပ်တွေက ပြီးခဲ့တဲ့အပတ်အတွင်း တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး အရှေ့ပိုင်း Bakhmut အနီးမှာလည်း လှုပ်ရှားမှုတွေ ရှိနေတယ်လို့ သမ္မတ Volodymyr Zelenskyy က တနင်္ဂနွေနေ့က ပြောပါတယ်။
ဒီကနေ့ကျင်းပတဲ့ US OPEN အမျိုးသားတင်းနစ်ဗိုလ်လုပွဲစဉ်မှာ ဆာဘီးယားနိုင်ငံသား ဂျိုကိုးဗစ် (Djokovic) နဲ့ ရုရှားနိုင်ငံသားဒန်နီးလ် မက်ဗီးဒက်ဗ် (Daniil Medvedev) တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ ဂျိူကိုးဗစ်က မက်ဗီးဒက်ဗ် ကို (၆-၃၊ ၇-၆၊ ၆-၃) နဲ့ ပွဲကြီး ၃ ပွဲပြတ် အနိုင်ရရှိသွားပါတယ်။
ဒေသတွင်းက ECOWAS- အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်းအဖွဲ့နဲ့အတူ နိုင်ဂျာနိုင်ငံကို စစ်ရေးအရ ကျူးကျော်နိုင်ခြေပြင်ဆင်မှုအနေနဲ့ အနောက်အာဖရိကတိုင်းပြည်အတော်များများမှာ ပြင်သစ်တပ်တွေ တပ်ဖြန့်ချထားတယ်လို့ နိုင်ဂျာ စစ်အာဏာ သိမ်းအစိုးရက စွပ်စွဲလိုက်ပါတယ်။
"ဗီယက်နမ်နိုင်ငံဟာ ဒေသတွင်းပြိုင်ဖက် တရုတ်နဲ့လည်း အဆင့်မြင့်သံတမန်ဆက်ဆံရေးထားတဲ့နိုင်ငံဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ခိုင်ခိုင်မာမာယူဆထားတဲ့ အခုလို အလွန်တရာအရေးကြီးတဲ့အချိန်မျိုးမှာ ဗီယက်နမ်နဲ့ အမေရိကန်ဟာ အရေးကြီးတဲ့ မိတ်ဖက်တွေဖြစ်ကြတယ်"( အမေရိကန်သမ္မတ Biden)
နောက်ထပ်ကြည့်ရှုရန်