မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြေရှင်းရေး အထောက်အကူဖြစ်စေဖို့ အာဆီယံ ဘုံသဘောထား ၅ ချက် ချမှတ်ခဲ့တာ ၁ နှစ်ခွဲ ၂ နှစ်နီးပါး ကြာခဲ့ပါပြီ။ ဒါပေမဲ့ အဲဒီအထဲ တချက်မှ အကောင်အထည်ဖော်နိုင်တာ မရှိသေးပါဘူး။ ဒါဟာ အာဆီယံရဲ့ "ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ဘူး"ဆိုတဲ့ မူဝါဒ အလုပ်ဖြစ်သေးရဲ့လားဆိုတာ မေးခွန်းဖြစ်လာပါတယ်။
“နှစ်ယောက်ချင်းတွေ့ဆုံတာဖြစ်ပါတယ်။ တွေ့ဆုံချိန်က ၁နာရီခွဲနီးပါးကြာမြင့်ပါတယ်။လွတ်လွတ်တွေ့ဆုံတာဖြစ်တယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့လည်း သူလွတ်လွတ်လပ်လပ် ဆွေးနွေးချင်တာဆွေးနွေးခဲ့ပါတယ်။ နှစ်ယောက်ချင်းလွတ်လွတ်လပ်လပ်တွေ့တာမို့ဆွေးနွေးချက်အ သေးစိတ်ကို မသိရပါဘူး။ “
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအများစု အနိုင်ရထားတဲ့ Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat ကတော့ ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ ထိပ်ဆုံးက ခန့်မှန်းခံထားရပါတယ်။ ဒါပေမဲ့လည်း လွှတ်တော်တွင်း လိုအပ်တဲ့ မဲအရေအတွက် ရပါ့မလား ဆိုတဲ့ တွက်ဆမှုတွေနဲ့ မသေချာ မရေရာမှုတွေကလည်း ရှိနေပါတယ်။
မီးတောင်ပေါက်ကွဲပြီးကျလာတဲ့ ချော်ရည်ပူတွေကို မြင်တွေ့ရတာပါ။ အိုက်စလန်နိုင်ငံ မြို့တော် Reykjavik နဲ့ သိပ်မဝေးတဲ့ Reykjanes ကျွန်းဆွယ်မှာ မီးတောင်ငယ်တခု တနင်္လာနေ့က ပေါက်ကွဲပြီး နောက်ဆက်တွဲငလျင်လည်းလှုပ်ခတ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစု ကျန်းကျန်းမာမာ ရှိနေပြီး ကောင်းမွန်တဲ့ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ခဲ့တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့မှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲ အပြင်ဘန်းမှာ ဝန်ကြီး Pramudwinai က ဒီကနေ့ သတင်းထောက်တွေကို ပြောဆိုသွားတာပါ။
မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောထား ကွဲလွဲမှုတွေ ရှိနေချိန်မှာပဲ၊ အာဆီယံအနေနဲ့ စုစည်း ညီညွတ်မှုရှိဖို့ အရေးကြီးတဲ့အကြောင်း လက်ရှိ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးက Retno Marsudi အလေးအနက်ထား ပြောဆိုလိုက်ပါတယ်။
မေလ ၁၄ ရက် ရွေးကောက်ပွဲမှာ ပရာယွတ်ရဲ့ စစ်တပ်ကျောထောက်နောက်ခံပြု United Thai Nation ပါတီဟာ အမတ်နေရာ ၅၀၀ မှာ ၃၆ နေရာသာ အနိုင်ရရှိခဲ့ပြီးနောက် အခုလို ကြေညာလိမ့်မယ်လို့လည်း အများက ခန့်မှန်းထားတာပါ။
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေ ဒီကနေ့ အင်္ဂါနေ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ စတင်ကျင်းပနေပြီး အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဘက်က နိုင်ငံခြားရေးဝန်ကြီး ပါဝင်တက်ရောက်ခြင်း မရှိပါဘူး။
ဒီမိုကရက်တစ် မြန်မာ့အသံ DVB နဲ့ မဇ္စျိမရုပ်သံ တို့ကို ရုပ်သံထုတ်လွှင့်ခ အကြွေးကျန်တွေ မပေးဘဲ စည်းကမ်းချိုးဖောက်မှုနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။ ပေးဆောင်ရမယ့် ကြွေးကျန်တွေမပေးလို့ လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်သိမ်းခဲ့ရတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ပန်ဒါဝက်ဝံ အမွှာလေးနှစ်ကောင် မွေးဖွားပါတယ်။ ဒါဟာ တောင်ကိုရီးယားနိုင်ငံမှာ ဒုတိယမြောက် ပန်ဒါဝက်ဝံမွေးဖွားခြင်းဖြစ်ပြီးတော့ အခုအမွှာမလေးတို့ရဲ့အမ Fu Bao ကို ၂၀၂၀ မှာ မွေးဖွားခဲ့တာပါ။ မိခင်ကြီး Ai Bao ပါ ကျန်းကျန်းမာမာရှိတယ်လို့ Everland ဥယျာဉ် တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီနေ့ ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးနဲ့ တခြား ဆက်စပ် အစည်းအဝေးတွေမှာ မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ်ပြင် အရေး အပါအဝင် အာဆီယံဒေသတွင်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြဖို့ ရှိနေပါတယ်။
မနက်ဖြန် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဖို့ရှိပြီး မြန်မာ့အရေးအပါအဝင်၊ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုတွေနဲ့ ဒေသတွင်း လက်နက်အပြိုင်ဆိုင် တပ်ဆင်မှုအခြေတွေ ဆွေးနွေးကြမယ့် အဓိကအကြောင်းအရာတွေ ဖြစ်မယ့်အကြောင်း သံတမန်အသိုင်းအဝိုင်းက ပြောဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ခွဲထွက်ရေး ARSA ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ တွေနဲ့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွား နေတဲ့အတွက် အခြေအနေတွေကို အထူးစိုးရိမ်နေကြောင်း ဒုက္ခသည်တွေက ဗွီအိုအေကို ပြောပါတယ်။
စပိန်နိုင်ငံမှာ နှစ်စဉ်ကျင်းပနေကြ နွားရိုင်းသတ်ပွဲ ဇူလိုင် ၇ ရက်နေ ၁၄ ရက်အထိ ကျင်းပနေပါတယ်။ နွားရိုင်းကိုခြံထဲကလွှတ်လိုက်တာနဲ့ လူတွေကရှေ့က ပြေးကြရတာပါ။ နွားရိုင်းသတ်ကွင်းထဲရောက်ဖို့ ၃ မိနစ်ပဲပြေးရပေမယ့် နွားခွေ့လို့၊ တက်နင်းမိလို့နဲ့ နေ့တိုင်း အနည်းဆုံး ၃ ယောက်တော့ ဆေးရုံပို့ရပါတယ်။
ထိုင်းနိုင်ငံမှာ ဇူလိုင်လ ပထမပတ်ထဲ ရွှေတြိဂံဒေသကလာတဲ့ ဘတ်ငွေ သန်းပေါင်း ၅ ထောင်ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၂၂ သန်း အိုက်စ် မူးယစ်ဆေးကီလို ၆၀၀ ကျော်နဲ့အတူ မူးယစ်ဂိုဏ်းဝင် ၁၇ ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဇူလိုင်လ ၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း တရာကျော်မှာ တားမြစ်ထားတဲ့ ဆင့်ကဲပေါက်ကွဲစေတဲ့ ကလက်စတာ အမျိုးအစား ခဲယမ်းတွေ ယူကရိန်းပေးမယ့် အမေရိကန်ဆုံးဖြတ်ချက်အပေါ်မှာ အမေရိကန်မဟာမိတ်တွေရော ရုရှားကပါ စိုးရိမ်မကင်း တုန့်ပြန်ခဲ့ကြပါတယ်။ ကလပ်စတာဗုံး အသုံးပြုမှုတားမြစ်ထားတဲ့ နိုင်ငံတွေထဲမှာတော့ အမေရိကန် မပါဝင်ပါဘူး။
ကရင်နီပြည် မယ်စဲ့မြို့နယ်တဝိုက်မှာ ဇွန်လကစလို့ တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေတာမှာ ဒီကနေ့လည်း တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအတောတွင်း နှစ်ဘက်တိုက်ပွဲ ငြိမ်နေတဲ့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ခီလိုပရာ ကျေးရွာမှာတော့ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခံရလို့ နေအိမ်တလုံး မီးလောင်ပြာကျ သွားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ လာမယ့်သီတင်းပတ် အင်ဒိုနီးရှားခရီးစဉ်အတွင်း အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံရင် မြန်မာ့အရေးကိစ္စဟာ အဓိကဆွေးနွေးဖို့ အကြောင်းရပ်တခုဖြစ်မယ်လို့ နိုင်ငံခြားရေးဌာနတာဝန်ရှိသူက ပြောပါတယ်။
ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းကို ICC အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးက ရှေ့နေတဦးလာရောက်ပြီး နာရီပိုင်းအတွင်းမှာပဲ စခန်းတွင်းပစ်ခတ်မှုတွေဖြစ်ပြီး ရိုဟင်ဂျာဒုက္ခသည် ၆ ဦးသေဆုံးခဲ့တယ်လို့ ရဲက ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံတွင်း တရုတ် ငွေကြေးမတည်တဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေဟာ နိုင်ငံ အတွက် အကောင်းအဆိုး ရောထွေးနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်