အာဏာသိမ်း အုပ်ချုပ်နေတဲ့ စစ်ကောင်စီ အနေနဲ့ တိုင်းပြည်ရဲ့ သံတမန်ရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကိစ္စတွေမှာ ဆုံးဖြတ်ခွင့် မရှိကြောင်း NUG က ဒီနေ့ပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။
အာဖဂန်နစ္စတန် နိုင်ငံမှာ တာလီဘန်ရဲ့ ကိုယ်ကျင့်တရားထိန်းသိမ်းရေး ဝန်ကြီးက အမျိုးသမီးတွေ ခေါင်းစည်းပုဝါကို စနစ်တကျ ဝတ်ဆင်မထားဘူးဆိုရင် အများပြည်သူသွားလာတဲ့ နိုင်ငံပိုင်ဥယျာဉ်တွေကို သွားရောက် လည်ပတ်ခွင့်မရှိဘူးလို့ တားမြစ်လိုက်ပါတယ်။
မြန်မာရေတပ်အတွက် စင်္ကာပူ ဒေါ်လာ ၂ သန်းဖိုးလောက် ရေအောက် အသံစနစ် Sonar System သုံး ကရိယာတွေ ရောင်းချခဲ့တဲ့ စင်္ကာပူနိုင်ငံသား ၂ ဦး က သူတို့မှာ အပြစ်ရှိကြောင်း စင်္ကာပူတရားရုံးမှာ ဩဂုတ်လ ၂၅ ရက်နေ့က ဝန်ခံထွက်ဆိုတာကို The Strait Times သတင်းစာမှာ ရေးသားထားပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်လက်မှတ် ကုန်ဆုံးနေပေမဲ့ နိုင်ငံကူးလက်မှတ် သက်တမ်း ၂ နှစ်အထက် ကျန်နေသေးတဲ့ MOU စနစ်နဲ့ အလုပ်လုပ်နေကြတဲ့ မြန်မာ အလုပ်သမားတွေကို နယ်စပ်မြို့တွေမှာ One Stop Service နဲ့ အလုပ်လုပ်ခွင့် သက်တမ်း တိုးပေးမဲ့အကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။
မြန်မာပြည်သူတွေဟာ စီးပွားရေးကျဆင်းတာနဲ့ စစ်မီးပြင်းထန်လာတာတွေကို တပြိုင်နက် ရင်ဆိုင်နေရပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ဒီအကြောင်းကို အချက်အလက် အခြေပြု ပိုင်းခြား ဖော်ပြထားပါတယ်။
Wagner ကြေးစားတပ်အကြီးအကဲ Yevgeny Prigozhin ဟာ ပြီးခဲ့တဲ့အပတ်က ရုရှားနိုင်ငံတွင်း လေယာဉ်ပျက်ကျလို့ သေဆုံးသူ ၁၀ ယောက်မှာ ပါဝင်တယ်ဆိုတာ မျိုးဗီဇနဲ့ မှုခင်းပညာစစ်ဆေးချက်တွေအရ သိရကြောင်း ရုရှားစစ်ဆေးရေးသမားတွေက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
နာဇီတံဆိပ်ကပ်ထားတဲ့သေနတ်ကိုင်ထားတဲ့ မျက်နှာဖုံးတပ်လူဖြူတဦးက ဖလော်ရီဒါပြည်နယ် စတိုးဆိုင်တဆိုင်မှာ လူမည်းသုံးဦးကို ပစ်သတ်ခဲ့တာဟာ လူမျိုးရေးမုန်းတီးမှုနဲ့သတ်ဖြတ်တယ်ဆိုတာ ရှင်းနေတာပဲ" လို့ ရဲအရာရှိတွေက ပြောပါတယ်။
အရှေ့တီမောနိုင်ငံ ထိပ်တန်းသံတမန်တဦးကို မြန်မာစစ်အစိုးရက မောင်းထုတ်လိုက်တဲ့အတွက် အရှေ့တီမောအစိုးရက မြန်မာစစ်ခေါင်းဆောင်တွေကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။
ပါကစ္စတန်မှာ မီတာခတွေတက်လာတာကြောင့် မီတာခတောင်းခံလွှာတွေကို မီးရှို့ပြီး ပြည်သူတွေက တတိယနေ့အဖြစ် တနင်္ဂနွေနေ့မှာ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။
ရုရှားရဲ့ အီရန်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ ပထဝီနိုင်ငံရေး ဖိအားပေးမှုတွေကြောင့် နောက်ဆုတ်သွားမှာ မဟုတ်ဖူးလို့ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က စနေနေ့မှာ ပြောပါတယ်။ ရုရှားကို မောင်းသူမဲ့ယာဉ် ရောင်းချမှု ရပ်ပစ်ဖို့ အမေရိကန်ရဲ့ ပြောဆိုချက်တွေနောက်ပိုင်း အခုလို ပြောကြားလိုက်တာပါ။
အမေရိကန်က တိုင်ဝမ်ကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုး လက်နက်ရောင်းချဖို့ အတည်ပြုခဲ့တဲ့ နောက်ရက်တွေမှာပဲ တရုတ်က တိုင်ဝမ်ကျွန်းကို ဦးတည်ပြီး ဒါဇင်နဲ့ချီတဲ့ စစ်လေယာဉ်တွေ စစ်သင်္ဘောတွေ စေလွှတ်ခဲ့တယ်လို့ တိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။
ယူကရိန်းမြောက်ပိုင်း Kupiansk နဲ့ အရှေ့ပိုင်း ဒွန်းညက် Donetsk ဒေသ Lyman လီမန် မှာ လာမယ့်နှစ်ထဲ ရုရှားဘက်က ထိုးစစ်တွေ ပိုပြီး ပြင်းပြင်းထန်ထန် ဆင်နွှဲလာဖွယ်ရှိတဲ့ အထောက်အထားတွေ တွေ့ရှိရကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကယူကရိန်း ဆိုင်ရာ နေ့စဉ်ထောက်လှမ်းရေးအစီရင်ခံစာမှာ စနေနေ့ကပြောပါတယ်။
အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန် ဗိုလ်စွဲပြီးနောက်မှာ စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Luis Rubiales က အသင်းသူ ဂျက်နီဖာဟာမိုဆာရဲ့ နှုတ်ခမ်းကို အတင်းအကျပ် နမ်းရှုံ့ခဲ့မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေချိန်အတွင်း ဘောလုံးအလုပ်တာဝန်တွေအားလုံးကို ရပ်ဆိုင်းထားကြောင်း FIFA ကကြေညာလိုက်ပါတယ်။
ဂျပန်နိုင်ငံ ဖူကူရှီးမားဒိုင်အိချိ နျူကလီးယားစက်ရုံ ဓာတ်ပေါင်းဖိုမှာ အအေးခံဖို့အသုံးပြုခဲ့တဲ့ ရေဆိုးတွေကို စွန့်ထုတ်ပြီးနောက် သမုဒ္ဒရာထဲက ရေတွေကို နမူနာ စစ်ဆေးကြည့်ရာမှာ ရေဒီယိုဓာတ်သတ္တိကြွမှုက လက်ခံနိုင်တဲ့ အတိုင်းအတာအတွင်းမှာ ကောင်းကောင်းရှိနေတယ်လို့ စက်ရုံတာဝန်ရှိသူတွေက သောကြာနေ့က ပြောပါတယ်။
မြန်မာနိုင်ငံတွင်းက စနစ်တကျ ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှု ကျူးလွန်နေတာတွေရဲ့ အရင်းအမြစ်ကို ရှာဖွေဖေါ်ထုတ်ပြီး ရေရှည်တည်တံ့မယ့် အဖြေရှာနိုင်အောင် သက်ဆိုင်ရာအဖွဲ့အားလုံး ၂ ဆတိုး ပါဝင်ဖြေရှင်းကြဖို့ ကုလအတွင်းရေးမှူးချုပ် Antonio Guterres က ပြောပါတယ်။
အခြေခံလူ့အခွင့်အရေးတွေကို ငြင်းပယ်ခံနေရတဲ့ သန်းနဲ့ချီနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် တရားမျှတမှု ရရှိရေး၊ လုံခြုံရေးနဲ့ ရေရှည်ရပ်တည်နိုင်ရေး ဘယ်လောက်ပဲ ကြိုးစား လုပ်ဆောင်ကြပေမယ့် နိုင်ငံတကာ အစိုးရတွေရဲ့ လျစ်လျူရှုခြင်းခံနေရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrew ကပြောပါတယ်။
၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ ရစ်ပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ် ထိပ်ကပြေးနေတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ကြာသပတေးနေ့ ဂျော်ဂျီယာပြည်နယ် အာဏာပိုင်တွေ ထုတ်ပြန်တဲ့ သူ့ရဲ့အကျဥ်းထောင်မှတ်တမ်း ဓာတ်ပုံကြောင့် သမိုင်းဝင်သွားခဲ့ပါတယ်။ "ဒါဟာ သက်တောင့်သက်သာရှိတဲ့ ခံစားချက်မဟုတ်ပါဘူး"လို့ ထရမ့်ကပြောပါတယ်။
ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဖြစ်တဲ့ ပုဂံဒေသအတွင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးမှု မရှိရအောင် ဂရုစိုက်ဖို့လိုအပ်တယ်လို့ ပုဂံရှေးဟောင်းအမွေနှစ် ထိန်းသိမ်းရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
တရုတ်သမ္မတ Xi Jinping နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့ဟာ တောင်အာဖရိကနိုင်ငံမှာကျင်းပနေတဲ့ BRICS ခေါ် စီးပွားရေးထွန်းသစ်စနိုင်ငံများအဖွဲ့ ထိပ်သီး ဆွေးနွေးပွဲပြင်ပမှာ နယ်စပ်တင်းမာမှုလျှော့ချရေး မနေ့ ဩဂုတ်လ ၂၄ ရက်နေ့က ဆွေးနွေးခဲ့တယ်လို့ တရုတ်နိုင်ငံက သတင်းထုတ်ပြန်ပါတယ်။
ပြည်တွင်းမှာ ဆန်ဈေးကြီးမြင့်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ မြန်မာ့ဆန်တင်ပို့မှုကို ယာယီကန့်သတ်ဖို့ စီစဉ်နေတယ်လို့ ဆန်စပါးလုပ်ငန်းအဖွဲ့က တာဝန်ရှိသူတဦးက ဒီနေ့ပဲ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်