အမေရိကန်ပြည်ထောင်စု ဆန်ဒီရေးဂိုးမြို့က အိမ်တအိမ်ကို သူခိုးဝင်ပြီးဂိုဒေါင်အပြည့်နဲ့ စက်ဘီးတွေထဲက စိတ်ကြိုက်တစီးလာခိုးတဲ့သူခိုးနဲ့ သဘောကောင်းတဲ့ခွေးလေး တွေ့ကြပြီး မိတ်ဆွေဖြစ်သွားခဲ့ပါတယ်။
အရှေ့တောင်အာရှဒေသတွင်းမှာ ဆက်ဆံရေးတည်ဆောက်ဖို့ တရုတ်နိုင်ငံက ကြိုးစားနေတာနဲ့အတူဘဲ ဒီသီတင်းပတ်အတွင်း စင်္ကာပူ၊ မလေးရှားနဲ့ ကမ္ဘောဒီးယားတို့ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi သွားရောက်မှာ ဖြစ်ကြောင်း တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
တရုတ်နိုင်ငံက အဆင့်မြင့်နည်းပညာသုံးလုပ်ငန်းတချို့မှာ အမေရိကန်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံတာကို ကန့်သတ်လိုက်တဲ့ သမ္မတအမိန့်ပြန်တမ်းတရပ်ကို ဗုဒ္ဓဟူးနေ့မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးလိုက်ပါတယ်။
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မဏိပူပြည်နယ်တွေက ဒုက္ခသည်ကလေး ၈,၁၀၀ ကျော်ကို မီဇိုရမ်ပြည်နယ် အစိုးရကျောင်းတွေမှာ စာရင်းသွင်းထားကြောင်း ဗုဒ္ဓဟူးနေ့က ပြည်နယ်ပညာရေးဝန်ကြီး Lalchhandama Ralte က ပြောကြောင်း အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
မြန်မာနဲ့နယ်စပ်အိန္ဒိယအရှေ့မြောက်ပိုင်း မဏိပူပြည်နယ်တွင်းက မျိုးနွယ်စု ပဋိပက္ခတွေဟာ မြန်မာနိုင်ငံတွင်းမတည်ငြိမ်မှုတွေကြောင့်ဆိုပြီး အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Shah က ဗုဒ္ဓဟူးနေ့မှာ အပြစ်တင်လိုက်ပြီး မဏိပူပြည်နယ်တွင်း အငြင်းပွားမှုတွေကို ဆွေးနွေးဖြေရှင်းကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီ ခန့်အပ်ထားတဲ့ သံတမန်ကို လက်နက်ပြပွဲ ဖိတ်ကြားခဲ့တဲ့အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်လာချိန်မှာပဲ မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ထားဆဲဖြစ်ကြောင်း တောင်ကိုရီးယားက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
စင်ကာပူ UOB ဘဏ်က မြန်မာနိုင်ငံနဲ့ ဘဏ်ချင်း ချိတ်ဆက် လုပ်ဆောင်နေတဲ့ လုပ်ငန်း အားလုံးကို ရပ်ဆိုင်းတော့မှာ ဖြစ်တဲ့အကြောင်း ကြေညာထားပြီး ဒီလို ရပ်ဆိုင်းလိုက်တဲ့အတွက် ကမ္ဘာ့ငွေကြေးစနစ်ထဲ မြန်မာစစ်ခေါင်းဆောင်တွေ ပါဝင် အသုံးပြုခွင့် သိသိသာသာ ထိခိုက်စေလိမ့်မယ်လို့ Nikkei Asia သတင်းမှာ ဒီနေ့ ရေးသားထားပါတယ်။
ဗီယက်နမ်နိုင်ငံမှာ မိုးကြီးမြေပြိုလို့ အနည်းဆုံး ၉ ယောက်သေဆုံးသွားပါတယ်။ နိုင်ငံမြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ရေလွှမ်းမိုးခဲ့ပြီး လမ်းတွေပျက်စီးကုန်တာကို ဒေသတွင်းရုပ်သံဌာန VTV ရဲ့မှတ်တမ်းတွေထဲမှာ သြဂုတ်လ ၇ ရက်နေ့ က တွေ့ရပါတယ်။
အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဥ် (၂) ပွဲကို သြဂုတ်လ ၈ ရက်က ကစားခဲ့ရာမှာ ကိုလံဘီယာက ဂျမေကာကို ၁ ဂိုး-ဂိုး မရှိနိုင်ခဲ့သလို ပြင်သစ်ကလည်း ဒီ ပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ မော်ရိုကိုအသင်းကို ၄ ဂိုးပြတ်နဲ့ နိုင်ပြီး ၈ သင်း ရှုံးထွက်အဆင့် ကွာတာဖိုင်နယ်ကို အသီးအသီး တက်သွားကြပါတယ်။
ယူကရိန်းကိုတိုက်ခိုက်ဖို့ ရုရှားအတွက် လက်နက်နဲ့အစိတ်အပိုင်းတွေပံ့ပိုးခဲ့တယ်လို့စွပ်စွဲပြီး အီရန် ဒရုန်းထုတ်လုပ်ရေးနဲ့ တခြားလုပ်ငန်းတွေအပေါ် ဗြိတိန်နိုင်ငံ က အင်္ဂါနေ့က ပိတ်ဆို့အရေးယူလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာဖြစ်ပွါးခဲ့တဲ့ လူမျိုးရေးပဋိပက္ခနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေခဲ့တဲ့အတွက် အိန္ဒိယဝန်ကြီးချုပ်နရိန်ဒရာ မိုဒီ (Narendra Modi) ရဲ့ ဘရာတိယ ဂျာနတ ပါတီ (Bharatiya Janata Party) အစိုးရဟာ အင်္ဂါနေ့ ပါလီမန်မှာ အယုံအကြည်မရှိအဆိုနဲ့ ရင်ဆိုင်နေရပါတယ်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်က Artificial Intelligence လို့ ခေါ်တဲ့ ဉာဏ်ရည်တု နည်းပညာရဲ့ အလားအလာရှိတဲ့အန္တရာယ်တွေကို ကမ္ဘာတဝန်း ပြန်လည်သုံးသပ်ကြဖို့ အင်္ဂါနေ့ကတောင်းဆိုလိုက်ပြီး ခေတ်နည်းပညာသစ်ရဲ့ "အဖျက်သဘော အသုံးပြုနိုင်ခြေနဲ့ ကွဲပြားတဲ့ သက်ရောက်မှုတွေ" ကိုသတိပြုကြဖို့ နှိုးဆော်ပါတယ်။
မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ အသင်း အနေနဲ့ မဖြေရှင်းနိုင်သေးသ၍ အရှေ့တီမောနိုင်ငံ အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်မှာ မဟုတ်တဲ့အကြောင်း အရှေ့တီမော ဝန်ကြီးချုပ် Xanana Gusmao က ပြောဆိုပါတယ်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ သက်ဆိုင်ရာ အစုအဖွဲ့အားလုံးက နိုင်ငံရေး စိတ်ဆန္ဒအပြည်နဲ့ ဖြေရှင်းဖို့ လိုအပ်တယ်လို့ အင်ဒိုနီးရှား သမ္မတ Joko Widodo က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဒီကနေ့ သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ ရှစ်လေးလုံးလူထုလှုပ်ရှားမှု ၃၅ နှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့မှာ ရှစ်လေးလုံး လှုပ်ရှားမှုကြီးနဲ့အတူ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ဆယ်စုနှစ်ချီ ရုန်းကန် လှုပ်ရှားခဲ့ကြတဲ့ မြန်မာပြည်သူလူထုကို အမှတ်ရ ဂုဏ်ပြုပါကြောင်း ရန်ကုန် အမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ယခင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်းပရာယွတ်နဲ့လက်တွဲခဲ့တဲ့ပါတီနဲ့ ညွန့်ပေါင်း အစိုးရဖွဲ့မယ်လို့ ဖွေထိုင်းပါတီက တနင်္လာနေ့က ကြေညာလိုက်ပါတယ်။
အနောက်အာဖရိကနိုင်ငံများ ရဲ့ ခေါင်းဆောင်တွေဟာ နိုင်ဂျာနိုင်ငံ အာဏာသိမ်းမှု နဲ့ပတ်သက်ပြီး ကြာသပတေးနေ့မှာ တွေ့ဆုံကြဖို့ ရှိပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့မှာ ဒီသီတင်းပတ်ကုန်ကကျင်းပခဲ့တဲ့ ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်တဲ့နိုင်ငံအားလုံး ထပ်မံတွေ့ဆုံဖို့သဘောတူညီခဲ့ကြပြီး ဒါဟာ ရုရှားအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ကြောင်း ယူကရိန်းသမ္မတရုံးအကြီးအကဲ Andriy Yermak က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပိုမိုဆိုးရွားလာနေတဲ့ မြန်မာ့အကျပ်အတည်းကို ခိုင်မာထိရောက်တဲ့နည်းနဲ့ တုံ့ပြန်ဖြေရှင်းကြဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာကျင်းပနေတဲ့ အာဆီယံ လွှတ်တော်အမတ်တွေရဲ့ အထွေထွေညီလာခံ (AIPA) က ကိုယ်စားလှယ်တွေကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ကတောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်