လာမယ့်သီတင်းပတ်ထဲကျင်းပမယ့် အာဆီယံထိပ်သီးနဲ့ အရှေ့အာရှဒေသထိပ်သီးအစည်းအဝေးတွေကို အမေရိကန်ဒုသမ္မတ Kamala Harris တက်ရောက်ဖို့ရှိပြီး အဓိက ဆွေးနွေးလာနိုင်မယ့် အကြောင်းအရာတွေထဲမှာ ယူကရိန်းစစ်၊ တောင်တရုတ်ပင်လယ်ပြင် ပိုင်နက် အငြင်းပွားမှုတွေနဲ့အတူ မြန်မာ့နိုင်ငံရေးကိစ္စလည်း ပါဝင်လာဖို့ရှိပါတယ်။
ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ်မြ၀တီမြို့က ခရိုင်အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းတခုတို့ကို အဝေးထိန်းဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဒုတိယဗိုလ်မှူးကြီးအဆင့် ယာယီတပ်ရင်းမှူးတို့အပါအဝင် လူတဒါဇင်ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
မြန်မာ့အရေး ဆောင်ရွက်ခဲ့သူအဖြစ် လူသိများခဲ့တဲ့ အမေရိကန်လွှတ်တော် အမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန်ဟာ အသက်(၇၅)နှစ် အရွယ်မှာ ကွယ်လွန်သွားပါပြီ။
မွန်ဂိုလီးယားနိုင်ငံ မြို့တော် အူလန်ဘာတော (Ulaanbaatar)ကို ရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်ကို တရားဝင်ကြိုဆိုတဲ့ အခမ်းအနားတခု စနေနေ့က ကျင်းပရာမှာ တရုတ်နိုင်ငံအလံ ဝှေ့ယမ်းပြီး ကြိုဆိုခဲ့ကြတဲ့ တရုတ်နိင်ငံကလာတဲ့ ကက်သလစ်ဘာသာဝင် အနည်းငယ်ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
တရုတ်ရဲ့ ကမ္ဘာပတ် ကုန်သွယ်ရေးလမ်းကြောင်းအစီအစဉ်ဖြစ်တဲ့ Belt and Road အစီအစဉ်မှာ အီတလီရဲ့ ပါဝင်ရင်းနှီးမြှုပ်နှံမှုဟာ အငြင်းပွားဖွယ်ဖြစ်နေပြီး အီတလီမျှော်လင့်ထားသလို ဖြစ်မလာဘူးလို့ တရုတ်ပြည်ကို မကြာမီသွားရောက်မယ့် အီတလီနိုင်ငံခြားရေးဝန်ကြီး Antonio Tajani ကစနေနေ့မှာပြောဆိုခဲ့ပါတယ်။
လာမယ့်စက်တင်ဘာလ ၁၂ ရက်ကနေ ၁၅ ရက်အထိ မြန်မာနိုင်ငံ နေပြည်တော်မှာ အာဆီယံ လေတပ်ဦးစီးချုပ်များ ဆွေးနွေးပွဲကိုကျင်းပဖို့ အာဆီယံရဲ့ဆုံးဖြတ်ချက်ဟာ စစ်ရာဇတ်မှုကျူးလွန်နေတာကို အားပေးအားမြှောက်ပြုရာ ကျတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ဖြစ်တဲ့ Justice For Myanmar အဖွဲ့က ဝေဖန်ကန့်ကွက်လိုက်ပါတယ်။
ထိုင်းနိုင်ငံ အနောက်ဖက်ခြမ်း မဲ့ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနဘူရီ၊ ရပ်ချ်ဘူရီ ခရိုင်တွေအတွင်း ယာယီခိုလှုံနေတဲ့ ဒုက္ခသည်တွေအရေး ကိုင်တွယ်ဖြေရှင်းဖို့ လွှတ်တော်မှာ ဒုက္ခသည်များဆိုင်ရာကော်မတီခွဲ တခုကို ဖွဲ့စည်းတည်ထောက်ဖို့ Move Forward Party နဲ့ Fair Party တို့က လွှတ်တော်မှာ တင်ပြတောင်းဆို လိုက်ပါတယ်။
ဂေဟစနစ် မျှတမှု မရှိတာဟာ ဆင်းရဲတဲ့နိုင်ငံတွေက သန်းနဲ့ချီတဲ့ ကလေးငယ်တွေ စားမယ့်အစာ၊ သောက်မယ့်ရေတွေ အလုယူခံရတဲ့ သဘောဖြစ်နေတာကြောင့် သဘာဝဝန်းကျင်ထိန်းသိမ်းပြီး ဂေဟစနစ် မျှတအောင်လုပ်ကြဖို့ မြန်မာကက်သလစ် ကာဒီနယ် ရဟန်းအမတ် ချားလ်စ် မောင်ဘိုက စက်တင်ဘာ ၁ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ငွေကြေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု အစီစဉ်ရ စင်္ကာပူနိုင်ငံက United Overseas Bank (UOB)က သောကြာနေ့က စတင်ပြီး မြန်မာနိုင်ငံက ဘဏ်တွေနဲ့ အဆက်အသွယ်ဖြတ် တောက်လိုက်ပါတယ်။ မြန်မာဘဏ် အကောင့်တွေကနေလာတဲ့ ငွေသွင်းငွေထုတ်၊ အားလုံးကို ချုပ်ချယ်ကန့်သတ်လိုက်မှာဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်လာနေချိန်မှာပဲ အမေရိကန် အင်ဒိုနီးရှားနဲ့ အခြားနိုင်ငံ ၅ နိုင်ငံပါဝင်တဲ့ ဂဠုန် အထူးစစ်ဆင်ရေး (Super Garuda Shield) ပူးတွဲစစ်ရေးလေ့ကျင့်ရေးမှုကို အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ စတင်ပြု လုပ်နေပြီး ရက်သတ္တပတ် ၂ ပတ်ကြာမှာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းခဲ့တာ ၃ နှစ်ထဲ ဝင်လာတဲ့အချိန်မှာ ကရင်နီ ခေါ် ကယားပြည်နယ်ဟာ စစ်ဇုန်ဒေသတခုလို ဖြစ်လာနေပြီး ဒေသလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ပုံမှန် လူမှုစီးပွားဘဝ နေထိုင်မှု အခြေအနေတွေ ပျက်စီးသွားခဲ့ရတယ်လို့ ကရင်နီဒေသတွင်း အခြေအနေကို လေ့လာ စောင့်ကြည့် နေတဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
ကြာသပတေးနေ့က ပါကစ္စတန်စစ်တပ်ယာဉ်တန်းကို အသေခံဗုံးခွဲသမားက မော်တော်ဆိုင်ကယ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၉ ဦး သေဆုံးရပြီး အများအပြား ဒဏ်ရာရခဲ့ကြတယ်လို့ ပါကစ္စတန်အရာရှိတွေက ကြာသပတေးနေ့မှာ ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ ပြည်တွင်းနဲ့ နိုင်ငံရပ်ခြားဖြစ်တဲ့ တရုတ်၊ အီရန်၊ တူရကီနဲ့ ဗြိတိန်နိုင်ငံတွေကကုမ္ပဏီတွေကို ဒေါ်လာ ၆ ဘီလီယံခွဲကျော်တန်ဖိုးရှိတဲ့ သတ္တုတူးဖေါ်ခွင့် ကန်ထရိုက်လုပ်ငန်းတွေချထားပေးဖို့ လက်မှတ်ရေးထိုးခဲ့တယ်လို့ တာလီဘန်တွေက ကြာသပတေးနေ့မှာ ကြေညာပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump က ဂျော်ဂျီယာပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲရှုံးနိမ့်မှုကိုချေဖျက်ဖို့ ကြံစည်မှုစွဲချက်တွေကို အပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့ပြီး နောက်အပတ် ရင်ဆိုင်ရမယ့်အမှုကိုလည်း ဂျော်ဂျီယာပြည်နယ်ဥပဒေအတိုင်း လူကိုယ်တိုင်လာရောက်မှာမဟုတ်ကြောင်းသူ့ရှေ့နေက လျှောက်ထားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်တွေဘက်က 'ပဒေသာဗုံး' လို့ခေါ်နိုင်တဲ့ အတွဲလိုက် ဆင့်ကဲပေါက်ကွဲစေတဲ့ ဖျက်အားပြင်းကလပ်စ်တာဗုံး (Cluster Bobms) တွေ ပြန်လည်အသုံးပြုနေတာကို လူ့အခွင့်အရေးအဖွဲ့တွေက ကြာသပတေးနေ့မှာ ရှုတ်ချလိုက်ပြီး ဒီလိုအသုံးပြုမှုကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲက သြဂုတ်လ ၁ ရက်နေ့က စစ်ကောင်စီက ပြစ်ဒဏ် ၆ နှစ်လျှော့ပေါ့ပေးခဲ့တဲ့အမှု ၅ မှု အထူးအယူခံကြားနာဖို့ လျှောက်ထားချက်ကို နိုင်ငံတော်အထူးတရားရုံးက ပယ်ချလိုက်တယ်လို့ အမည်မဖေါ်တဲ့ တရားရေးအရာရှိတဦးရဲ့ ကြာသပတေးနေ့ ပြောကြားချက်ကို AP သတင်းမှာ ဖေါ်ပြထားပါတယ်။
ကမ္ဘာမှာ ဆန်အများဆုံးတင်ပို့နေတဲ့ အိန္ဒိယနိုင်ငံက အဓိကနိုင်ငံခြားတင်ပို့နေတဲ့ ဆန်အမျိုးစားတမျိုးကို ဇူလိုင်လမှာ တင်ပို့မှုပိတ်ပင်ခဲ့တာကြောင့် ကမ္ဘာ့ဈေးကွက်မှာ ဆန်ရှားပါးပြီး ထိုင်းနဲ့ ဗီယက်နမ်နိင်ငံတွေက ဆန်တွေ ၂၀% ဈေးတက်သွားခဲ့ပါတယ်။
တောင်အာဖရိကနိုင်ငံ၊ Johannesburg မြို့လယ်က အဆောက်အဦးတခု ဒီကနေ့မီးလောင်မှုဖြစ်ပွားခဲ့တာမှာ အနည်းဆုံး လူ ၇၃ ယောက် သေဆုံးပြီး ၅၂ ယောက် ထိခိုက် ဒဏ်ရာရသွားတယ်လို့ အရေးပေါ် ကယ်ဆယ်ရေးဌာန ပြောခွင့်ရ Robert Mulaudzi က ပြောပါတယ်။
တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်တွေ တွေ့ဆုံပြီး နယ်စပ်ဒေသ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ဆိုက်ဘာရာဇဝတ်မှုတွေ နှိမ်နှင်းရေးနဲ့ နယ်စပ်တည်ငြိမ်ရေးအတွက် ဆွေးနွေးခဲ့တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း မလေးရှားကမ်းလွန်ပင်လယ်ပြင်ထဲက ကမ်းလွန်ရေပိုင်နက်ကို ပိုင်ဆိုင်ကြောင်းဖော်ပြထားတဲ့ တရုတ်မြေပုံအသစ်ကို မလေးရှားအစိုးရက ဗုဒ္ဓဟူးနေ့မှာ ကန့်ကွက်ပယ်ချလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်