"အာဆီယံမှာ ထိပ်သီးအစည်းအဝေးတွေနဲ့ အရေးကြီးအစည်းအဝေးမှာ မြန်မာနိုင်ငံက ကိုယ်စားပြုနိုင်တဲ့သူကို တက်ရောက်စေခြင်းမရှိပါဘူး။ ဒါသည်လည်း ဥက္ကဋ္ဌနေရာနဲ့ပတ်သက်ပြီး ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေ ရှိလာနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီလို ဆုံးဖြတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။"(ဗိုလ်ချုပ်ဇော်မင်းထွန်း)
ယူကရိန်းနိုင်ငံ Kyiv မြို့တော်ကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ ၁ ဘီလျံ အကူအညီသစ်ကို ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။
အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူခံထားရပြီး အာဆီယံအတွင်း အရာသွင်းမခံရတဲ့ စစ်ကောင်စီဟာ BRICS လို့ခေါ်တဲ့ ငါးနိုင်ငံအဖွဲ့မှာပါနိုင်ဖို့ စူးစမ်းနေတယ် လို့ ပြည်ပအခြေစိုက် မြန်မာမီဒီယာတွေနဲ့ BNN သတင်းကဆိုပါတယ်။
အမေရိကန်ဒုတိယသမ္မတ Kamala Harris နဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo တို့ရဲ့ ဗုဒ္ဓဟူးနေ့ဆွေးနွေးပွဲမှာ အင်ဒိုနီးရှားဘက်ကအဆိုပြုတဲ့ အမေရိကန်ရဲ့ အခွန်သက်သာခွင့်ရစေတဲ့ အကန့်အသတ်နဲ့ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် FTA ကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။
"ဖမ်းဆီး ထိန်းသိမ်းခံရသူတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ရရှိရမှာဖြစ်ပြီး ဒါဟာ အခြေခံ လူ့အခွင့်အရေးဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်တဲ့အကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်ပါတယ်။" (Farhan Haq-ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရ)
၂၀၀၈ ခုနှစ်ကစလို့ ၂၀၂၂ ဟာ Cluster ဗုံးလို့သိကြတဲ့ ဗုံးအသေးတွေ ထပ်ဆင့်ပေါက်ကွဲဗုံးကြောင့် ထိခိုက်သေဆုံးသူ အများဆုံးနှစ်ဖြစ်ခဲ့ပြီး ဒီလို ဗုံးသုံးတဲ့နိုင်ငံတွေထ မြန်မာလည်း ပါတယ်လို့ အဲဒီလို ဗုံးတွေပပျောက်ရေးအတွက်လှုပ်ရှားနေတဲ့ “ထပ်ဆင့်ပေါက်ကွဲ လက်နက်ပစ္စည်းများ ညွန့်ပေါင်းအဖွဲ့” (CMC) က ပြောပါတယ်။
ယူကရိန်းစစ်ပွဲမှာအသုံးပြုဖို့ ရုရှားကို လက်နက်တွေထောက်ပံ့ပေးရင် မြောက်ကိုရီးယား အနေနဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။
အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးချန်ပီယံဆုရ စပိန်အမျိုးသမီးလက်ရွေးစင် အသင်းနည်းပြ Jorge Vilda ကို ရာထူးကထုတ်ပယ်လိုက်ကြောင်း စပိန် ဘောလုံးအဖွဲ့ချုပ်က အင်္ဂါနေ့မှာ ကြေညာပါတယ်။
အမေရိကန် ဒုတိယသမ္မတကင်မ်မလာ ဟဲရစ်စ် ဟာ အင်ဒိုနီးရှားနိုင်ငံ ဆူကာနို ဟတ္တား (Soekarno Hatta) နိုင်ငံတကာလေဆိပ်ကို အင်္ဂါနေ့ညက ရောက်ရှိသွားခဲ့ပြီး အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီး ဘူဒီ ဂူနာဒီ ဆာဒီကင် (Budi Gunadi Sadikin) က ကြိုဆိုခဲ့ပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အနေနဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေး တွန်းအားပေးရမယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အင်္ဂါနေ့မှာ ပြောပါတယ်။
အာဆီယံအဖွဲ့က မြန်မာနိုင်ငံတွင်း နိုင်ငံရေးမငြိမ်မသက်မှုတွေ ကိုကိုင်တွယ်ဖို့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမယ့် လက်ရှိ၊ အရင်နဲ့ နောင် အလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံပူးတွဲပြီး ကိုင်တွယ်ဆောင်ရွက်မယ့် ချဥ်းကပ်ပုံကို အာဆီယံခေါင်းဆောင်တွေက အင်္ဂါနေ့ မှာ သဘောတူလိုက်ကြပါတယ်။
ယူရေနီယံကို လက်နက်ထုတ်လုပ်လို့ရတဲ့အဆင့်အထိ သန့်စင်ဖို့ကြိုးစားရာမှာ အီရန်ဟာ အဲဒီလို သန့်စင်နိုင်တဲ့နှုန်းကိုလျှော့ချလိုက်တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ပြောထားပါတယ်။
မြန်မာနိုင်ငံပဋိပက္ခမှာ အပြုသဘောဆောင်တွေ့ဆုံဆွေးနွေးမှုတွေဖြစ်လာစေဖို့ ကမ္ဘောဒီးယားနိုင်ငံက လိုလားတယ်လို့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ အင်ဒိုနီးရှာနိုင်ငံရောက်နေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က ပြောပါတယ်။
ပြည်တွင်းစစ်ကြောင့် မတည်မငြိမ် အကွဲအကွဲအပြားပြားဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ်ဟာ စစ်ကောင်စီကြောင့် အဟန့်အတားဖြစ်နေတယ်ဆိုပြီး အာဆီယံအနေနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ မလေးရှားနိုင်ငံက တောင်းဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ် ဆရက်သာ သာဝိစင် (Srettha Thavisin) ဟာ အင်္ဂါနေ့မှာ ထိုင်းဘုရင် မဟာ ဝဇီရာလောင်ကွန်း (Maha Vajiralongkorn) နဲ့ ပရိသတ်ရှေ့မှောက်ကျမ်းသစ္စာကျိန်ဆိုပွဲရှိတာကြောင့် အာဆီယံထိပ်သီးအစည်းအဝေးကို အမြဲတမ်းအတွင်းဝန် Sarun Charoensuwan က ဝန်ကြီးချုပ်ကိုယ်စား တက်ရောက်ပါမယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ဒီကနေ့ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ မြန်မာ့အရေး အဓိကထား ဆွေးနွေးသုံးသပ်ဖို့ရှိတဲ့အကြောင်း လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (Global Security Initiative - GSI) ကို မြန်မာအပါအဝင် မဲခေါင်နိုင်ငံတွေမှာ အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံက လုပ်ဆောင်လာပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ် မှတ်စုမှာ ဒီအကြောင်းချင်းရာကို အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
မွန်ဂိုးလီးယားနိုင်ငံမြို့တော်က အားကစားကွင်းမှာကျင်းပခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ဝတ်ပြုဆုတောင်းပွဲကို တရုတ်ဘုရားဖူးတွေအပါအဝင် ခန့်မှန်း လူဦးရေ ၂,၀၀၀ လောက် တနင်္ဂနွေနေ့ က တက်ရောက်ခဲ့ကြပါတယ်။
ယူကရိန်းဘက်က ရုရှားကို ဒရုန်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာချိန်မှာပဲ အခု ဆောင်းဦီးပေါက်အစောပိုင်းမှာ ဒရုန်းထုတ်လုပ်မှုတွေကို တိုးလုပ်သွားဖို့ စီစဉ်နေတယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီး Oleksii Reznikov က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်နိုင်ငံကို Semi-conductor တပိုင်းလျှပ်ကူးပစ္စည်းတွေ ဆက်ပြီးရောင်းချသွားဖို့ရှိပေမယ့် တရုတ်က သူ့စစ်တပ်အတွက်လိုနေတဲ့ စွမ်းရည်မြင့်တဲ့ပစ္စည်းတွေတော့ မပါဝင်ဘူးလို့ အမေရိကန်ကုန်သွယ်ရေးဝန်ကြီး Gina Raimondo က ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်