မောင်းသူမဲ့ယာဉ်တွေကို ရုရှား-ယူကရိန်းစစ်ပွဲမှာ စစ်ရေးအရ ပြောင်းလဲအသုံးပြုလာမှာကို စိုးရိမ်တဲ့အတွက် တရုတ်နိုင်ငံက ခရီးရှည်သွားနိုင်တဲ့ အရပ်ဖက်သုံး မောင်းသူမဲ့ ဒရုန်းလေယာဉ်ငယ်တွ ပြည်ပတင်ပို့မှုအပေါ် ကန့်သတ်ချက်တွေ ချမှတ်လိုက်ကြောင်း ပြောပါတယ်။
အာဆီယံအသင်းဝင် နိုင်ငံတွေရဲ့ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို လာမယ့် သြဂုတ်လနဲ့ စက်တင်ဘာလထဲ ကျင်းပဖို့ စီစဉ်နေချိန်မှာ အာဆီယံလွှတ်တော်အမတ်တွေရဲ့ ဝေဖန်မှု ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
အုပ်စု C မှာ ထိပ်ဆုံးနေရာရသွားတဲ့ ဂျပန်အသင်းဟာ အုပ်စု A မှာ ဒုတိယနေရာ ရထားတဲ့ နော်ဝေအသင်းနဲ့ စနေနေ့မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး စပိန်အသင်းကတော့ အုပ်စု A မှာ ထိပ်ဆုံးနေရာရထားတဲ့ ဆွစ်ဇာလန်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေး အရေးပေါ်ကာလ သတ်မှတ်ပြီး သက်တမ်းတိုး အုပ်ချုပ်လာနေတဲ့ မြန်မာ စစ်ကောင်စီဟာ ဒီကနေ့ ကာလုံအစည်းအဝေး ခေါ်ယူပြီး အရေးပေါ်ကာလ နောက်ထပ် ၆ လ သက်တမ်း တိုးလိုက်ပါတယ်။
ကိုရမ်ကျမ်းစာမီးရှို့ဖျက်ဆီးမှုနဲ့ပတ်သက်တဲ့ကန့်ကွက်ဆန္ဒပြမှုတွေကိုရပ်တန့်ဖို့ ဥပဒေနဲ့အညီ နည်းလမ်းရှာဖွေသွားမယ်လို့ ဒိန်းမတ်အစိုးရက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
တနင်္ဂနွေနေ့ကလုပ်တဲ့ ပါကစ္စတန်အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်က နိုင်ငံရေးစုဝေးပွဲတခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတခုကြောင့် လူ ၄၀ ထက်မနည်းသေဆုံးပြီး လူ ၁၃၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ယူကရိန်းကရုရှားစစ်ပွဲကို အဆုံးသတ်စေဖို့နည်းလမ်းရှာတဲ့အနေနဲ့ ယူကရိန်းကစီစဉ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတရပ်ကို ဆော်ဒီအာရေဗီးယားမှာ လာမယ့် ဩဂုတ်လ ၅ ရက်နဲ့ ၆ ရက်တွေမှာ ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။
တိုင်ဝမ်ကို ဒေါ်လာ ၃၄၅ သန်းဖိုးစစ်ရေးအကူအညီပေးဖို့ ကြေညာလိုက်တဲ့အတွက် အမေရိကန်ဟာ တိုင်ဝမ်ကို လက်နက်သိုလှောင်ရုံအဖြစ် ပြောင်းလဲနေတယ်လို့ တရုတ်က စွပ်စွဲလိုက်ပါတယ်။
ဒိန်းမတ်နိုင်ငံမှာ ကိုရမ်ကျမ်း မီးရှို့ဆန္ဒပြနေတာတွေကို အလျင်အမြန် တားဆီးပေးဖို့ တူရကီနိုင်ငံခြားရေးဝန်ကြီး Hakan Fidan က ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Lokke Rasumussen ကို စနေနေ့တုန်းက တယ်လီဖုန်းနဲ့ ဆက်သွယ်တောင်းဆို တိုက်တွန်းခဲ့တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုကနေ ယူကရိန်းကို ကလော်စတာဆင့်ကွဲဗုံး Cluster bomb လက်နက်တွေပေးပြီးနောက်၊ ဒီဗုံးတွေရဲ့အန္တရယ်ဟာ အသုံးပြုပြီးနှစ်ပေါင်းများစွာအထိရှိနေနိုင်တဲ့အတွက်အသုံးမပြုသင့်ဘူးလို့လာအိုနဲ့ ကမ္ဘောဒီး ယားနိုင်ငံတွေကသတိပေးပြောဆိုခဲ့ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi ဟာ သီရိလင်္ကာနိုင်ငံကိုရောက်ရှိနေပြီး၊ သီရိလင်္ကာနိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာအတွင်း မဟာဗျူဟာကျတဲ့ နေရာမှာရှိတဲ့အတွက် ဂျပန်ဦးဆောင်တဲ့ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အတွင်း သီရိလင်္ကာကို အဓိကျတဲ့ မဟာမိတ်အဖြစ် လက်တွဲသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံကနေ တရားမဝင် လာရောက်သူအားလုံးကို လက်ဗွေယူဖို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း စနေနေ့မှာ စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း မဏိပူအစိုးရက သတင်းထုတ်ပြန်ပါတယ်။ လက်ဗွေနဲ့ ဇီဝအချက်အလက်ကောက်ယူမှုကို မဏိပူမှာ ၂၀၂၃ စက်တင်ဘာလ အပြီးလုပ်ဆောင်ဖို့ ဗဟိုအစိုးရက ညွှန်ကြားထားတာပါ။
မြန်မာနိုင်ငံမှာ ဒီနှစ်သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနဲ့သေဆုံးမှုဟာ အရင်နှစ်ကထက်စာရင် သိသိသာသာ လျော့ကျ သွားခဲ့တယ်လို့မြန်မာကျန်းမာရေးဝန်ကြီးဌာနကပြောကြောင်း ဇင်ဝှာသတင်းမှာဖေါ်ပြထားပါတယ်။
မြန်မာနဲ့ ထိုင်းနိုင်ငံတွေက အိုင်တီ နည်းပညာ ကဏ္ဍတွေမှာ အလုပ် ရရှိမယ် ဆိုပြီး လိမ်လည်လှည့်ဖြား သွေးဆောင် ခေါ်ယူတာတွေကို အလုပ်ရှာသူတွေအနေနဲ့ အယုံမလွယ်ကြဖို့ နီပေါ နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့က သတိပေးလိုက်ပါတယ်။
ကမ္ဘာ့စက်မှုထိပ်သီး G20 နိုင်ငံတွေကြား အန္တရာယ်ရှိတဲ့ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချနိုင်ရေးဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ မချမှတ်နိုင်ပဲ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိုင်တွယ်ဖြေရှင်းဖို့ လက်ရှိဆောင်ရွက်ချက်တွေဟာ လုံလောက်မှုမရှိဘူးလို့ ပြင်သစ်နိုင်ငံက ဂေဟဗေဒဆိုင်ရာဝန်ကြီး Christophe Bechu က ပြောပါတယ်။
စုံစမ်းစစ်ဆေးရေးမှူးတွေ ကြည့်လို့မရအောင် လုံခြုံရေးကင်မရာထဲက ပုံတွေကို ဖျက်ပစ်ဖို့ ကြိုးစားခဲ့လို့ သမ္မတဟောင်း Trump အပြင် သူ့ရဲ့ အမှုထမ်းတယောက်ကို တရားစွဲလိုက်တာဖြစ်ပါတယ်။
စင်ကာပူမှာ မူးယစ်ဆေးမှုနဲ့ ပတ်သက်တဲ့ အမှုတွေအပေါ် သေဒဏ်ပေးတာကို အဆုံးသတ်ဖို့ လှုပ်ရှားသူတွေ တောင်းဆိုနေကြတဲ့ကြားက အသက် ၄၅ နှစ်အရွယ် အမျိုးသမီး Saridewi Djamani ကို ကွပ်မျက်ခဲ့တာဖြစ်ပါတယ်။
Zara၊ Zara Home၊ Pull&Bear အပါအဝင် ဥရောပ နာမည်ကျော် ဖက်ရှင်အမှတ်တံဆိပ် ၇ ခုကို ပိုင်ဆိုင်တဲ့ Inditex လုပ်ငန်းကြီးက သူတို့လုပ်ငန်းတွေအတွက် အဝတ်အထည်တွေ မြန်မာနိုင်ငံကနေ အော်ဒါမှာယူနေတာတွေ ရပ်ဆိုင်းဖို့ လုပ်ဆောင်နေပြီလို့ ပြောကြားလိုက်ပါတယ်။
နှစ်ဘက် စစ်ရေးတင်းမာနေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာအနီးမှာ မနေ့ ကြာသပတေးနေ့က စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အကြား တနေကုန်နီးပါး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ညပိုင်းမှာတော့ နမ့်ဆန်ယန်အနီးမှာ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဥ်းထောင်ကနေ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ လိုက်တယ်ဆိုတဲ့ သတင်း သူ ကြားသိမထားတဲ့အကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်