နိုင်ငံတကာ ဖက်ရှင်လုပ်ငန်းကြီးတခုဖြစ်တဲ့ H&M ရဲ့ မြန်မာနိုင်ငံက လုပ်ငန်းတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးနေတယ်လို့ ကုမ္ပဏီက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေမှာ စစ်ကောင်စီရဲ့ ကန့်သတ် ပိတ်ပင်မှုတွေကို ဝေဖန်ပြီး အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးခွင့်ရဖို့ ကုလသမဂ္ဂက တိုက်တွန်းနေချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ အကြီးအကဲ နဲ့ မြန်မာစစ်ကောင်စီ တွေ့ဆုံတာ ဖြစ်ပါတယ်။
အီတလီနိုင်ငံမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး မြစ်ရေလျှံခဲ့လို့ မြစ်အကာအရံပေါက်ထွက်တာကနေ တောင်ခြေမြို့လေး ရွှံ့နွံထူထူတွေ ဖုံးသွားရပါတယ်။ လူရာကျော် အိုးအိမ်မဲ့သွားခဲ့ရပြီး သေဆုံးမှုတော့ မရှိခဲ့ပါဘူး။
ကမ္ဘာ့ဂီတစင်မြင့်မှာ Queen of Pop ပေါ့ပ်ဂီတ ဘုရင်မရယ်လို့ ကျော်ကြားတဲ့ အမေရိကန်အဆိုတော် မက်ဒေါနားတယောက် ဩဂုတ်လ ၁၆ ရက်နေ့မှာပဲ အသက် ၆၅ နှစ်ပြည့်ပါပြီ။
သြစတြေးလျနဲ့ နယူးဇီလန် နှစ်နိုင်ငံအိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပနေတဲ့ (၉) ကြိမ်မြောက် အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဥ်ကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဒီနေ့ကစားဖို့ရှိပြီး အိမ်ရှင်သြစတြေးလျ အမျိုးသမီးအသင်းဟာ လက်ရှိ ဥရောပချန်ပီယံ အင်္ဂလန်အသင်းနဲ့ကစားမှာပါ။
ပြီးခဲ့တဲ့အာဇာနည်နေ့က ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေး လှုပ်ရှားမှုကြောင့် တိုက်ပိတ်၊ ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၁ ယောက်ထဲက (၂) ယောက် သေဆုံးသွားခဲ့တယ်ဆိုတဲ့သတင်းကမဟုတ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက်က ဗွီအိုအေကို ပြောပါတယ်။
၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာကို မြန်မာနိုင်ငံက ရှောင်ပေးလိမ့်မယ်လို့ သံတမန်အသိုက်အဝန်းမှာ ပြောနေကြကြောင်း ထိုင်း PBS သတင်း က ဆိုပါတယ်။
အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တို့ ဒီအပတ်အတွင်းကျင်းပမယ့် သုံးနိုင်ငံ ထိပ်သီးအစည်းအဝေးကို တင်းမာမှုကြီးမားလာအောင်ဆွပေးတဲ့ အစည်းအဝေး အဖြစ် တရုတ်ကမရှုမြင်သင့်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Vedant Patel က အင်္ဂါနေ့က ပြောလိုက်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အေးမြသာယာ ကျေးရွာအုပ်စုက မန မှော်မှာ မြေစာပုံပြိုကျပြီး လူ ၄၀ ဝန်းကျင် ရေလှိုင်းရိုက် ပျောက်ဆုံးခဲ့ရာမှာ ဒီကနေ့ ညနေပိုင်းအထိကတော့ ရုပ်အလောင်း ၂၀ ဝန်းကျင်လောက် ရှာတွေ့ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သွားရောက် အကဲခတ်ခဲ့ကြတဲ့ အမေရိကန် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဟာ ခရီးစဉ်အတွင်း ဒုက္ခသည် တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Hawaii ပြည်နယ်၊ Maui ကျွန်းမှာလောင်ခဲ့တဲ့ တောမီးကြောင့် သေဆုံးသူအရေအတွက်ဟာ ၉၉ ဦး ရှိသွားပြီဖြစ်ပြီး ရှာဖွေမှုတွေ ပြီးဆုံးချိန် လာမယ့် ၁၀ ရက်အတွင်းမှာ သေဆုံးသူအရေအတွက် ၂ ဆ ဖြစ်သွားနိုင်တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူးက မနေ့ တနင်္လာနေ့မှာ ပြောပါတယ်။
တရုတ်နိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုခဲ့တဲ့အတွက်ကြောင့် သေဆုံးသူ အနည်းဆုံး ၂၄ ဦးရှိပြီး၊ ၃ ဦးပျောက်ဆုံးကာ သေဆုံးသူဦးရေ တိုးလာနိုင်တယ်လို့ နိုင်ငံပိုင် မီဒီယာက ဒီနေ့ပဲ ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားနိုင်ငံ တောင်ပိုင်း Dagestan (ဒါကစ် စတန်) ဒေသမှာ ဓါတ်ဆီဆိုင်တဆိုင် မီးလောင်ခဲ့တဲ့အတွက် ကလေးငယ် ၃ ယောက်အပါအဝင် အနည်းဆုံး လူ ၃၀ လောက် သေဆုံးသွားတဲ့အကြောင်း ရုရှား အရေးပေါ် ကယ်ဆယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ ရေကြီး မြေပြိုမှုတွေဖြစ်နေတဲ့အတွက် နာမည်ကြီး ဘုရားကျောင်းတခု ပြိုကျလို့ လူ ၁၁ ဦး သေဆုံးခဲ့တာအပါအဝင် အနည်းဆုံး လူ ၆၂ ယောက် သေဆုံးခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေကလည်း ဒီကနေ့ ပျောက်ဆုံးနေသူတွေကို လိုက်လံ ရှာဖွေနေကြပါတယ်။
ထိုင်းနိုင်ငံမှာ မိုးရာသီကာလ စပါးစိုက်ပျိုးရာသီအစ အထိမ်းအမှတ်အနေနဲ့ လယ်ထွန်တဲ့ ကျွဲတွေနဲ့ ပြိုင်ပွဲကျင်းပခဲ့ပါတယ်။
ကမ္ဘာမှာ အအောင်မြင်ဆုံး ပေါ့ပ်အဆိုတော်တဦးဖြစ်တဲ့ တေဘာဆွိဖ်က သူရဲ့ 1989 တေးဓာတ်ပြားကို အသံပြန်သွင်းပြီး"1989 (Taylor's Version)" ဆိုပြီး ပြန်ထုတ်မယ်လို့ ဩဂုတ်လ ၁၀ ရက်က ကြေညာသွားပါတယ်။
နိုင်ဂျာမှာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ အရပ်သားသမ္မတကို အာဏာပြန်လွှဲပေးဖို့ ခေါင်းမာမာနဲ့ ဆက်ငြင်းဆန်နေပြီး တဖက်မှာ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းမယ့်သဘောမျိုး လေသံပစ်နေချိန်မှာပဲ အာဖရိကသမဂ္ဂ (AU) က အဖွဲ့ ဌာနချုပ်ရှိရာ အီသီယိုးပီးယားနိုင်ငံ မြို့တော် Addis Ababaမှာ တနင်္လာနေ့က ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာ သမ္မတဟောင်းထရမ့်နဲ့ သူ့လူတွေက ၂၀၂၀ ရွေးကောက်ပွဲကို ဥပဒေကြောင်းနဲ့မညီ ပယ်ဖျက်ဖို့ကြိုးစားခဲ့သလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး အထူးဂျူရီတရားသူကြီးကို တနင်္လာနေ့မှာ အစိုးရရှေ့နေတွေက စတင် တင်ပြလိုက်ပြီ ဖြစ်ပါတယ်။
"တရုတ်အာဏာပိုင်ဝါဒက ဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်းခြောက် .. ကျနော်တို့ က ကြောက်မှာလည်း မဟုတ်သလို ညွတ်သွားမှာလည်း မဟုတ်ပါဘူး။ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တန်ဖိုးတွေကို ဆက်လက် ကိုင်စွဲသွားမှာဖြစ်တယ်။" (တိုင်ဝမ် ဒုတိယသမ္မတ ဝီလီယံ လိုင်)
ရုရှားငွေ ရူဘယ်တန်ဖိုးဟာ ယူကရိန်းစစ်ပွဲစကတည်းကဆိုရင် အနိမ့်ဆုံးကို ကျသွားတာကြောင့် ရုရှားဗဟိုဘဏ်က အတိုးနှုန်းကို ပြန်လည်သုံးသပ်ဖို့ အင်္ဂါနေ့မှာ အရေးပေါ်အစည်းအဝေး ခေါ်ဆိုထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်