အမေရိကန်သမ္မတ ဂျိုဘိုင်ဒန်ဟာ သူ့ရဲ့ ဗီယက်နမ်ချစ်ကြည်ရေးခရီးစဉ်အတွက် ဒီကနေ့မှာ မြို့တော်ဟနွိုင်းကို ဆိုက်ရောက်လာပါတယ်။
လူပေါင်း ၂,၀၀၀ ကျော်သေဆုံးခဲ့တဲ ငလျင်ဒဏ်ခံခဲ့ရတဲ့ မော်ရိုကိုနိုင်ငံမှာ အရေးပေါ်အကူအညီပေးဖို့ အသင့်ရှိကြောင်း၊ မော်ရိုကို တာဝန်ရှိသူတွေကသာ လက်ခံမယ်ဆိုရင် အကူအညီပေးဖို့ နည်းပညာပိုင်းနဲ့ လုံခြုံရေးအတွက် အသင့်ပြင်ဆင်ထားကြောင်းပြင်သစ်သမ္မတ Emmanuel Macron က ဒီကနေ့ပဲ သတင်းထောက်တွေကို ပြောပါတယ်။
အာဖဂန်နစ္စတန်ဟာ ဒီကနေ့ ကမ္ဘာပေါ်မှာ မက်သာဖက်တမင်း စိက်ကြွဆေးတွေကို အမြန်ဆုံးနှုန်းနဲ့ထုတ်လုပ်နေတဲ့ နိုင်ငံတနိုင်ငံဖြစ်လာနေကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ရုရှားနိုင်ငံက နှစ်စဉ် ကမကထလုပ်ကျင်းပတဲ့ အရှေ့ပိုင်းစီးပွားရေးဖိုရမ်ကို တက်ရောက်လာတဲ့ မြန်မာစစ်ကောင်စီ ကုန်သွယ်ရေးဝန်ကြီး ချာလီသန်းက တိုက်လေယာဉ် ၂ စင်းကို ရုရှားကပေးပို့ခဲ့ပြီးဖြစ်ကြောင်း ပြောကြားချက်ကို ကိုးကားပြီး ရုရှားနိုင်ငံပိုင် RIA သတင်းက ဖော်ပြလိုက်ပါတယ်။
မော်ရိုကို နိုင်ငံမှာ သောကြာနေ့ ညဘက် လှုပ်ခတ်ခဲ့တဲ့ ပြင်းအား အဆင့် ၆.၈ ရှိတဲ့ ငလျင်ကြောင့် သေဆုံးရသူက စနေညအထိဆို ၂၀၁၂ ယောက်ရှိပြီဖြစ်ပြီး ဒဏ်ရာရသူကလည်း ၂၀၀၀ ထက် မနည်းရှိနေတယ်လို့ မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီနှစ်စက်မှုစီးပွားအင်အားကြီး G20 ထိပ်သီးအစည်းအဝေးရဲ့ကြေငြာချက်မှာ ရုရှားကယူကရိန်းကိုကျူးကျော်တဲ့ကိစ္စနဲ့ပတ် သက်လို့နောက်ဆက်တွဲဖေါ်ပြချက်ပါဝင်ခဲ့ပြီး၊ ထိပ်သီးအစည်းဝေးဟာအောင်မြင်မှုရရှိခဲ့တယ်လို့ အမေရိကန် သမတ အိမ်ဖြူတော်က စနေနေ့တုန်းကပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ ၂၀ ရဲ့ ၂ ရက်ကြာ G20 ထိပ်သီးအစည်းဝေးကို စတင်ကျင်းပတဲ့ စက်တင်ဘာ ၉ ရက်နေ့မှာပဲ မြန်မာ့အရေးကို G20 ခေါင်းဆောင်တွေ အလေးထားဆွေးနွေးကြဖို့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ လူ့အခွင့်ရေးအဖွဲ့အစည်း ၄၄ ဖွဲ့က အိတ်ဖွင့်ပေးစာပေးပို့ပြီး တောင်းဆိုလိုက်ပါတယ်။
ဟိန္ဒူအမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်နရင်ဒြာမိုဒီလက်ထက်မှာ တိုင်းပြည်ရဲ့အမည်ကိုအိန္ဒိယကနေ Bharat "ဘဟာရတ်" လို့ပြောင်းလဲအသုံးပြုမှာလည်းဆိုတာကို G20 အစည်းအဝေးရဲ့ပြင်ပမှာခန့်မှန်းပြောဆိုနေကြပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အွန်လိုင်းလိမ်လည်တဲ့ ရာဇ၀တ်မှု လုပ်ငန်းတွေမှာ ပါဝင်တယ်လို့ စွပ်စွဲခံရတဲ့ တရုတ်နိုင်ငံသား ၁,၂၀၀ ကျော်ကို ဖမ်းဆီးပြီး နေရပ် ပြန်ပို့ခဲ့တယ်လို့ ‘ဝ’ တပ်ဖွဲ့ တာဝန်ရှိသူ တဦးက စနေနေ့မှာ ပြောကြောင်း အေပီ သတင်းမှာ ဖော်ပြပါတယ်။
၂၀၂၂ ခုနှစ်အတွင်း စာသင်ကျောင်းတွေနဲ့ ပညာရေးအဆောက်အဦးတွေအပေါ် တိုက်ခိုက်မှုဟာ တကမ္ဘာလုံးအတိုင်း အတာနဲ့ အကြိမ်ပေါင်း ၃ ထောင်ကျော်ရှိခဲ့ပြီး၊ အဆိုးဝါးဆုံး တိုက်ခိုက်ခံရတဲ့အထဲမှာ ယူကရိန်း၊ မြန်မာနဲ့ ဘာကီနာဖာဆို တို့ပါဝင်သလို၊ တိုက်ခိုက်မှုအားလုံးရဲ့ သုံးပုံတပုံဟာ အဲဒီဒေသတွေမှာ ဖြစ်ခဲ့တယ်။
ရုရှားတပ်တွေ စစ်ရေး ထိန်းချုပ်ထားတဲ့ ယူကရိန်းနယ်မြေတွေမှာ ရုရှားဘက်က “ရွေးကောက်ပွဲ” ကျင်းပမယ့်အပေါ် ကုလသမဂ္ဂက စိုးရိမ်ကြောင်းနဲ့ တင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်တဲ့ ဘယ် လုပ်ရပ်မျိုးကိုမဆို ရှုတ်ချကြောင်း သောကြာနေ့မှာ ပြောပါတယ်။
ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခဲ့တာ တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် တော်ဝင်မိသားစုတွေနဲ့ ဗြိတိန်ပြည်သူတွေဟာ ကွယ်လွန်သူ ဘုရင်မကြီးကို ဂုဏ်ပြု ဂါရဝပြုခဲ့ကြပါတယ်။
ဟောင်ကောင်မှာ ကြာသပတေးနေ့ နှောင်းပိုင်းကနေ သောကြာနေ့နှောင်းပိုင်းအထိ စံချိန်တင်မိုးရွာသွန်းနေလို့ လမ်းတွေနဲ့ မြေအောက် ရထားဘူတာရုံတွေ ရေလျှံကာ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၂)ဦးသေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
တခုတည်းသောကမ္ဘာမှာ မိသားစုတစုအတွက် အနာဂတ်တခုရှိဖို့ ခံယူချက်နဲ့ကျင်းပတဲ့ ၁၈ ကြိမ်မြောက် နယူးဒေလီက G20 အစည်းဝေးကိုတက်ရောက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Guterres က ကမ္ဘာတလွှား အမြင်ကွဲပြားမှု ကြီးထွားလာတာဟာ ပြိုကွဲမယ့်အန္တရာယ်ရှိပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းအိုးအိမ်ရွှေ့ပြောင်းနေရသူဟာ ၁.၉ သန်း ရှိနေပြီဖြစ်ပြီး ဒုက္ခသည်တွေ အကူညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားစာနာမှု UNOCHA ရဲ့ စက်တင်ဘာလ ၈ ရက် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ အိုးအိမ်စွန့်ခွါရသူ ၁.၆ သန်းရှိပြီး နေအိမ်မီးလောင်မှု ၇ သောင်းခွဲလောက် ရှိတယ်လို့ပြောပါတယ်။
စစ်ကောင်စီရဲ့စစ်ခုံရုံးကနေ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့တဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆိုင်ရာအဖွဲ့တွေက တောင်းဆိုနေကြပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီယားနဲ့ မစ်ဇိုင်းဒုံးကျည်စမ်းသပ်မှု အစီစဉ်တွေဟာ အင်ဒို-ပစိဖိတ်ဒေသအတွက် ခြိမ်းခြောက်တဲ့အနေထားဖြစ်နေသလို ဒေသတွင်းငြိမ်းချမ်းရေးအတွက်ဆို တိုက်ရိုက်ခြိမ်းခြောက်မှုရှိနေတယ်လို့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီရဲ့ ၂ နှစ်ခွဲကျော်ကြာဖမ်းဆီးအကျဉ်းချတာခံနေရတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် အထူးစိတ်ပူနေကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခေါ်) Kim Aris က VOA ကို ပြောပါတယ်။
ဂျပန်နိုင်ငံဟာ စကြာဝဠာရဲ့မူလဇာစ်မြစ်ကို ရှာဖွေနိုင်ဖို့ရည်ရွယ်တဲ့ X-ray ဓာတ်မှန်ကြည့် တယ်လီစကုပ် အနုစိတ်မှန်ပြောင်းတပ်ဆင်ထားတဲ့ ဒုံးပျံတစင်းကို ကြာသပတေးနေ့က လွှတ်တင်လိုက်ပါတယ်။ ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ တာနေဂါ့ရှိမ အာကာက စခန်းကနေ HII-A ဒုံးပျံ လွှတ်တင်ခဲ့ပါတယ်။
“ကျနော့်အထင် လူ ၂၅,၀၀၀ အထက်မှာရှိမယ်ထင်တယ်။ စားရေးသောက်ရေး နေရေးထိုင်ရေးက တော်တော်တော့ခက်မှာ။ အခု လက်ရှိကတော့ စားနပ်ရိက္ခာက အဓိကပဲ။ ရေရှည်မှာ စားနပ်ရိက္ခာပြဿနာ အခက်အခဲရှိလာတာပေါ့။ နောက်တခုက မိုးကာပေါ့၊ နောက်ပြီးတော့ အဝတ်အစားပေါ့။ ဒါတွေကတော့ လိုအပ်ကြတာ များပါတယ်ဗျ။” (စစ်ရှောင်ကူညီသူ)
နောက်ထပ်ကြည့်ရှုရန်