အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ Hun Manet ကို ၅ နှစ်သက်တမ်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ လက်ရှိဝန်ကြီးချုပ် Hun Sen ရဲ့တောင်းဆိုချက်နဲ့ ဘုရင် Norodom Sihamoni (နိုရိုဒွန် သီဟမုနိ) က အမိန့်ကို လက်မှတ်ရေးထိုးခဲ့တာပါ။
ပါကစ္စတန်နိုင်ငံမှာ မနေ့ တနင်္ဂနွေနေ့က ရထားလမ်းချော်တိမ်းမှောက်လို့ အနည်းဆုံး ၂၅ ဦး သေဆုံးပြီး လူ ၈၀ ထက်မနည်းဒဏ်ရာရကုန်ပါတယ်။ မြို့တော် Karachi နဲ့ မိုင် ၁၇၀ လောက်ဝေးတဲ့ တောင်ပိုင်းပြည်နယ် Sindh မှာ လူစီးရထားတွဲ ၁၀ တွဲ တိမ်းမှောက်ခဲ့တာပါ။
မကြာမီထွက်ဖို့ ရှိတဲ့ ထိုင်း နိုင်ငံ ရဲ့ လက်ရှိဘုရင် Maha Vajiralongkorn အကြောင်း စာအုပ်ကို စာအုပ်ဟာ ဘုရင်စနစ်ကို လှောင်ပြောင်တာဖြစ်တယ်လို့ဆိုပြီး ထိုင်းနိုင်ငံက ထုတ်ဝေခွငင့် ပိတ်ပင်လိုက်တာပါ။
သမ္မတကို ပြန်တင်ပေးဖို့ နိုင်ဂျာ အာဏာသိမ်းစစ်တပ်ကို ရာဇသံပေးထားတဲ့ရက် ရောက်လာခဲ့ပေမဲ့ စစ်ရေးအရ ဝင်ရောက်ဆောင်ရွက်မယ်လို့ ပြောထားတဲ့ အနောက်အာဖရိကဒေသနိုင်ငံများအဖွဲ့ဟာ ပိုပြီး ငြိမ်းချမ်းတဲ့နည်းလမ်း အသုံးပြုဖို့ တင်ပြတာတွေနဲ့ ရင်ဆိုင်နေရပါတယ်
ခရိုင်းမီးယားနဲ့ယူကရိန်းတောင်ပိုင်း ခါဆန်ဒေသကိုဆက်ထားတဲ့ Chonhar တံတားကို ယူကရိန်းတပ်ဖွဲ့တွေက ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့သလို ရုရှားကလည်း ယူကရိန်းအနောက်ပိုင်းကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တနင်္ဂနွေနေ့ က ဆက်တိုက် တိုက်ခိုက်ခဲ့ပါတယ်။
အာဏာသိမ်းတပ်ဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Salifou Mody ဟာ Wagner အဖွဲ့လှုပ်ရှားနေတဲ့ အိမ်နီးချင်းမာလီနိုင်ငံကို လာရောက်ချိန်အတွင်း Wagner အဖွဲ့က လူတယောက်နဲ့ ဆက်သွယ်ခဲ့တယ်လို့ Soufan Center အကြီးတန်းသုတေသနမှူးဖြစ်တဲ့ သတင်းထောက် Wassim Nasr က AP သတင်းဌာနကို ပြောပါတယ်။
မြန်မာ စစ်အာဏာသိမ်းကောင်စီ လက်အောက်ခံ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနဲ့ လူပုဂ္ဂိုလ် (၆)ဦးကို ဆွစ်ဇာလန်နိုင်ငံက သြဂုတ်လ (၃)ရက်နေ့ ရက်စွဲနဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပါတယ်။ ဒါဟာ အရင်လက ဥရောပသမဂ္ဂ (EU)က ပိတ်ဆို့ အရေးယူခဲ့သူတွေကို ဆွစ်ဇာလန်က နောက်ဆက်တွဲ အရေးယူခဲ့တာပါ။
မြန်မာနိုင်ငံထဲကို စစ်လက်နက်ပစ္စည်းတွေ မဝင်အောင် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ တားဆီးကြဖို့ မြန်မာနိုင်ငံလူ့အခွင့်ရေး ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tom Andrews က တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်ထည်ဖေါ်လာအောင် ဘက်ပေါင်းစုံနဲ့ ဖိအားပေးဖို့လည်း အာဆီယံကို တိုက်တွန်းလိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ကာကွယ်ရေးနဲ့ ပြည်ထဲရေး အပါအဝင် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ကို ပြင်ဆင် ဖွဲ့စည်းကြောင်း သြဂုတ်လ ၃ ရက်နေ့က ကြေညာလိုက်တာပါ။ စစ်ခေါင်းဆောင်တချို့ ရာထူးက အနားပေး ခံရတာရှိသလို၊ လူသစ် အစားထိုးတာ၊ ပြောင်းလဲ နေရာချ ထားတာတွေလည်း ရှိပါတယ်။
ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် ဩစတြေးလျနဲ့ တရုတ်နိုင်ငံတို့ ကြိုးစားနေချိန်မှာ ဩစတြေးလျနိုင်ငံထွက် ဘာလီစေ့တွေအပေါ် မတန်တဆ သွင်းကုန်ခွန် သတ်မှတ်ထားတာကို တရုတ်က ဖယ်ရှားပေးလိုက်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak နဲ့ မိသားစု အမေရိကန်ပြည်ထောင်စု California ပြည်နယ်မှာ အပန်းဖြေခရီးထွက်နေကြပါတယ်။ Los Angeles ကိုလာလည်သူတွေ သွားလည်ကြလေ့ရှိတဲ့ ရှုခင်းလှပြီး အပန်းဖြေလို့ကောင်းတဲ့ Santa Monica ကမ်းရိုးတန်းမြို့ကို ဝန်ကြီးချုပ် Sunak တို့ မိသားစု သြဂုတ်လ ၃ ရက်နေ့က သွားလည်ခဲ့ကြတာပါ။
ပါရှန်ပင်လယ်ကွေ့က Hormuz ရေလက်ကြားကိုဖြတ်မယ့် ကုန်တင်သင်္ဘောတွေမှာ အမေရိကန်တပ်ဖွဲ့ လိုက်ပါစောင့်ရှောက်ပေးဖို့ အမေရိကန်စစ်တပ်ကစဉ်းစားနေပြီး ဒါဟာ အရပ်ဘက်သင်္ဘောတွေကို အီရန်ကဖမ်းဆီးနေတာရပ်အောင်လုပ်ဆောင်တဲ့ မကြုံစဖူးလုပ်ရပ်ဖြစ်ကြောင်း အမေရိကန်အရာရှိတွေက ကြာသပတေးနေ့မှာ ပြောပါတယ်။
အရင်အပတ်က စစ်တပ်အာဏာသိမ်းခဲ့တဲ့ အာဖရိကအနောက်ပိုင်းက နိုင်ဂျာနိုင်ငံမှာ စစ်အစိုးရကို ထောက်ခံသူရာနဲ့ချီဟာ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ကြာသပတေးနေ့က မြို့တော် Niamey မှာ လမ်းပေါ် ထွက် ဆန္ဒပြခဲ့ကြပါတယ်။
IS စစ်သွေးကြွအဖွဲ့က သူတို့ရဲ့ခေါင်းဆောင် Abu Hussein al-Husseini al-Quraishi သေဆုံးသွားပြီဖြစ်ကြောင်း ကြာသပတေးနေ့မှာ အတည်ပြုလိုက်ပြီး သူ့နေရာမှာ Abu Hafs al-Hashimi al-Quraishi က ဦးဆောင်မှာ ဖြစ်ကြောင်း ပြောခွင့်ရရဲ့ ရက်အတိအကျဖေါ်ပြမထားတဲ့အသံသွင်းပြောကြားချက်ကို တယ်လီရမ် လူမှုမီဒီယာမှာတွေ့ရပါတယ်။
၂၀၂၀ အမေရိကန်ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တဲ့ရလဒ်ကို ပြောင်းလဲပြီး အာဏာထိန်းချုပ်ဖို့ ကြိုးစားမှုနဲ့ ဖက်ဒရယ်တရားရုံးက သူ့အပေါ် တရားစွဲဆိုထားတာ အတွက် အပြစ်မရှိကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့ ဝါရှင်တန်ဒီစီ တရားရုံးတော် တရားသူကြီး Moxila Upadhyay ရှေ့မှောက်မှာ လျှောက်လဲခဲ့ပါတယ်။
“လုံခြုံရေး ကောင်စီအဖွဲ့ဝင်တိုင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းက ရုရှားကို ပြောသင့်ပါတယ်။ ပင်လယ်နက်ကိုအသုံးချပြီး အကျပ်ကိုင်နေတာ ရပ်တန်းကရပ်ဖို့ပါ။ ကမ္ဘာတဝန်းက ထိခိုက်နစ်နာသူတွေကို အသုံးချနေတာကို ရပ်သင့်ပါပြီ။ အသိဉာဏ်ကင်းမဲ့တဲ့ မတရား စစ်ပွဲကို ရပ်သင့်ပါပြီ။” (အမေရိကန်နိုင်ငံခြားရေးဝန်ကြီး-ဘလင်ကန်)
ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita ကို ဝန်ကြီးချုပ်သစ်အဖြစ်လက်ခံမခံ ဒုတိယအကြိမ်မဲခွဲဖို့ လွှတ်တော်က ကန့်ကွက်ခဲ့တဲ့အပေါ် အယူခံတင်ထားတာကို ဖွဲ့စည်းပုံတရားရုံးက ဆုံးဖြတ်အပြီးမှာ လွှတ်တော်မှာ နောက်ထပ်မဲခွဲဖို့ ဆုံးဖြတ်မှာဖြစ်တယ်လို့ အောက်လွှတ်တော် ဥက္ကဌက ဒီကနေ့ပြောကြားခဲ့ပါတယ်။
မြောက်ကမ္ဘာခြမ်းမှာ အပူလှိုင်းတွေ နေရာအနှံ့ ကြုံနေကြရတာမှာ အခုကုန်လွန်ခဲ့တဲ့ ဇူလိုင်လဟာ အပူဆုံးဇူလိုင်လ ဖြစ်တဲ့အပြင် မှတ်တမ်းတင်ထားသမျှ သမိုင်းတလျှောက်မှာ အပူဆုံးလ ဖြစ်တယ်လို့ ဥတုရာသီ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
ရုရှားနိုင်ငံမှာ နှစ်စဉ်ကျင်းပနေကြ ရေတပ်စစ်ရေးပြ အခမ်းအနားကို ကျင်းပတော့ ရုရှားသမ္မတပူတင် တက်ရောက်ခဲ့တာပါ။ ရေတပ်မတော်နေ့ကို ၁၉၃၉ ခုနှစ်ကတည်းက စတင်ကျင်းပတာဖြစ်ပြီး ရုရှားနိုင်ငံရဲ့ အများပြည်သူ အားလပ်ရက်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံတောင်ပိုင်း Odesa ဒေသက ဆိပ်ကမ်း အဆောက်အအုံတွေကို ရုရှားဘက်က ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့သလို ယူကရိန်းမြို့တော် ကိယက်ဗ်ကိုလည်း ပစ်မှတ်ထားပြီး ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းအရာရှိတွေက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်