အာဖရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားမှာ တရုတ်ရုပ်ရှင်ပွဲတော် ပထမဦးဆုံးအကြိမ် ကျင်းပနေပါတယ်။ ဩဂုတ်လ ၂၁ တနင်္လာနေ့မှာ စတင်ဖွင့်လှစ်ပြီး ၅ ရက်အကြာ ၂၆ စနေနေ့မှာ ပြီးဆုံးမှာပါ။
ပါကစ္စတန်နိုင်ငံ ဝေးလံပြီး တောတောင်ထူထပ်တဲ့ ဘက်တာဂရမ်ဒေသမှာ ကေဘယ်ကားနဲ့ လေထဲမှာ တန်းလန်းဖြစ်နေတဲ့ ကလေးတွေနဲ့ ဆရာကို နာရီပေါင်းမျာစွာ ကြိုးစားပြီး ခက်ခက်ခဲခဲ ကယ်ယူနိုင်ခဲ့ပါတယ်။ အဲဒီမှာပါသွားတဲ့ ကလေးတယောက်က နှလုံးမကောင်းလို့ ကြောက်ပြီး သတိမေ့သွားလိုက် ပြန်သတိရလာလိုက် ဖြစ်နေခဲ့တာပါ။
ယူကရိန်းစစ်ထောက်လှမ်းရေးနဲ့ ပေါင်းစပ်ညှိုနှိုင်းပြီး၊ ယူကရိန်းတိုက်ခိုက်ရေးသမားတွေက ရုရှားနိုင်ငံရဲ့အတွင်းပိုင်း လေတပ်စခန်းတွေမှ ရပ်ထားတဲ့ ဗုံးကြဲလေယာဥ်တွေကို မကြာခင်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းမီဒီယာတွေ က အင်္ဂါနေ့က ပြောလိုက်ပါတယ်။
အာဖရိကနိုင်ငံများသမဂ္ဂက စစ်အာဏာသိမ်းထားတဲ့နိုင်ဂျာနိုင်ငံကို အဖွဲ့ဝင်အဖြစ်က ခေတ္တ ရပ်ဆိုင်းထားလိုက်ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ရဲ့စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာဒုက္ခသည်တွေထွက်ပြေးခဲ့ကြတာ ဒီတပတ်က (၆) နှစ်ပြည့်ရက်သီတင်းပတ်ဖြစ်ပြီး ရေရှည်အဖြေအတွက် နိုင်ငံရေးအရရော ဘဏ္ဍာရေးအရပါ ပံ့ပိုးပေးကြဖို့ ကုလသမဂ္ဂက နိုင်ငံတကာကို အင်္ဂါနေ့ကတိုက်တွန်းလိုက်ပါတယ်။
ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးအိန္ဒိယဟာ အဓိက ရွေးကောက်ပွဲနှစ်မတိုင်မီ ပြည်တွင်းဆန်စျေးနှုန်းကို ထိန်းချုပ်နိုင်ဖို့ ဘာစမာတီဆန်အမျိုးအစား မဟုတ်တဲ့ ဆန်တင်ပို့မှုတချို့ကို အရင်လကပိတ်ပင်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့နိုင်ငံတွေဟာ ဆန်ဖူလုံအောင်ရနိုင်ဖို့ ရုန်းကန်နေကြရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲ Martin Griffiths ရဲ့ အရင်အပတ်က မြန်မာပြည်ခရီးစဉ်နဲ့ပတ်သတ်ပြီး မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေက သြဂုတ်လ ၂၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်ထုတ် ဝေဖန်လိုက်ပါတယ်။
“ဥပဒေတွေနဲ့မညီတဲ့လုပ်ရပ်တွေကို ဆက်လက် မလုပ်ဆောင်ဖို့ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံကို ကျနော်တို့တိုက်တွန်းပါတယ်။ အလေးအနက်ထားပြီးရေရှည်တည်တံ့မယ့် သံတမန်ရေးဆွေးနွေးပွဲတွေမှာပါဝင်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်။” (အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ)
COVID 19 ကပ်ဘေးပြီးကတည်းက လူပုဂ္ဂိုလ်တွေ တက်ရောက်တွေ့ဆုံကြတဲ့ BRICS (ဘရစ်စ်) လို့ အတိုသိကြတဲ့ ၅ နိုင်ငံ ထိပ်သီး အစည်းအဝေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့ ရုရှားသမ္မတပူတင်ကတော့ ဗွီဒီယိုကနေပဲ ပါဝင်တက်ရောက်ပါတယ်။
နိုင်ငံခြားငွေလဲနှုန်း ပြင်ပဈေးကွက်မှာ မတည်မငြိမ်ဖြစ်နေတာကို စစ်ကောင်စီ ဗဟိုဘဏ်က ဝန်ခံပြောဆိုပြီး ငွေကြေးဖေါင်းပွမှု ထိန်းချုပ်ရေးနဲ့ ငွေလဲနှုန်းတည်ငြိမ်ရေးအတွက် နိုင်ငံခြားငွေပိုင်ဆိုင်မှုနဲ့ လက်ဝယ်ကိုင်ဆောင်မှုတွေ ဆက်လက်တင်းကြပ်သွားမယ့်အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
ကမ္ဘောဒီးယားမှာ သက်တမ်းကြာရှည် အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ အရိုက်အရာကို ဆက်ခံဖို့အတွက် သားဖြစ်သူ ဟွန်မာနက်ကို ကမ္ဘောဒီးယားပါလီမန်က တခဲနက် ရွေးကောက်တင်မြှောက်လိုက်ပါတယ်။
ရေဘေးသင့်တာဟာ သဘာဝဘေးအန္တရာယ်ကြောင့် မဟုတ်ဘဲ တာဝန်မဲ့သူတွေ၊ စည်းကမ်းမရှိသူတွေကြောင့်လို့ ရေဘေးသင့်ဒေသကို လာရောက်သွားတဲ့ အာဏာရခေါင်းဆောင်က ပြောပါတယ်။ သူက ရေဘေးနဲ့ ပတ်သတ်ပြီး ဝန်ကြီးချုပ် Kim Tok Hun ရဲ့ ဝန်ကြီးအဖွဲ့ကို အပြစ်တင်ထားပါတယ်။
တိုင်းပြည်မှာ ဝန်ကြီးချုပ်သစ် ရွေးချယ်ဖို့ နိုင်ငံရေးအရ အကျပ်အတည်းတွေ ဖြစ်နေချိန်၊ အထူးသဖြင့် ဒီကနေ့မှာပဲ ထိုင်းလွှတ်တော်မှာ ဝန်ကြီးချုပ်သစ် မဲခွဲ ဆုံးဖြတ်ဖို့ ရှိနေချိန်မှာ ဝန်ကြီးချုပ်ဟောင်း တက်ဆင် ပြန်ရောက်လာတာပါ။
အယ်နီနိုရာသီဥတုပုံစံကြောင့် ဆန်ထွက်နှုန်းကျနိုင်စရာရှိတာကိုကြိုမြင်ပြီး ကမ္ဗောဒီးယားနဲ့မြန်မာကနေ ဆန်တင်သွင်းဖို့ကြည့်နေတယ်လို့ အင်ဒိုနီးရှားနိုင်ငံတော်ပိုင် စားနပ်ရိက္ခာဝယ်ယူပို့ဆောင်ရေးလုပ်ငန်း Bulog က တနင်္လာနေ့မှာ ပြောပါတယ်။
ဆော်ဒီအာရေဗျ နယ်ခြားစောင့်တပ်တွေက အီသီယိုးပီးယား ရွှေ့ပြောင်းဒုက္ခသည် ရာနဲ့ချီကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်တဲ့ Human Rights Watch အဖွဲ့ရဲ့ အစီရင်ခံစာပါဖော်ပြချက်ကို စိုးရိမ်ကြောင်း အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelensky ဟာ တနင်္လာနေ့မှာ ဂရိနိုင်ငံ အေသင်မြို့ ကို ရောက်ရှိချိန်မှာ ဂရိနိုင်ငံက ယူကရိန်းကို F 16 တိုက်လေယာဥ် ကိုင်တွယ်နိုင်အောင် လေ့ကျင့်ပေးမယ်လို့ ယူကရိန်းသမ္မတကို ပြောလိုက်ပါတယ်။
နိုင်ဂျာနိုင်ငံ ဒီမိုကေရစီအသွင်ကူးပြောင်းရေးအတွက် အချိန် ၃ နှစ်လိုမယ်ဆိုတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်ကို အနောက်အာဖရိကနိုင်ငံတွေက ပယ်ချလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေကို ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင် မရှိဘဲ လက်ဝယ်ကိုင်ဆောင်သူတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က မနေ့က ကြေညာလိုက်ပါတယ်။
ထိုင်းနိုင်ငံကို ပြန်လာမယ်ဆိုရင်လည်း ပြစ်ဒဏ်စီရင်ချက် ရှိနေဆဲ ဖြစ်တာကြောင့် ဖမ်းဆီးခံရမယ့် အခြေအနေမှာ ရှိနေတာပါ။ ဒါပေမဲ့လည်း စစ်တပ် လိုလားတဲ့ နိုင်ငံရေး ပါတီတွေနဲ့ အပေးအယူညှိနှိုင်းပြီး ဝန်ကြီးချုပ်ဟောင်း ပြန်လာခွင့်ရတာ ဖြစ်နိုင်တယ်လို့လည်း အကဲခတ် တချို့က ခန့်မှန်းနေတာပါ။
တောင်အမေရိကတိုက် အီကွေဒေါနိုင်ငံမှာ မနေ့ တနင်္ဂနွေနေ့က သမ္မတတင်မြှောက်မယ့် ရွေးကောက်ပွဲ ကို ရဲနဲ့စစ်သား တသိန်းကျော် နေရာယူကျင်းပခဲ့ပါတယ်။ ဒီ ရွေးကောက်ပွဲမတိုင်မီမှာ သမ္မတလောင်းတဦးလုပ်ကြံခံခဲ့ရပြီး အရင်တုန်းကမကြုံခဲ့ဖူးတဲ့ အကြမ်းဖက်မှုတွေကို အီကွေဒေါက ကြုံခဲ့ရတာပါ။
နောက်ထပ်ကြည့်ရှုရန်