တိုင်းရင်း သတင်းလွှာ FEVR (၁) ကရင်နီ ကယားဒေသမှာ စစ်ကောင်စီက ခုတလော ထိုးစစ်ဆင်နေတာ။ (၂) ကရင်ပြည်နယ်ထဲမှာလည်း တိုက်ပွဲ ဆက်လက်ပြင်းထန်နေတာနဲ့ (၃) ရှမ်းမြောက်ဒေသထဲ TNLA တပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေကြတဲ့ အကြေကာင်းတွေကို FEVR ဝိုင်းတော်သားတွေက တင်ဆက်ထားပါတယ်။
ယူကရိန်းရဲ့ ပင်လယ်နက်ဒေသကိုဖြတ်ပြီး ကောက်နှံတင်ပို့မှုကို ရုရှားကလက်မခံတဲ့အတွက် ကမ္ဘာတလွှား စားနပ်ရိက္ခာ ပြဿနာပေါ်လာမှာကို ဟန့်တားတဲ့အနေနဲ့ လိုအပ်တဲ့နိုင်ငံတွေကို ရုရှားက ကောက်နှံတွေရောင်းချတာ ဒါမှမဟုတ် အလကားပေးမှာဖြစ်ကြောင်း ရုရှားသမ္မတ Vladimir Putin က အာဖရိက ခေါင်းဆောင်တွေကို ပြောပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ရာသီဥတု အကျပ်အတည်းကို “အဆိုးရွားဆုံး” အခြေအနေကနေ ရပ်တန့်ဖို့ အချိန်မနှောင်းသေးကြောင်း ကြာသပတေးနေ့က ဆိုခဲ့ပြီး “အလျင်အမြန် အရှိန်အဟုန်မြှင့် ချက်ချင်း” လုပ်ဆောင်ဖို့ လိုကြောင်း ပြောပါတယ်။
အွန်လိုင်းကတဆင့် လိမ်လည်လှည့်ဖြားနေတဲ့ မြဝတီမြို့က Cyber 'ဆိုင်ဘာ' ရာဇဝတ်မှုလုပ်ငန်းတွေမှာ ခိုင်းစေခံနေရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂၆ ဦးကို မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးက ဇူလိုင် ၂၅ ရက်မှာ ကယ်တင်ခဲ့ကြောင်း Antara အင်ဒိုနီးရှား သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံအရှေ့ပိုင်း မြန်မာနဲ့နယ်စပ်ချင်းကပ်နေတဲ့ မဏိပူပြည်နယ်ထဲမှာ ကသည်းလူမျိုးတွေနဲ့ ကူကီးတွေကြားဖြစ်ပွားတဲ့ အဓိကရုဏ်းကြောင့် မတည်မငြိမ်ဖြစ်နေချိန်မှာပဲ မြန်မာဘက်ကနေ အိန္ဒိယထဲဝင်လာသူတိုင်းကို အစိုးရက ဇီဝအချက်လက်မှတ်တမ်းတွေ ကောက်ယူဖို့လုပ်နေတယ်လို့ ကြာသပတေးနေ့ အိန္ဒိယသတင်းတွေမှာ ဖေါပြနေပါတယ်။
ပြည်ပရောက် ထင်ရှားတဲ့ တရုတ်အတိုက်အခံတဦးဖြစ်သူ Gao Zhi ရဲ့ ဇနီးနဲ့ သမီးတို့ကို ထိုင်းနိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေးစွဲချက်နဲ့ ထိန်းသိမ်းထားပါတယ်။ သူတို့ရဲ့ နာမည်တွေသုံးပြီး လေဆိပ်၊ ဇိမ်ခံဟိုတယ်နဲ့ ဘန်ကောက် တရုတ်သံရုံးတို့ကို ဗုံးခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှုထွက်ပေါ်ခဲ့ပြီး ခုလိုထိန်းသိမ်းခံထားရတာပါ။
ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံတွေဘက်ကို တိုက်ခတ်နေတဲ့ အင်အားပြင်း Doksuri မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူတွေသေဆုံးပြီး ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်နေကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကကျွန်းစုတွေကို ဗုဒ္ဓဟူးနေ့က ဒုတ်ဆူရီ Doksuri တိုင်ဖုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အတွက် အနည်းဆုံးလူ ၆ ဦးသေဆုံးပြီး၊ လူ ၁ သောင်း ၆ ထောင်လောက်အိုးအိမ်စွန့်ခွါပြောင်းရွှေ့ခဲ့ရပါတယ်။
တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံ အဖွဲ့အစည်းဖြစ်တဲ့ ဗဟိုဘဏ်က ထုတ်ဝေမယ့် ငွေစက္ကူသစ်ဟာ တရားဝင်မှု အလျဥ်းမရှိဘူးလို့ NUG ကြားကာလဗဟိုဘဏ်က ထုတ်ပြန် ပြောဆိုလိုက်တာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က မတရား အာဏာသိမ်းယူခဲ့တဲ့အပေါ် အပြင်းအထန် ဝေဖန်ခဲ့တဲ့ မလေးရှားနိုင်ငံဟာ လူ့အခွင့်အရေးထိပါးနှောက်ယှက်တာမျိုးမဟုတ်တဲ့ စစ်ကောင်စီနဲ့ ဖြစ်နိုင်ခြေရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်ဆောင်ဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကို ဒီနေ့ပဲတိုက်တွန်းလိုက်ပါတယ်။
ပြည်ပမှာနေထိုင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ဟာ သြဂုတ် ၁၀ ရက်မှာ နိုင်ငံတွင်းကို ပြန်လာဖို့ စီစဉ်နေတယ်လို့ သူ့ရဲ့သမီးဖြစ်သူက ဒီနေ့ပဲ ပြောပါတယ်။
ဂရိလေတပ်က မီးသတ်လေယာဉ်တစင်း အင်္ဂါနေ့က ပျက်ကျခဲ့တဲ့ ရုပ်သံကို ဂရိအစိုးရ ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့တာပါ။
နေပြည်တော်အကျဥ်းထောင်မှာနှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်တွင်းကနေတခြား နေရာတခုကိုပြောင်းရွှေ့ လိုက်တယ်လို့နီးစပ်တဲ့ သတင်းရင်းမြစ်တချို့ကပြောပါတယ်။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့ အချိန်ကစလို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ဖိုး စစ်လက်နက်နဲ့ ဆက်စပ် ကုန်ကြမ်းပစ္စည်းတွေကို ရုရှားနဲ့ တရုတ် အပါအဝင် နိုင်ငံတချို့ ဆီကနေ တင်သွင်းခဲ့တယ်လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ပြောပါတယ်။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့ အချိန်ကစလို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ဖိုး စစ်လက်နက်နဲ့ ဆက်စပ် ကုန်ကြမ်းပစ္စည်းတွေကို ရုရှားနဲ့ တရုတ် အပါအဝင် နိုင်ငံတချို့ ဆီကနေ တင်သွင်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က သိပ်မကြာခင်ကပဲ ထောက်ပြခဲ့ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး သန်းထောင်ကြွယ်သူဌေး Elon Musk ဟာ သူပိုင် လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ တွစ်တာ Twitter ရဲ့ အမှတ်တံဆိပ်ကို အပြာရောင် ငှက်ကလေးပုံစံကနေ အဖြူရောင် ကြက်ခြေခတ်ပုံစံ “X” အမှတ်အသား တံဆိပ်ကို တနင်္ဂနွေနေ့ ဇူလိုင် ၂၃ ရက်နေ့ ညပိုင်းက ပြောင်းလိုက်ပါတယ်။
တနင်္ဂနွေနေ့က ကျင်းပတဲ့ စပိန်နိုင်ငံ ရွေးကောက်ပွဲမှာ လက်ဝဲ လက်ယာ ပါတီတွေ နှစ်ဘက်လုံး ဘယ်ပါတီမှ အပြတ်အသတ် အနိုင်ရ အစိုးရဖွဲ့နိုင်တဲ့ အခြေအနေ မရှိတာကြောင့် နိုင်ငံရေးအရ ရှေ့တိုးမရတဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ အကျပ်အတည်းတွေ ရင်ဆိုင်ရနိုင်ပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း စစ်အာဏာရှင်ရဲ့ ဖိနှိပ် သတ်ဖြတ်မှုတွေ၊ သူတို့ ဆက်လက် ကျူးလွန်နေတဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေကြောင့် အသက် ဆုံးရှူံးခဲ့ကြရတဲ့ လူပေါင်း ၃,၈၀၀ ကျော်အတွက် မြန်မာပြည်သူတွေနဲ့အတူ ပူဆွေး သောကရောက်ရတဲ့အကြောင်း ဒီကနေ့ အမေရိကန်သံရုံး ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံ Cox’s Bazar ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ခေါင်းဆောင် Hafez Nur Mohammad ကိုသောကြာနေ့မှာ ဖမ်းဆီးရမိကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က စနေနေ့မှာ ကြေညာပါတယ်။
ပြီးခဲ့တဲ့ရက်က အိန္ဒယနိုင်ငံ Maharashtra မဟာရာရှတြာပြည်နယ်အတွင်း မိုးကြီးမြေပြိုဖြစ်ခဲ့တဲ့အတွက် သေဆုံးဦးရေ ဟာ စနေနေ့အထိ ၂၆ ဦးရှိသွားပြီလို့ ကယ်ဆယ်ရေးတာဝန်ရှိသူတွေကထုတ်ပြန်ပြောဆိုပါတယ်။ ဒါ့အပြင် ဒါဇင်နဲ့ချီတဲ့ သူတွေရွှံနွံတွေအောက်ပိနေနိုင်သေးတယ်လို့လည်းပြောဆိုထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်