မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ကြမ်းကြုတ်ရက်စက်မှုတွေ အတွက် တရားမျှတမှုကို ရှာဖွေဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိစေဖို့အတွက် ဆက်လက် ကြိုးပမ်းသွားမယ်ဆိုတာ ထပ်လောင်း အတည်ပြုပါကြောင်းလည်း ဝန်ကြီး ဘလင်ကန်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ဂျော်ဂျီယာပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲရှုံးနိမ့်မှုကိုချေဖျက်ဖို့ ကြံစည်ခဲ့မှုစွဲချက်တွေနဲ့ပတ်သက်ပြီး တရားရင်ဆိုင်၊ အဖမ်းခံဖို့ ကြာသပတေးနေ့က အတ္တလန္တာကို သွားပါတယ်။
BRICS (ဘရစ်စ်) လို့ အတိုသိကြတဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက (၅) နိုင်ငံအဖွဲ့မှာ “အဖွဲ့ဝင် နိုင်ငံအသစ်တွေတိုးလာတာဟာ ကမ္ဘာ့အရေးအရာ၊ စည်းမျည်းတွေမှာ နိုင်ငံပေါင်းစုံက ဦးဆောင်မောင်းနှင်မှာအပေါ် ကမ္ဘာတဝန်းယုံကြည်မှု အားကောင်းလာစေမယ်” လို့ အိန္ဒိယဝန်ကြီးချုပ် နရိန်ဒြာ မိုဒီကပြောပါတယ်။
စစ်ကောင်စီကို ဆိုရှယ်မီဒီယာပေါ်မှာ ရုပ်သံဗီဒီယိုကတဆင့် ပြစ်တင်ဝေဖန်ခဲ့လို့ မေလတုန်းက ဖမ်းဆီးခံထားရတဲ့ ဟစ်ဟော့ပ် အဆိုတော်ဗျူဟာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရကြောင်း မိသားစုဝင်တစ်ဦးက ကြာသပတေးနေ့မှာ ပြောပါတယ်။
အမျီးသမီး ကမ္ဘာဖလားချန်ပီယံ စပိန်အသင်းသူ ဂျနီဖာ ဟာမိုဆို ကို ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ဆုပေးပွဲမှာ နှုတ်ခမ်းကိုအတင်းအကျပ်နမ်းရှုတ်ခဲ့တဲ့ စပိန်တော်ဝင်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Luis Rubiales ဟာ သောကြာနေ့မှာရာထူးကနေ နုတ်ထွက်ပါတော့မယ်။
အီးယူ ဥရောပသမဂ္ဂက မြန်မာနိုင်ငံက လူ့အခွင့်ရေးအခြေနေတွေ၊ အလုပ်သမားအခွင့်ရေးဆိုင်ရာတွေကို ဆန်းစစ်လေ့လာနေပြီး EU က မြန်မာအတွက် သတ်မှတ် ထားတဲ့ ကုန်သွယ်ရေးဆိုင်ရာကင်းလွတ်ခွင့်တွေဟာ မြန်မာနိုင်ငံရဲ့ အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲတွေ ဖြစ်လာစေနိုင်ကြောင်း ဥရောပကော်မရှင်ပြောခွင့်ရက ပြောပါတယ်။
မဏိပူပြည်နယ်အစိုးရဟာ မြန်မာနိုင်ငံကနေ တရားမဝင်လာရောက်သူ ၂,၅၀၀ လောက်ကို နေရပ်ရင်း ပြန်ပို့ဖို့ ပြင်နေတယ်လို့ ပြည်နယ်ပြည်ထဲရေးဌာနက ဗဟိုအစိုရဆီထံ အစီရင်ခံစာတင်သွင်းခဲ့ကြောင်း အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
၂၀၁၁ ခုနှစ်တုန်းက ပင်လယ်ပြင်အောက် ငလျင်လှုပ်ခဲ့ပြီးတဲ့နောက် ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီ ရေလှိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ ဂျပန်နိုင်ငံ Fukushima Daiichi နျူကလီးယား ဓါတ်ပေါင်းဖိုကနေ သန့်စင်ပြီးသား ရေဒီယိုသတ္တိကြွရေတွေ ပစိဖိတ် သမုဒ္ဒရာထဲ ပထမအသုတ် ဒီကနေ့ ထုတ်လွှတ်ပါတယ်။
ရိုဟင်ဂျာတွေအပါအဝင် တခြားလူနည်းစုဝင်တွေအပေါ် အတိတ်မှာရော လက်ရှိမှာပါ ကျူးလွန်နေတဲ့ ရာဇဝတ်ပြစ်မှုတွေကနေ လွတ်ကင်းခွင့်ရထားတဲ့ မြန်မာစစ်ကောင်စီတပ်အပေါ် အရေးယူဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အားလုံးအနေနဲ့ ဝိုင်းဝန်းထောက်ခံကြဖို့လည်း Volker Turk က တိုက်တွန်းပါတယ်။
ချီလီနိုင်ငံမှာ ရက်ဆက် မိုးပြင်းပြင်းထန်ထန်ရွာသွန်းပြီး မြေပြိုလို့ သမ္မတက နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာထားရပါတယ်။ ရေလွှမ်းလို့ သေဆုံးရသူ ၂ ဦးရှိသွားသလို ရေဘေးသင့်ရတဲ့သူတွေလည်း ထောင်ကျော်ရှိပါတယ်။
အာဂျင်တီးနားနိုင်ငံတဝန်းမှာ စတိုးဆိုင်တွေ၊ စူပါမားကတ်တွေကို ဝင်ရောက်လုယူတာတွေ ကြောင့် လူ ၁၀ ဦးကျော်ကို ဖမ်းဆီးထားလိုက်ပါပြီ။ နှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲက သူနိုင်ကိုယ်နိုင် အထူးယှဉ်ပြိုင်ရမယ့် အနေအထားရှိပြီး ငွေကြေးဖောင်းပွနှုန်းက ၁၀၀% ကျော် မြင့်တက်နေတာပါ။
နာဇီခေါင်းဆောင် ဟစ်တလာကို မွေးဖွားခဲ့တဲ့ ဂျာမနီနယ်စပ် ဩစတြီးယားနိုင်ငံထဲက Braunau am Inn မြို့က အိမ်ဟာ နာဇီဝါဒလိုလားသူတွေ အမှတ်တရဂုဏ်ပြုတဲ့နေရာ ဖြစ်မှာ မလိုလားလို့ အစိုးရက ရဲအရာရှိ လူ့အခွင့်အရေးသင်တန်းကျောင်းအဖြစ် ပြောင်းလဲဖို့ လုပ်ဆောင်နေပါတယ်။
လကမ္ဘာရဲ့ တခြား ဘယ်နိုင်ငံကမှ ဆင်းသက်နိုင်ခြင်းမရှိသေးတဲ့ တောင်ဝင်ရိုးစွန်းရဲ့ပိုမိုခက်ခဲကြမ်းတမ်းတဲ့ မြေပြင်ပေါ်ကို အိန္ဒိယအာကာသယာဥ် သင်္သကရိုက် (Sanskrit) စကားနဲ့ “လယာဥ်” လို့ အဓိပ္ပာယ်ရတဲ့ Chandrayaan အမှတ်၃ အာကာသယာဥ်ရဲ့လဆင်းယဥ်ဟာ အောင်အောင် မြင်မြင်နဲ့ လပေါ်ဆင်းသက်နိုင်ခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ရဲ့ မြန်မာ့အခြေနေဆိုင်ရာ ကြေညာချက်တရပ်ကို ထုတ်ပြန်ခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အပြည့်အဝအကောင်အထည်ဖေါ်ရေးအတွက် တောင်းဆိုလိုက်ပါတယ်။
ကုလလုံခြုံရေးကောင်စီမှာ မြန်မာအရေး တံခါးပိတ်ဆွေးနွေးခဲ့ပြီး ရုရှား၊ တရုတ် မပါတဲ့ (၁၃) နိုင်ငံက ပူးတွဲ ကြေညာချက်မှာ သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မအဖမ်းခံထားရတဲ့ အကျဉ်းသားအားလုံအမြန်ဆုံးပြန်လွှတ်ပေးရေးနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ထပ်လောင်း တောင်းဆိုလိပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးခဲ့ရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောခဲ့ပြီး စစ်တပ်အပေါ် လေယာဉ်သုံးလောင်စာဆီနဲ့ ငွေကြေးတွေဖြတ်တောက်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို ထပ်မံတောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအခြေစိုက် ဆိုင်ဘာရာဇဝတ်မှုဂိုဏ်းတွေကိုချေမှုန်းဖို့ တရုတ်က ထိုင်း၊လာအိုတို့နဲ့ အလုပ်အတူလုပ်မယ်လို့ ပြောလိုက်တယ်လို့ SOUTH CHINA MORNING POST သတင်းစာက ဆိုပါတယ်။
စစ်ကောင်စီအတွက် လေယာဉ်ဆီရောင်းချ ဖြန့်ဖြူးပေးနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေကို အမေရိကန်က ဗုဒ္ဓဟူးနေ့မှာ ပိတ်ဆို့ အရေးယူလိုက်ပါတယ်။
ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်က ကျွန်းပေါ်မှာ နေရာယူထားတဲ့ ဖိလစ်ပိုင်တပ်ဖွဲ့တွေအတွက် ရိက္ခာနဲ့ အထောက်အပံ့ ပို့ဖို့သွားတဲ့ ဖိလစ်ပိုင်သင်္ဘော ၂ စင်းဟာ တရုတ်ကမ်းစောင့်တပ်တွေရဲ့ ပိတ်ဆို့မှုကြားက ဖောက်ထွက်ခဲ့ကြပါတယ်။
ပြည်ပမှာ တိမ်းရှောင်နေရာက ထိုင်းနိုင်ငံကို ပြန်လာတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ဟာ အချုပ်ထောင်တွင်း ပထမဆုံးနေ့မှာပဲ နှလုံးနဲ့ သွေးတိုးကြောင့် ကျန်းမာရေး စိုးရိမ်ရတာကြောင့် ဆေးရုံကိုပြောင်းရွှေ့ပေးလိုက်ကြောင်း ဒီနေ့ပဲ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်