တနင်္ဂနွေနှောင်းပိုင်းနဲ့ တနင်္လာနေ့အစောပိုင်းမှာ အမေရိကန်ပြည်ထောင်စု အလက်စကားပြည်နယ်အနီးမှာ ရုရှားစစ်လေယာဉ် (၄) စင်းကို ခြေရာခံခဲ့ကြောင်း အမေရိကန်စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ (Li Shangfu) ဟာ ရုရှားနဲ့ဘဲလားရုစ် နိုင်ငံတွေကို သွားရောက်မယ့် (၆) ရက်တာခရီးစဥ်ကို တနင်္လာနေ့က စတင်လိုက်တာဟာ ယူကရိန်းကျူးကျော်စစ်ကြောင့် ရုရှားနဲ့ဘဲလားရုစ်အပေါ် အနောက်အုပ်စုက ဖယ်ကျဥ်ဒဏ်ခံနေရချိန်မှာ တရုတ်က ထောက်ခံကြောင်းပြသတဲ့ခရီးဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီပြည်နယ် Maui ကျွန်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် သေဆုံးသူ အတည်ပြုနိုင်တဲ့အရေအတွက် ၉၆ ယောက်ရှိသွားပြီလို့ ဟာဝိုင်အီကျွန်းမှာရှိတဲ့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မနေ့က မြေစာပုံပြိုကျခဲ့ပြီး အနည်းဆုံး လူ ၂၅ ယောက်လောက် ပျောက်ဆုံးနေသလို အခုအချိန်အထိ တော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်း တယောက်မှ မရသေးတဲ့အကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက AFP သတင်းဌာနကို ပြောပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး ကုဋေကြွယ် သူဌေးကြီး ၂ ဦးထိုးသတ်ပွဲအကြောင်း စပြောလိုက်ကတည်းက လူတွေတော်တော် စိတ်ဝင်တစား စောင့်ဆိုင်းနေကြတာပါ။
အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီကျွန်းစုထဲက မောင်ဝီကျွန်းတောမီးကြောင့် အရင်က သိပ်သာယာလှပတဲ့ လာဟိုင်နာအပန်းဖြေမြို့ကလေး ပြာပုံဖြစ်သွားရပါတယ်။ မြို့ရဲ့ အဆောက်အဦး ၂,၂၀၀ ကျော် ထိခိုက်ပျက်စီး၊ ဒါမှမဟုတ် မီးထဲပါသွားရသလို မြေဧကပေါင်း ၂,၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘလူချီစတန်ပြည်နယ်ထဲက တရုတ်က ကြီးကြပ်နေတဲ့ အာရေဗျပင်လယ်ဆိပ်ကမ်း Gwadar ကိုသွားမယ့် တရုတ် အင်ဂျင်နီယာတွေလိုက်ပါလာတဲ့ မော်တော်ယဉ်တန်းကို လက်နက်ကိုင်သူပုန်တွေက တိုက်ခိုက်ခဲ့တယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက ပြောပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီကို ဖနွမ်းပင်မှာ တနင်္ဂနွေနေ့ကတွေ့ဆုံခဲ့ပြီး တရုတ်နဲ့ကမ္ဘောဒီးယားဆက်ဆံရေး ကိစ္စတွေသာမက ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ်တွေအပါအဝင် နှစ်နိုင်ငံ အလေးထားတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဆော်ဒီအရေဗျနိုင်ငံက ဦးဆောင်ကျင်းပတဲ့ ယူကရိန်းငြိမ်းချမ်းရေး ထိပ်သီး ဆွေးနွေးပွဲကို ဂျာမနီဝန်ကြီးချုပ် Olaf Scholz က တနင်္ဂနွေနေ့က ကြိုဆိုလိုက်ပြီး သံတမန်ရေးနည်းလမ်းနဲ့ ပိုမိုအားထုတ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ နခွန်ပသွမ်ပြည်နယ်၊ Bang Len မြို့နယ်ထဲမှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅ ဦး ဖမ်းဆီးရမိကြောင်း အလုပ်သမားရေးဆောင်ရွက်သူ ဦးမိုးကြိုးက VoA ကိုပြောပါတယ်။
တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်နဲ့ တင်းမာမှုတွေ မြင့်တက်နေချိန် တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ အာဆီယံ ဒေသတွင်း နိုင်ငံတွေဆီ အခုလို ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိနေတာပါ။
အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်နေပြီး ဆွီဒင်အသင်းနဲ့ စပိန်အသင်းတို့ ဆီမီး ဖိုင်နယ်ကို တက်သွားပါပြီ။ ဆွီဒင်အသင်းက ဂျပန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသလို စပိန်အသင်းကလည်း နယ်သာလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်တွင်းကတင်းမာမှုတွေဟာ မြန်မာနိုင်ငံက ကူကီ မျိုးနွယ်စုဝင်တွေနဲ့လည်းသက်ဆိုင်ကြောင်း ပြည်ထဲရေးဝန်ကြီး Amit Shah က ပါလီမန်မှာ ပြောဆိုခဲ့တဲ့အပေါ် အိန္ဒိယနဲ့ မြန်မာနှစ်ဘက်စလုံးက ကူကီးအဖွဲ့တွေက ကြာသပတေးနေ့မှာ ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ကြကြောင်း the Hindu စာစောင်က ဖော်ပြပါတယ်။
နိုင်ဂျာနိုင်ငံမှာ ပြုတ်သွားတဲ့သမ္မတကို ပြန်တင်နိုင်အောင် အိမ်နီးချင်းတိုင်းပြည်တွေက စစ်ရေးအရ ဝင်ရောက်စွက်ဖက်ကြမယ်ဆိုရင် သမ္မတ Mohamed Bazoum ကို သတ်ပစ်မယ်လို့ အာဏာသိမ်းစစ်အစိုးရက ထိပ်တန်း အမေရိကန် သံတမန်တဦးကို ပြောလိုက်ပါတယ်။
ယူကရိန်း နိုင်ငံအတွက် အရေးပေါ် ကာကွယ်ရေးအထောက်အပံ့အဖြစ် ဒေါ်လာ ၁၃ ဘီလျံကျော်နဲ့ ဒီနှစ်ကုန်ပိုင်းအထိ လူသားချင်းစာနာထောက်ကူမှုပေးဖို့ အတွက် နောက်ထပ် ဒေါ်လာ ၈ ဘီလျံ ချထားပေးဖို့ ကွန်ဂရက်ကို အမေရိကန် သမ္မတ Joe Biden အစိုးရက ပန်ကြားထားပါတယ်။
မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေးအခြေအနေကိုရော ဒါနဲ့ဆက်စပ်နေတဲ့ နိုင်ငံတကာငြိမ်းချမ်းရေး၊ လုံခြုံရေးကိစ္စတွေကိုပါ ဆွေးနွေးဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်အစည်းအဝေးတရပ်ကို ဩဂုတ်လ ၁၇ ရက်နေ့မှာ ကျင်းပဖို့ အမေရိကန်က ကြာသပတေးနေ့က ခေါ်ဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု Hawaii ပြည်နယ်၊ Maui (မော်ဝီ) ကျွန်း တောမီးလောင်ကျွမ်းခဲ့တာကြောင့် အနည်းဆုံး ၃၆ ယောက်သေဆုံးခဲ့တယ်လို့ Hawaii အရေးပေါ်စီမံခန့်ခွဲမှုဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။
Niger နိုင်ငံမှာ အာဏာသိမ်းစစ်တပ်က အစိုးရသစ်တရပ် ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ နိုင်ငံပိုင်ရုပ်သံကနေ ထုတ်ပြန်တဲ့ အမိန့်ကြေညာချက်မှာတော့ ဝန်ကြီးအဖွဲ့ဝင် ၂၁ ဦး ပါဝင်တဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းကြောင်း ပြောဆိုထားတာပါ။
အမေရိကန်သမ္မတ Joe Biden က တရုတ်နိုင်ငံမှာ အဆင့်မြင့်နည်းပညာနဲ့ဆိုင်တဲ့ ရင်းနှီးမြုပ်နှံမဲ့အပေါ် ကန့်သတ်တဲ့ အမိန့်ကြေညာချက် မနေ့ ဩဂုတ်လ ၉ ရက်နေ့က ထုတ်ပြန်လိုက်တာဟာ စီးပွားရေးအရ အကျပ်ကိုင်မှုဖြစ်ပြီး ဒါကို အပြင်းအထန် ကန့်ကွက်ကြောင်း တရုတ် က တုန့်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်မှာ စက်လှေနစ်မြုပ်ရာက ရိုဟင်ဂျာ ၁၇ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ စက်လှေနစ်မြုပ်ရာက သေဆုံးသူ အလောင်း ၁၇ လောင်းထက်မနည်းကို ရှာဖွေတွေ့ရှိထားကြောင်း အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်