မလေးရှားနိုင်ငံမှာ အတင်းအကျပ် ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းတွေ ထွက်နေတဲ့ မြန်မာ့အရေးလှုပ်ရှားသူ မသူဇာမောင်နဲ့ မိသားစု ပျောက်ဆုံးမှုနဲ့လို့ စုံစမ်းစစ်ဆေးနေကြောင်း မလေးရှားရဲတပ်ဖွဲ့က ဒီနေ့ပဲ ပြောလိုက်ပါတယ်။
စကားပြောစက်လက်ဝယ်ထားရှိမှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေ ချိုးဖေါက်မှု အပါအဝင် ဥပဒေချိုးဖေါက်မှုနဲ့ စွဲချက်တင်ထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ချက် ပြန်လည်လျှောက်ထားတာကို ဒီနေ့ နေပြည်တော် အထူးတရားရုံးမှာ ကြားနာတဲ့အကြောင်း အမှုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စကော့တလန် ကမ်းခြေတခုမှာ ဝေလငါး အကောင် ၅၀ ကျော် တနင်္ဂနွေနေ့က ကမ်းတင်သေဆုံးနေတာပါ။ ကယ်ဆယ်ရေးသမားတွေက အသက်ကယ်ဖို့ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။
မြန်မာနိုင်ငံအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို လိုအပ်တဲ့သူတွေဆီ ပေးအပ်နိုင်ဖို့၊ အထူးသဖြင့် အာဏာရှင်အဖွဲ့အစည်းရဲ့ အကြမ်းဖက်မှုရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေအတွက် အာဆီယံအပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာမိတ်ဖက်တွေနဲ့လည်း ချိတ်ဆက် ဆောင်ရွက်နေတဲ့အကြောင်း Susan Stevenson က ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံနဲ့ အီရန်နိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာ ပါဝင်ကူညီခဲ့တဲ့ ပြင်သစ်နိုင်ငံက ဗြိတိန်ဖွား နာမည်ကြီး အဆိုတော်လည်းဖြစ် ထင်ရှားတဲ့ ရုပ်ရှင် သရုပ်ဆောင်လည်းဖြစ်တဲ့ Jane Birkin ဟာ ပါရီမြို့မှာ မနေ့က ကွယ်လွန်သွားပါတယ်။
ပင်လယ်နက်ကိုဖြတ်ပြီး နိုင်ငံတကာကို ကောက်ပဲသီးနှံတင်ပို့ခွင့် သဘောတူညီချက်ဟာ လာမယ့် တနင်္လာနေ့မှာ ကုန်ဆုံးတော့မှာဖြစ်ပေမယ့် စနေနေ့အထိ ရုရှားသမ္မတ ဗာလာဒီမာပူတင်ထံကနေ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေး
ဗြိတိန်နိုင်ငံမှာ ကျင်းပနေတဲ့ ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတဦးချင်း ပြိုင်ပွဲမှာတော့ ချက်နိုင်ငံက Vondrousova က အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။
အမေရိကန်မှာ လောလောဆယ်ကျင့်သုံးနေတဲ့ ဒီမိုကရေစီဟာ ထိရောက်မှုမရှိလှဘူးလို့ အမေရိကန်ပြည်သူလူထု ၄၉% က ယူဆကြောင်း AP သတင်းဌာနက ဇွန်လ ၂၂ ရက်ကနေ ၂၆ ရက်နေ့ထိ ပြုလုပ်တဲ့ သဘောထားစစ်တမ်းတခုက ပြသလိုက်ပါတယ်။ ၁၀% က ဒီမိုကရေစီဟာ ကောင်းမွန်စွာ အလုပ်ဖြစ်နေတယ်ယူဆပြီး၊ ၄၀% ကတော့ တဝက်တပျက် အလုပ်ဖြစ်တယ်လို့ ဆိုကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၅၆)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်ပါ မြန်မာ့အရေး ဖော်ပြချက်အချို့က “အာဆီယံပဋိညာဉ်နဲ့ မကိုက်ညီဘူးဆိုပြီး ကန့်ကွက်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၄ ရက် ရက်စွဲနဲ့ စာထုတ်ပြန်ပါတယ်။
လကမ္ဘာရဲ့ အရင်က မစူးစမ်းရသေးတဲ့နေရာမှာ ဆင်းသက်မယ့် အာကာသယာဉ်ငယ်ကို တင်ဆောင်သွားတဲ့ ဂြိုလ်တုတစင်းကို အိန္ဒိယနိုင်ငံ အာကာသအေဂျင်စီက သောကြာနေ့က လွှတ်တင်လိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေအားလုံး ချက်ခြင်းရပ်တန့်ပြီး မြန်မာပြည်သူတိုင်းအတွက် လူအခွင့်အရေး ကာကွယ်မှုပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တောင်းဆိုပါတယ်။ ရိုဟင်ဂျာမွတ်ဆလင်နဲ့ လူနည်းစုတွေရဲ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးကောင်စီက တညီတည်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အဆုံးသတ်ရေး မြန်မာစစ်ကောင်စီကို ဖိအားဆက်ပေးနိုင်ဖို့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ တူညီတဲ့သဘောထားရခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။ အာဆီယံ ဘုံသဘောထားကို စစ်ကောင်စီ အကောင်အထည်ဖေါ်လာရေး အားထုတ်မှုကိုထောက်ခံသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်သွားအောင်နဲ့ ဒီမိုကရေစီအစိုးရ ပြန်လည် ပေါ်ပေါက်အောင် စစ်အာဏာပိုင်တွေကို ဖိအားပေးရမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကဒီနေ့ပြောကြားလိုက်ပါတယ်။
လကမ္ဘာပေါ်ဆင်းသက်မယ့် Chandrayaan-3 မစ်ရှင်နဲ့ နိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ်အာကာသစခန်းကနေလွှတ်တင်လိုက်တဲ့ အာကာသယာဉ်ငယ်ဟာ လကမ္ဘာရဲ့တောင်ဘက်စွန်းပေါ်ကို ဩဂုတ်လ ၂၃ ရက်မှာ ဆင်းသက်ဖို့ စီစဉ်ထားပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေ ထိခိုက် သေကြေနေရတဲ့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတဲ့အပေါ် ပြင်းပြင်းထန်ထန် ထပ်မံ ရှုတ်ချကြောင်း နဲ့ ဒီအကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ တိုက်တွန်းကြောင်း အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲ ကြေညာချက် ထုတ်ပြန်ပါတယ်။
ကာကွယ်ရေးနဲ့ ကုသရေးတွေမှာ ရင်းနှီးမြှုပ်နှံပြီး ခွဲခြားဆက်ဆံမှုမရှိတဲ့ ဥပဒေတွေကို ချမှတ်နိုင်ခဲ့ရင် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ၂၀၃၀ ခုနှစ်ကျရင် ခုခံအားကျဆင်းမှု AIDS ရောဂါကို အဆုံးသတ်နိုင်မယ်လို့ ကုလသမဂ္ဂက ကြာသပတေးနေ့မှာ ပြောပါတယ်။
နိုင်ငံကြီး နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုလွယ်ကူအောင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ် ဗဟိုနိုင်ငံခြားရေးရာကော်မရှင် ညွှန်ကြားရေးမှူးတို့ ကြာသပတေးနေ့က ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို နေရပ်ပြန်ဖို့ အခြေအနေတွေ မလုံခြုံဘူးလို့ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ အမေရိကန်ထိပ်တန်း လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ကြာသပတေးနေ့မှာပြောပြီး ရိုဟင်ဂျာတွေအတွက် အကူအညီတွေလည်း ထပ်မံ ပေးလိုက်ပါတယ်။
မြန်မာ့အကျပ်အတည်းကိုဖြေရှင်းရာမှာ အာဆီယံဗဟိုထားဖြေရှင်းရေးကို ထောက်ခံကြောင်း ဂျာကာတာမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ထပ်မံ ပြောကြားလိုက်ပါတယ်။ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတရပ်ကို စဖို့ စစ်ကောင်စီက ငြင်းဆိုနေတဲ့အတွက် အာဆီယံတွင်း စိတ်မရှည်ဖြစ်နေတာပါ။
အင်ဒိုနီးရှားနိုင်မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်မိတ်ဖက်နိုင်ငံများရဲ့ ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာ့အကျပ်အတည်းကို ရည်ညွှန်းတဲ့ ကြေညာချက်တစောင်ကို အားလုံးသဘောတူ ထုတ်ပြန်နိုင်ဖို့ မျှော်လင့်ခဲ့ကြပေမယ့် ကြာသပတေးနေ့ နှောင်းပိုင်းအထိ ထုတ်ပြန်ချက် ထွက်မလာပါဘူး။
နောက်ထပ်ကြည့်ရှုရန်