မြောက်ကိုရီးယားက ပဲ့ထိန်းခရုမစ်ဇိုင်းဒုန်းကျည်အများအပြားကို စနေနေ့မနက်က ကိုရီးယားကျွန်းဆွယ်ရဲ့ အနောက် ဘက်ပင်လယ်ပြင်ထဲကိုပစ်ခတ်ခဲ့ပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ တူရကီသမ္မတ Recep T Erdoğan နဲ့ တယ်လီဖုန်း ဆက်သွယ်ပြီး ပင်လယ်နက်ဒေသတွင်း ကောက်နှံတင်ပို့မှုအစီစဉ် ပြန်လည် စတင်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ ကောက်နှံတင်ပို့တာ ပိတ်ဆို့မှု ဖယ်ရှားပစ်ရေးဟာ ဦးစားပေးအလုပ်ဖြစ်ကြောင်း Zelenskyy ကပြောပါတယ်။
၂၀၂၃ ခုနှစ်ဟာ ကိုရီးယားကျွန်းဆွယ်မှာ တောင်နဲ့မြောက် ကိုးရီးယားနှစ်နိုင်ငံကြား အာကာသ စူးစမ်းလေ့လာရေး ကဏ္ဍမှာ အပြိုင်အဆိုင်ဖြစ်ခဲ့တဲ့ ထူးခြားတဲ့နှစ်အဖြစ် လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ကမ္ဘာတလွှား ရွှေ့ပြောင်းနေထိုင်သူဦးရေ တိုးလာတာကြောင့် သွေးလွန်တုတ်ကွေး ပျံ့နှံ့ဖြစ်ပွါးမှု တိုးလာနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အပူပိုင်းဒေသဖြစ်ပွါးတတ်တဲ့ ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲ Raman Velayudhan က သောကြာနေ့ ဂျနီဗာရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်အပေါ် စွဲဆိုထားတဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းတွေကို မှန်မှန်ကန်ကန် မထိန်းသိမ်းမှု စွဲချက်အမှုတွေရဲ့ တရားခွင်ကို လာမယ့်နှစ် မေလ ၂၀ ရက်နေ့မှာ စတင်မှာကြောင်း ဖလော်ရီဒါပြည်နယ် Fort Pierce ခရိုင်တရားသူကြီး Aileen က သောကြာနေ့မှာ အမိန့်ချလိုက်ပါတယ်။
ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးဗိုလ်လုပွဲတွေ ကျင်းပနေကြတဲ့ New Zealand နိုင်ငံမှာ ဒီနေ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ အုပ်စု A အုပ်စု C နဲ့ အုပ်စု E အသင်းတွေ ကစားကြပါတယ်။ ဖိလစ်ပိုင်နဲ့ Switzerland အသင်းတို့ကစားခဲ့ကြတာမှာ Switzerland အသင်းက ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့လမ်းမပေါ်မှာ ထူးခြားတဲ့ပေါက်ကွဲမှုတခု ဇူလိုင် ၁၉ ရက်နေ့က ဖြစ်ခဲ့တာပါ။ လမ်းအောက်ခြေကပေါက်ကွဲမှုကြောင့် ကားတွေပါမြောက်တက်သွားတာကို စီစီတီဗွီမှတ်တမ်းမှာတွေ့ရပြီး လမ်းလည်း အက်ကွဲပျက်စီးသွားပါတယ်။
တိုင်းရင်းသတင်းလွှာ (၁) ရခိုင်မှာ AA ရခိုင့်တပ်တော်နဲ့ ရိုဟင်ဂျာ ARSA တပ်တို့ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်တာ။ (၂) ရှမ်းမြောက် တိုက်ပွဲအတွင်း ကလေးငယ်သေးဆုံးခဲ့ရ။ (၃) ချင်းပြည်နယ်နဲ့ မကွေးတိုင်းဘက်က စစ်ဘေးရှောင် ဒုက္ခသည်အခြေအနေ တင်ပြထားပါတယ်။
မြန်မာဝန်ကြီး ၃ ဦးနဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေအပါအဝင် လူပုဂ္ဂိုလ် ၆ ဦးနဲ့ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းဌာနတို့ကို အီးယူဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒါဟာ သတ္တမအကြိမ်မြောက် အရေးယူတာဖြစ်ပြီး အကြမ်းဖက်မှုတွေ၊ ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေကြောင့်လို့ ဆိုပါတယ်။
ကြီးထွားလာတဲ့ ကားလုပ်ငန်းနဲ့ လေစွမ်းအင် ထုတ်လုပ်မှုကဏ္ဍတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် ၂၀၂၃ ပထမ နှစ်ဝက်ထဲမှာပဲ တရုတ်က သူ့ရဲ့အိမ်နီးချင်း မြန်မာဆီကနေ မြေရှားသတ္တု ဒုတိယအများဆုံး တိုးမြှင့် ဝယ်ယူတင်သွင်းခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာနရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
မြန်မာ့အရေးမှာ အင်ဒိုနီးရှားဦးဆောင်တဲ့ အာဆီယံရဲ့ ချဥ်းကပ်မှု၊ စစ်ကောင်စီနဲ့ ပိုပြီး ထိတွေ့ဖို့ကြိုးစားနေတဲ့ ထိုင်းနိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှုတွေနဲ့အတူ ရှုပ်ထွေးတဲ့ အခြေအနေမှာရှိနေကြောင်း မဟာဗျူဟာ နိုင်ငံတကာလေ့လာရေး CSISရဲ့ အရှေ့တောင်အာရှ တွဲဖက် သုတေသီ Andreyka Natalegawa က ပြောဆိုလိုက်ပါတယ်။
Artificial Intelligence (AI) လို့ ခေါ်ကြတဲ့ ဉာဏ်ရည်တု နည်းပညာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီသီတင်းပတ်ထဲ ဆွေးနွေးခဲ့ကြရာမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က “AI ဟာ လူသားတွေရဲ့ ဘဝနယ်ပယ်တိုင်းမှာ အကျိုးသက်ရောက်မှု ရှိလာမယ်” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း ရေဦးမြို့ တိုင်းရင်းဆေးရုံနဲ့ မြို့အထွက် ကြာပန်းအဝိုင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ခင်ဦးမြို့နယ်ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အခု သီတင်းတပတ်အတွင်း ကလေးငယ်တွေ အပါအဝင် ဒေသခံ ၆ ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ခင်ဦးမြို့နယ်ထဲ မကြာခဏ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာပါ။
UNHCR ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီမှာ ငွေကြေးမလုံလောက်တဲ့အတွက် ရိက္ခာထောက်ပံ့မှုတွေကို ၃ လအတွင်း ဒုတိယအကြိမ် လျှော့ချခဲ့ရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရ Stéphane Dujarric က ဗုဒ္ဓဟူးနေ့က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ဗြိတိန်က ပေးအပ်နေတဲ့ အကူအညီတွေ ၇၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ကြောင်း နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေကို ကိုးကားပြီး ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) က ဒီကနေ့ပဲ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ လူထုထောက်ခံမဲ အများစု အနိုင်ရထားတဲ့ Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက လွှတ်တော်အမတ် အဖြစ်က ယာယီ ဆိုင်းငံ့လိုက်ပါတယ်။
Sushidelic ဆူရှီဒလစ်ဆိုတဲ့ ဆူရှီဆိုင်ကို နီယွန်ပန်းရောင်နဲ့ ဒီဇိုင်းဆင်ထားပြီး ဂျပန်ရဲ့ စကားလုံး ချစ်စရာကောင်းလိုက်တာလေးတွေဆိုတဲ့ ကဝါ့အိ kawaii စတိုင်နဲ့ ဖွင့်ထားတဲ့ ဆိုင်မို့ ထူးခြားပါတယ်။
အာဇာနည်ပုဂ္ဂိုလ်ကြီးတွေ ချန်ရစ်ခဲ့တဲ့ အမွေအနှစ်တွေကနေ မျိုးဆက်သစ်တွေရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုတွေ အတွက် ခွန်အားအဖြစ် ဆက်လက် တည်တံ့နိုင်ဖို့လည်း ဆုမွန်ကောင်းတောင်းတဲ့အကြောင်း ဒီကနေ့ အမေရိကန်သံရုံးက Facebook စာမျက်နှာပေါ်မှာ ရေးသားထားတာပါ။
နောက်ထပ်ကြည့်ရှုရန်