ပါကစ္စတန်နိုင်ငံမှာ "အစိုးရနဲ့သဘောထားကွဲသူတွေကို ချိုးနှိမ်ပြီး စစ်တပ်နဲ့ အမျိုးသားလုံခြုံရေးဆန့်ကျင်တဲ့လုပ်ရပ်အတွက် တရားစွဲဆိုပိုင်ခွင့်အာဏာပိုပေးအပ်မယ့် ဥပဒေကြမ်း ၂ ရပ်ကို သမ္မတ Arif Alvi (အာလ်ဗီ) က လက်မှတ်ထိုးဖို့ ငြင်းဆန်လိုက်ပါတယ်။
"ဒိန်းမတ်က နယ်သာလန်နဲ့အတူ ယူကရိန်းရဲ့ ရုရှားလက်အောက်ကလွတ်မြောက်ရေး၊ ရုရှားရဲ့အဓိပ္ပါယ်မဲ့ကျူးကျော်မှုဆန့်ကျင်ရေးအတွက် F16 ဂျက်တုိက်လေယာဥ်တွေ လှူန်းဒါန်းမယ်လို့ ဆိုတဲ့အတွက် ကျနော်ဂုဏ်ယူဝမ်းမြောက်ပါတယ်။" (Volodymyr Zelenskyy-ယူကရိန်းသမ္မတ)
သာသနာညှိုးနွမ်းစေမှုနဲ့ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံရောက် ဆွစ်ဇာလန် နိုင်ငံသားနဲ့ အဆင်အသွယ်ရှိနေပါတယ်လို့ AFP သတင်းဌာနကို ဆွစ်ဇာလန်သံရုံးက စနေနေ့မှာ အီးမေးလ်ကတဆင့် ပြောပါတယ်။
"ဒီကနေ့ထူးခြားတာက ကျနော်တို့ တနိုင်ငံနဲ့တနိုင်ငံကြား တရားဝင်အပြောင်းအလဲတွေ ဖြစ်စေမယ့်လုပ်ဆောင်ချက်တွေ အများအပြားလုပ်ဆောင်နိုင်တာပါ။ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ၊ စီးပွါးရေး၊ နည်းပညာ၊ တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်မယ့်အပြင် အကြံဉာဏ်ယူလုပ်ဆောင်ဖို့ပါ ပါဝင်ပါတယ်။" (Joe Biden)
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး ရာထူးကအဖယ်ရှားခံခဲ့ရပေမယ့် လန်ဒန်မြန်မာသံအမတ်ကြီးနေအိမ်မှာပဲ ဆက်လက်နေထိုင်နေတဲ့ ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို ရဲက ပိုင်နက်ကျူးလွန်မှုနဲ့ စုံစမ်း စစ်ဆေးနေတယ်လို့ သူ့ရှေ့နေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အဲ့ဒီမှာဖြစ်နေတဲ့ လူမှုစီးပွားပြဿနာတွေနဲ့ အုပ်ချုပ်မှုပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးတကြီးလိုအပ်နေပေမဲ့လည်း၊ ဒေသတွင်းမှာ တရုတ်နဲ့ အမေရိကန်တို့ ရဲ့အားပြိုင်မှုက လက်ရှိအခြေအနေတွေကို ပိုပြီး ရှုတ်ထွေးစေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားနဲ့ တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ဟန့်တားဖို့ နိုင်ငံတကာ သံတမန်ရေး ကြိုးပမ်းမှု သမိုင်းဝင် ထိပ်သီးညီလာခံအဖြစ် ဒီနေ့ အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယားနဲ့ ဂျပန် သုံးနိုင်ငံ ထိပ်သီးညီလာခံ အမေရိကန်မှာ ကျင်းပပါတယ်။
Burma Unified Through Rigorous Military Accountability Act of 2022 လို့ နာမည်ပေးထားတဲ့ ဥပဒေဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်နေသူတွေကို ထောက်ပံ့ကူညီဖို့နဲ့ မြန်မာစစ်တပ်ကို ပိုပြီးထိရောက်တဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေချမှတ်ရေး အဓိကရည်ရွယ်တဲ့ ဥပဒေဖြစ်ပါတယ်။
ရုရှားကို တန်ပြန်ထိုးစစ်ဆင်နေတဲ့တိုက်ပွဲမှာ ယူကရိန်းအရှေ့တောင်ပိုင်းက ရုရှားထိန်းချုပ်ထားတဲ့နယ်မြေတချို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ ယူကရိန်းက ကြာသပတေးနေ့မှာ ပြောပါတယ်။
အနောက်အာဖရိကနိုင်ငံ နိုင်ဂျာမှာ စစ်တပ်အာဏာသိမ်းမှု ပြန်မရုပ်သိမ်းရင် အာဖရိကဒေသ စီးပွါးရေးပူးပေါင်းဆောင်ရွက်တဲ့ ECOWAS အဖွဲ့အနေနဲ့ စစ်ရေးအရဝင်ဖြေရှင်းပေးဖို့အသင့်ပဲလို့ အဖွဲ့ရဲ့နိုင်ငံရေးငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကော်မရှင်နာမင်းကြီး Abdel-Fatau Musah က ကြာသပတေးနေ့မှာ ပြောပါတယ်။
ဆွီဒင်နိုင်ငံမှာ အစ္စလာမ် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတချို့က လူထုစုဝေးပွဲတွေလုပ်ပြီး ကိုရ်အာန်ကျမ်းစာအုပ်မီးရှို့တာတွေ ဆက်တိုက်လုပ်ခဲ့အပြီးမှာ အကြမ်းဖက်တိုက်ခိုက်ခံရနိုင်မှု သတိပေးချက်အဆင့်ကို ကြာသပတေးနေ့က ဒုတိယအမြင့်ဆုံးကို တိုးမြှင့်လိုက်ပါတယ်။
မြန်မာ့အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားအခွင့်ရေးချိုးဖေါက်မှုပိုများလာတာကြောင့် မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်မှု ဖြည်းဖြည်းချင်းရပ်ပစ်တော့မှာ ဖြစ်ကြောင်း H&M ဖက်ရှင်ဒီဇိုင်းကုမ္ပဏီက ကြာသပတေးနေ့မှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် MICB ဘဏ်တွေ အပ်နှံထားတဲ့ ဒေါ်လာ တသန်းကျော်ကို ထုတ်သွင်းခွင့် ပိတ်လိုက်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် Sonali ဘဏ်က ပြောဆိုပါတယ်။ ..
အိန္ဒိယနိုင်ငံ ဟိမဝန္တာဒေသမှာ ဒီသီတင်းပတ် မိုးသည်းထန် ရေကြီး၊ မြေပြိုတာကြောင့် အနည်းဆုံး လူ ၇၂ ယောက်သေဆုံးခဲ့ပါတယ်။ လမ်းတွေနဲ့ အဆောက်အအုံတွေ ရေနစ်မြုပ်နေသလို ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ ကျန်နေတဲ့ အချိန်ကို မြန်မာပြည် ဒီမိုကရေစီရေးအတွက် ထိရောက်အောင် လုပ်ဆောင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ် မင်မြို့ ကယ်စီယန့်ကျေးရွာ သယ်ယူပို့ဆောင်ရေးရုံးရှေ့မှာ မနက် ၅ နာရီကျော်က သစ်ကုန်တင်ကားကို မြန်မာတွေလိုက်ပါလာတဲ့ပစ်ကပ်ကားက နောက်ကနေ ဝင်တိုက်မိတာကြောင့် မြန်မာအမျိုးသမီးလုပ်သားတဦး ပွဲချင်းပြီးသေဆုံးကာ ၅ ဦးက ပြင်းထန်တဲ့ဒဏ်ရာခဲ့ကြပါတယ်။
(၉) ကြိမ်မြောက် အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဥ်ကို သြစတြေးလျနိုင်ငံဆစ်ဒနီမြို့မှာ ဗုဒ္ဓဟူးနေ့ကကျင်းပခဲ့ရာမှာ အင်္ဂလန် အသင်းက အိမ်ရှင်သြစတြေးလျကို ၃-၁ ဂိုးနဲ့အနိုင်ယူပြီး အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်သွားပါတယ်
ရုရှားရေတပ်ကခြိမ်းခြောက်ထားပေမဲ့ အရပ်ဘက် ကုန်တင်သင်္ဘောတစီးဟာ ယူကရိန်းတောင်ပိုင်း အိုဒက်ဆာဆိပ်ကမ်းကနေ ဗုဒ္ဓဟူးနေ့က ထွက်ခွါသွားတယ်လို့ ယူကရိန်းက ပြောပါတယ်။
အိန္ဒိယက နိုင်ငံခြားဆန်တင်ပို့မှုကို ကန့်သတ်လိုက်ပြီး ထိုင်းနဲ့ဗီယက်နမ်ဆန်တွေ က ဈေးတက်လာချိန်မှာ ဝယ်လက်က မြန်မာနိုင်ငံဘက်လှည့်လာမလားလို့ မြန်မာဆန်တင်ပို့သူတွေက မျှော်လင့်နေကြကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းစာကြီးက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat ကို ဝန်ကြီးချုပ်အဖြစ် နောက်တကြိမ် အဆိုပြုခွင့် လွှတ်တော်က တားမြစ်ထားတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပေးဖို့ လျှောက်လဲချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေရုံးက ဒီနေ့ပဲ ပယ်ချလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်