"ကော်ဖီဆိုင်တဆိုင်မှာဖြစ်တဲ့အမှုပါ။ လဘက်ရည်ဆိုင်နံမည်က မြန်မာလို 'သူငယ်ချင်း' လို့ခေါ်တယ် ၊ သူတို့ကို ရုံးချိန်းမှာတရားလိုပြသက်သေကနေ လူသတ်မှုမှာခိုင်ခိုင်မာမာ သက်သေမပြနိုင်လို့ တရားရုံးဆုံးဖြတ်ချက်နဲ့ တရားသေလွှတ်ပေးလိုက်တာပါ။"(ဦးစိုးထက်သိန်း-တက်ကြွလှုပ်ရှားသူ)
ဘင်္ဂလားဒေ့ရှ်အဆင့်မြင့် ရေတပ်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာရေတပ်နဲ့ ၃ ရက်ကြာဆွေးနွေးဖို့ မြန်မာနိုင်ငံကိုရောက်ရှိသွားကြပြီလို့ ဒက္ကာထရီဗြွန်း (Dhaka Tribune) သတင်းစာက ပြောပါတယ်။
ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းကြား စာအပြန်အလှန် ပို့ဆက်သွယ်ခဲ့ကြောင်း ထောက်လှမ်းရေး သတင်းတွေရထားတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
၁၈ လ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ရုရှားကျူးကျော်စစ်ကာလအတွင်း အပြင်းထန်ဆုံး တန်ပြန်ထိုးနှက်တိုက်ခိုက်မှုအဖြစ် ယူကရိန်းက ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ရုရှားရဲ့ ဒေသ ၆ ခုကို ပစ်မှတ်ထားပြီး ၄ နာရီကြ ဒရုန်းတွေနဲ့ တသုတ်ပြီးတသုတ် တိုက်ခိုက်လိုက်ပါတယ်။
ဩစတြေးလျနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဌာနေတိုင်းရင်းသားတွေ အခွင့်အရေး အလေးပေး ထည့်သွင်းဖို့ လူထု ဆန္ဒခံယူပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကျင်းပမယ်လို့ ဝန်ကြီးချုပ် Anthony Albanese က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဗဟိုအာဖရိက နိုင်ငံတခုဖြစ်တဲ့ Gabon မှာ သမ္မတ Ali Bongo ရဲ့ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်တဲ့အကြောင်း စစ်တပ်အရာရှိ အဖွဲ့တဖွဲ့က ဒီနေ့ကြေညာပါတယ်။
မိုင်းရှင်းပစ္စည်းတွေအပါအဝင် ယူကရိန်းအတွက် ဒေါ်လာ သန်း ၂၅၀ တန်ဖိုးရှိ စစ်ရေး အထောက်အကူအသစ်ကို အမေရိကန်ပြည်ထောင်စုက အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။
နိုင်ဂျာနိုင်ငံအသွင်ကူးပြောင်းရေး ၆ လတာ အစီအစဉ်တရပ်ကို အိမ်နီးချင်း Algeria နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့မှာ အဆိုပြုလိုက်ပြီး နိုင်ဂျာ အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ဒီမိုကရေစီ ပြန်လည်ကျင့်သုံးရေးအတွက် ဒီထက် အချိန်ပိုရဖို့ လိုလားနေပါတယ်။
သူပိုင်လို့ အိန္ဒိယကပြောတဲ့နယ်မြေကို တရုတ်မြေပုံထဲမှာထည့်ထားတဲ့အတွက် တရုတ်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ကြောင်း အိန္ဒိယက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံတွင်းတိုက်ပွဲတွေကြောင့် မယ်ဟောင်ဆောင်ပြည်နယ်ဘက် ထွက်ပြေး ခိုလှုံနေကြရတဲ့ မြန်မာဒုက္ခသည်တွေအတွက် ရတက်မအေးကြောင်း ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် (NHRC) ရဲ့ ကြေညာချက်ကို ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံ ဖူကူရှီးမား ဒိုင်အိချိ နျူးကလီယား ဓာတ်အားပေးစက်ရုံကစွန့်ပစ်တဲ့ ရေဆိုးတွေထဲမှာ ရေဒီယိုသတ္တိကြွ Tritium ပါဝင်မှုနှုန်းက ခန့်မှန်းထားတဲ့ အဆင့်ထိသာပါဝင်ပြီး လူထုအတွက် အန္တရာယ်မရှိကြောင်း ကုလသမဂ္ဂ အနုမြူစွမ်းအင်အေဂျင်စီရဲ့အကြီးအကဲက အင်္ဂါနေ့မှာ ပြောပါတယ်။
၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် စွပ်စွဲထားတဲ့ အကြမ်းဖက်မှုတွေမှာ Facebook လူမှုကွန်ယက်က တဆင့် အဓိက သွေးထိုးမှုတွေ ရှိခဲ့တယ်ဆိုပြီး Facebook ရဲ့ ပင်မ ကုမ္ပဏီ Meta ကို ရိုဟင်ဂျာ ဒုက္ခသည်တွေက အိုင်ယာလန်နိုင်ငံမှာ တရားစွဲဆိုလိုက်ပါတယ်
မြောက်ကိုရီးယား ရေတပ်ကို အင်အားခိုင်ခန့်အောင် လုပ်ဆောင်ဖို့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က တိုက်တွန်းပြောဆိုတာကို မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းမှာ ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေမှာ ရာဇဝတ်ဂိုဏ်းတွေက သိန်းနဲ့ ချီတဲ့ လူတွေကို ဆိုက်ဘာရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ မကြာခဏ ညှဉ်းပန်းနှိပ်စက် ခြိမ်းခြောက်ကာ ဖိအားပေးစေခိုင်းနေတယ်လို့ ကုလသမဂ္ဂက ဒီနေ့ပဲ အစီရင်ခံစာထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံမှာ အသရေဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ၃ ဦးကို ဒီကနေ့ တရားသေ လွှတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် ဒါဟာ အနှစ်သာရမရှိတဲ့ အောင်ပွဲအဖြစ် သူတို့က ရှုမြင်ပြီး ထိုင်းနိုင်ငံရဲ့ တင်းကြပ်လွန်းလှတဲ့ ဒီ အသရေဖျက်မှုဆိုင်ရာ ဥပဒေကို သူတို့က ဝေဖန်လိုက်ပါတယ်။
နိုင်ဂျာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေက ပြင်သစ်သံအမတ်ကြီးကို နိုင်ဂျာနိုင်ငံကနေ ထွက်ခွါသွားဖို့ ရာဇသံပေးခဲ့ပေမဲ့ ပြင်သစ်သံအမတ်ကြီးဟာ နိုင်ဂျာမှာ ဆက်လက်နေထိုင်မယ်လို့ ပြင်သစ်သမ္မတ Emmanuel Macron က ပြောပါတယ်။
တရုတ်နဲ့ အမေရိကန်တို့ဟာ ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလုပ် အဖွဲ့အသစ်တွေဖွဲ့စည်းကြဖို့ တနင်္လာနေ့မှာ သဘောတူလိုက်ကြကြောင်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဂျီနာ ရေမန်ဒို (Gina Raimondo) က ပြောပါတယ်။
ယီမင်နိုင်ငံမှာ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF က ဝန်ထမ်း ၂ ဦးနဲ့ တနင်္လာနေ့မှာ အဆက်အသွယ်ပြတ်တောက်နေပြီး တဦးက မြန်မာဖြစ်တယ်လို့ အဆိုပါအဖွဲ့က ပြောပါတယ်။ ဂျာမန်နဲ့မြန်မာဝန်ထမ်း ၂ ယောက်ဟာ ယီမင်ဗဟိုအလယ်ပိုင်းက Marib ဒေသမှာရှိနေခဲ့ကြတယ်လို့ အဖွဲ့က ပြောပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ လာမယ့်လအတွင်း ဗီယက်နမ်ကို သွားရောက်ပြီး အထွေထွေအတွင်းရေးမှူး Nguyen Phu Trong ၊ နောက် တခြားသော ဗီယက်နမ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ့်အကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က တနင်္လာနေ့မှာ ကြေညာပါတယ်။
၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ရေး ကြံစည်မှုစွဲချက်တွေအတွက် လာမယ့်မတ်လမှာ သမ္မတဟောင်း Donald Trump ကို အမှုစစ်ဆေးမှာဖြစ်ကြောင်း ဖယ်ဒရယ်တရားသူကြီးက တနင်္လာနေ့မှာ အမိန့်ချလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်