ပေါ်တူကီကိုရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီးဟာ ခရစ်ယာန်ဘုန်းတော်ကြီးတွေရဲ့ လိင်အနိုင်ကျင့်မှု အရှုပ်တော်ပုံအတွေအတွက် ပေါ်တူဂီ ကတ်သလစ်ဘုရားကျောင်းအကြီးအကဲတွေကို သတိပေးပြောဆိုပြီး ဒီလို အနိုင်ကျင့်ခံရသူတွေကို လက်ခံစကားပြော သူတို့ခံစားမှုတွေကို နားထောင်ပေးဖို့ ဘုန်းတော်ကြီးတွေကို တိုက်တွန်းပါတယ်။
သမ္မတဟောင်း Donald Trump ဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ပြောင်းသွားအောင် တရားမဝင်ကြိုးပမ်းမှုနဲ့ နိုင်ငံတော်လျှို့ဝှက်မှတ်တမ်းတွေမလွှဲဘဲ ထိန်းထားမှု စွဲချက်တွေအတွက် သူ့အပေါ်သဘောထားမတူကြတဲ့ ဂျူရီအဖွဲ့နှစ်ဖွဲ့နဲ့ တရားသူကြီးတွေကို ရင်ဆိုင်ရဖို့ရှိပါတယ်။
အရင်အပတ်က အာဏာသိမ်းခဲ့တဲ့ နိုင်ဂျာကစစ်ခေါင်းဆွေတွေနဲ့ညှိနှိုင်းဖို့အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း(ECOWAS) က ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ဗုဒ္ဓဟူးနေ့က စေလွှတ်လိုက်ပါတယ်။
အိန္ဒိယအရှေ့မြောက်ပိုင်း မဏိပူပြည်နယ်ထဲမှာ မေလက စတင်ဖြစ်ပွားခဲ့တဲ့ လူမျိုးစုတွေကြား အကြမ်းဖက်မှုတွေကြောင့်သေဆုံးရသူက ၁၄၀ ဝန်းကျင် ရှိနေပြီး ရာနဲ့ချီတဲ့လူနေအိမ်တွေ မီးလောင်ကျွမ်းခဲ့သလို အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ၆၀,၀၀၀ လောက်ဟာလည်း ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပါတယ်။
“ဒါက ဘယ်ကိုမှ ခရီးမပေါက်ပါဘူး။ စစ်တပ်က ဒါကို ကစားပွဲတခုလို ဝါဒဖြန့်ပြီး သူတို့ မျက်နှာကောင်းရအောင်လုပ်နေတာ တကမ္ဘာလုံးကသိပါတယ်။ အမေ့ကို ပြစ်ဒဏ် နှစ်အနည်းငယ် လျှော့ချလိုက်တာဟာ လုံးဝ အဓိပ္ပါယ်မရှိဘူး။" (Kim Aris-ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်)
တော်ဝင်မိသားစုဆိုင်ရာ ဥပဒေပြင်ဆင်ဖို့ Move Forward ပါတီရဲ့ အဆိုပြုချက်ကို အထက်လွှတ်တော်အမတ်တွေနဲ့ တခြားပါတီတွေက လက်မခံနိုင်ကြောင်း Pheu Thai ပါတီ ခေါင်းဆောင် Cholanan Srikaew က ပြောပါတယ်။
အမေရိကန် သမ္မတဟောင်း Donald Trump ဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကို ပြောင်းလဲပြီး အာဏာကို ဆက်လက်ထိန်းသိမ်းထားဖို့ တရားမဝင်ကြိုးစားခဲ့တယ်ဆိုပြီး ဖက်ဒရယ်အထူးတရားရုံး ဂျုရီ အဖွဲ့တဖွဲ့က မနေ့က တရားစွဲဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း မတရား ဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို လိုက်နာဖို့ ပြင်သစ်နိုင်ငံက စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
ဒီတိုက်တွန်းချက်ကို ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်း က ကြိုဆိုသလို၊ အာဆီယံအနေနဲ့ မြန်မာစစ်တပ်အပေါ် ခုလို ဖယ်ကြဥ်တာအပြင် ပိုပြီး ထိရောက်တဲ့ အရေးယူမှုတွေ ချမှတ်သင့်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။
ကုလလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အမေရိကန်ကဆောင်ရွက်မှာဖြစ်ပြီး ဒီကာလအတွင်းရိုဟင်ဂျာအရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေအပါအဝင် နိုင်ငံတကာက အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အလေးပေးဆောင်ရွက်သွားမယ်လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အနောက်အာဖရိကတိုက်က နိုင်ဂျာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး တပတ်နီးပါးအကြာ အင်္ဂါနေ့မှာ သူ့နိုင်ငံသားတွေနဲ့ တခြားဥရောပနိုင်ငံတွေက နိုင်ငံသားတွေကိုကယ်ထုတ်ဖို့ စတင်မယ်လို့ ပြင်သစ်အစိုးရကပြောပါတယ်။
မွန်ဂိုလီးယားဝန်ကြီးချုပ် Oyun-Erdene Luvsannamsrai နဲ့ နိုင်ငံခြားရေးဝန်ကြီး Battsetseg Batmunkh တို့ဟာ ဒုတိယသမ္မတ ကင်မလာဟဲရစ်၊ နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်အပါအဝင် အမေရိကန်အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံဖို့ အင်္ဂါနေ့က ဝါရှင်တန်ကို ရောက်လာပါတယ်။
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအသစ်ခန့်အပ်ခံရသူ Wang Yi ကို အမေရိကန်ပြည်ထောင်စုက လာရောက်လည်ပတ်ဖို့ တရားဝင်ဖိတ်ကြားထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Matt Miller က ပြောပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံကို အာဆီယံကိုယ်စားပြုမဟုတ်ဘဲ တနိုင်ငံချင်း အလွတ်သဘော ဆက်ဆံနိုင်တယ်ဆိုတဲ့ မလေးရှားဝန်ကြီးချုပ်ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်းကို အာဆီယံပါလီမန် အမတ်များအဖွဲ့ APHR ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Mercy Barendsက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဇူလိုင် ၃၀ ရက်နေ့က အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၆ ယောက်အထိ ရှိသွားပြီလို့ ပါကစ္စတန် အစိုးရတာဝန်ရှိသူတွေက ဗွီအိုအေကို အတည်ပြု ပြောပါတယ်။
အလားတူဘဲ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေအားလုံးကို ခြွင်းချက်မရှိ ချက်ခြင်း ပြန်လွတ်ပေးဖို့ NUG တရားရေးဝန်ကြီးဌာနက ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ တိုက်ခတ်သွားတဲ့ ဒေါ့ဆူရီတိုင်ဖုန်းမုန်တိုင်းကြောင့် လူပေါင်းများစွာ ရေဘေးသင့်ခဲ့ရပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းနေခဲ့ ကြရပါတယ်။ နှစ်ပေါင်းများစွာအတွင်း တရုတ်နိုင်ငံကို ဝင်ရောက်တဲ့ မုန်တိုင်းတွေထဲမှာ အပြင်းထန်ဆုံးဖြစ်ပါတယ်။
နေပြည်တော် အကျင်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို ပြစ်ဒဏ်တချို့ကနေ ဒီကနေ့ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီ ကြေညာပါတယ်။
ယူကရိန်းနိုင်ငံထွက်ကောက်ပဲသီးနှံတွေ ပြည်ပတင်ပို့ဖို့ ခရိုအေးရှားဆိပ်ကမ်းတွေအသုံးပြုခွင့်ကို ယူကရိန်းနဲ့ခရိုအေးရှား နှစ်နိုင်ငံကြား သဘောတူထားတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က တနင်္လာနေ့မှာ ပြောပါတယ်။
“ ကျနော်တို့အနေနဲ့ကတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရပ်တည်ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံကို ဖြစ်နိုင်သမျှ မြန်မြန် ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေးပြန်သွားဖို့ လိုလားပါတယ်။” (ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရသူ Farhan Haq)
နောက်ထပ်ကြည့်ရှုရန်